bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Judges 5
Judges 5
Burmese (BCL) (Common Language Bible)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 6 →
1
ထိုနေ့၌ဒေဗောရနှင့်အဘိနောင်၏သား ဗာရက်တို့သည် အောက်ပါသီချင်းကိုသီဆို ကြလေသည်။
2
ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။ ပြည်သူတို့ကလည်းစေတနာအလျောက် ဝမ်းမြောက်စွာပါဝင်ဆင်နွှဲကြ၏။ သို့ဖြစ်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
3
အချင်းရှင်ဘုရင်တို့နားထောင်ကြလော့။ အချင်းအာဏာပိုင်တို့သတိမူကြလော့။ ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို၊သီကူးရန်ငါသီချင်းဆို၍ စောင်းကိုတီးမည်။
4
အို ထာဝရဘုရားစိရတောင်ရိုးပေါ်မှာ ကိုယ်တော်ကြွလျက် ဧဒုံပြည်မှစစ်ချီတော်မူသောအခါ၊ မြေငလျင်လှုပ်၍ကောင်းကင်မှမိုးရွာသွန်း ပါ၏။ မိုးတိမ်များမှမိုးရေတို့သည်ကျဆင်းလာ ပါ၏။
5
တောင်ရိုးတို့သည်သိနာတောင်၏အရှင် ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ရှေ့တော်၌တုန်လှုပ်ကြ ပါ၏။
6
အာနတ်၏သားရှံဂါလက်ထက်၌လည်းကောင်း၊ ယေလလက်ထက်၌လည်းကောင်း၊ ခရီးသွားကုန်သည်တို့သည်တိုင်းပြည်ကို ဖြတ်၍မသွားကြတော့ချေ။ ခရီးသည်တို့သည်လမ်းကြိုလမ်းကြားများ တို့ကိုသာ အသုံးပြုကြ၏။
7
ဣသရေလနိုင်ငံရှိမြို့တို့သည်လူသူ ဆိတ်ညံလျက်ရှိ၏။ ငါဒေဗောရသည်ဣသရေလလူမျိုး၏ မိခင်သဖွယ်မပေါ်ထွန်းမီ ထိုမြို့တို့သည်လူသူဆိတ်ညံလျက်ရှိခဲ့၏။
8
ထိုနောက်ဣသရေလအမျိုးသားတို့သည် ဘုရားသစ်များကိုရွေးယူကြသောအခါ၊ တိုင်းပြည်တွင်စစ်ဖြစ်လေ၏။ ဣသရေလနိုင်ငံတွင်လူပေါင်းလေးသောင်း ရှိသည့် အနက်ဒိုင်းလွှားတစ်ခုသို့မဟုတ်၊ လှံတစ်ချောင်းကိုကိုင်ဆောင်သူရှိပါ၏လော။
9
ငါ၏စိတ်နှလုံးသည်ဣသရေလစစ်သူကြီး များ ထံသို့လည်းကောင်း၊ စေတနာစိတ်နှင့်စစ်ပွဲဝင်ကြသည့်ပြည်သူ များ ထံသို့လည်းကောင်းနူးညွတ်လျက်ရှိပါ၏။ ထို့ကြောင့်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
10
ကုန်းနှီးပေါ်တွင်ထိုင်၍မြည်းဖြူကိုစီးကြ သူတို့နှင့် သွားလာလေရာတွင် ခြေလျင်လျှောက်ရသူတို့ဤအကြောင်း အရာကို စဉ်းစားဆင်ခြင်ကြလော့။
11
နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။
12
ရှေ့ဆောင်ပါလော့။ အို ဒေဗောရရှေ့ဆောင်ပါလော့။ ရှေ့ဆောင်ပါလော့။ သီချင်းဆိုပါလော့။ ရှေ့ဆောင်ပါလော့။ အဘိနောင်၏သားဗာရက်ရှေ့သို့ချီတက်ပါလော့။ သင်၏သုံ့ပန်းတို့ကိုထုတ်ဆောင်သွားပါလော့။
13
ထိုနောက်သစ္စာရှိသူတို့သည်မိမိတို့၏ ခေါင်းဆောင်များထံသို့လာကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည်စစ်ပွဲဝင်ရန် အသင့်ပြင်လျက်သူ့ထံသို့လာကြ၏။
14
သူတို့သည်ဗင်္ယာမိန်အနွယ်ဝင်တို့နောက်က လိုက်၍ ဧဖရိမ်နယ်မြေမှချိုင့်ဝှမ်းထဲသို့ဆင်းလာ ကြ၏။ စစ်သူကြီးများသည်မာခိရအနွယ်ထဲမှ လည်းကောင်း စစ်အရာရှိတို့သည်ဇာဗုလုန်အနွယ် ထဲမှလည်းကောင်းဆင်းလာကြ၏။
15
ဣသခါအနွယ်ဝင်တို့၏ခေါင်းဆောင်များ သည် ဒေဗောရနှင့်အတူလိုက်ပါလာကြ၏။ ဣသခါအနွယ်ဝင်တို့သည်ဗာရက်နှင့်အတူ လိုက်လာကြ၏။ သူတို့သည်ဗာရက်နှင့်အတူလိုက်၍ ချိုင့်ထဲသို့ဆင်းခဲ့ကြ၏။ ရုဗင်အနွယ်ဝင်တို့မူကားညီညွတ်မှုမရှိသဖြင့် လိုက်ပါလာရန်မိမိတို့စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
16
သူတို့သည်အဘယ်ကြောင့်သိုးများနှင့်အတူ နေရစ်ခဲ့ကြပါသနည်း။ သိုးစုများအားသိုးထိန်းတို့ခေါ်သံကို နားထောင်လို၍လော။ ရုဗင်အနွယ်ဝင်တို့ညီညွတ်မှုမရှိသည်ကား မှန်၏။ သူတို့သည်မိမိတို့၏စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
17
ဂိလဒ်အနွယ်ဝင်တို့သည်ယော်ဒန်မြစ် အရှေ့ဘက်တွင်နေရစ်ကြ၏။ ဒန်အနွယ်ဝင်တို့သည်လည်းသင်္ဘောများ အနီးတွင်နေရစ်ကြ၏။ အာရှာအနွယ်ဝင်တို့သည်ပင်လယ်ကမ်းခြေ အနီးတွင်နေရစ်ကြလေသည်။
18
သို့ရာတွင်ဇာဗုလုန်နယ်နှင့်နဿလိနယ်မှ လူတို့သည်ကားစစ်မြေပြင်တွင်၊ မိမိတို့၏အသက်ကိုပမာဏမပြုဘဲ စွန့်စားကြသတည်း။
19
ရှင်ဘုရင်တို့သည်လာ၍မေဂိဒ္ဒေါချောင်း အနီး တာနက်မြို့၌တိုက်ခိုက်ကြ၏။ ခါနာန်ဘုရင်တို့သည်တိုက်ခိုက်ကြသော်လည်း ငွေကိုလုယူခွင့်မရကြ။
20
ကြယ်နက္ခတ်တို့သည်ကောင်းကင်ပြင်မှ တိုက်ခိုက်ကြ၏။ သူတို့သည်မိုးကောင်းကင်ကိုဖြတ်သန်းသွားစဉ် သိသရကိုတိုက်ခိုက်ကြ၏။
21
အဟုန်ပြင်းသည့်ကိရှုန်မြစ်သည်ရေလျှံ၍ ရန်သူတို့အားမျောပါသွားစေ၏။ ငါချီတက်မည်။ ခွန်အားဗလနှင့်ရှေ့သို့ ချီတက်မည်။
22
ထိုအခါမြင်းတို့သည်ဒုန်းစိုင်း၍မြေကို ခွာနှင့် ပေါက်လျက်လာကြ၏။
23
ထာဝရဘုရား၏ကောင်းကင်တမန်က ``မေရောဇမြို့ကိုကျိန်ဆဲကြလော့။ ထိုမြို့သားတို့အားကျိန်ဆဲကြလော့။ သူတို့သည်ထာဝရဘုရား၏ဘက်မှ ကူညီရန်မလာကြ။ ထာဝရဘုရားအတွက်တိုက်ခိုက်ရန် စစ်သည်တော်များမလာကြ'' ဟုမြွက်ဆို၏။
24
ကေနိအမျိုးသားဟေဗာ၏ဇနီးယေလသည် တဲရှင်တွင်နေထိုင်သူ၊အမျိုးသမီးတို့အနက် မင်္ဂလာအရှိဆုံးဖြစ်၏။
25
သိသရသည်ရေကိုတောင်းသော်လည်းယေလက နို့ကိုပေး၏။ လှပသောခွက်ဖလားဖြင့်နို့ကိုပေး၏။
26
သူသည်တဲရှင်ငုတ်ချွန်တစ်ခုကိုလက်တစ်ဘက်နှင့် ယူ၍အလုပ်သမားတူတစ်လက်ကို အခြားလက်တစ်ဖြင့်ကိုင်ပြီးလျှင်သိသရ၏ ဦးခေါင်းကိုရိုက်သွင်းလိုက်ရာ ငုတ်ချွန်သည်သူ၏ဦးခေါင်းကိုထုတ်ချင်း ပေါက်၍သွားလေသည်။
27
သိသရသည်လဲကျပြီးလျှင်ယေလ၏ ခြေရင်း၌ မလှုပ်မရှားဘဲနေ၏။ သူသည်မြေပေါ်သို့လဲကျကာယေလ၏ခြေရင်း၌ သေလျက်နေ၏။
28
သိသရ၏မိခင်သည်ပြူတင်းပေါက်မှမျှော် ၍ကြည့်၏။ သူသည်တရုတ်ကပ်၏နောက်မှငေး၍ကြည့်၏။ ``သူ၏ရထားသည်အဘယ်ကြောင့်ကြန့်ကြာ၍ နေပါသနည်း။ သူ၏မြင်းတို့သည်အဘယ်ကြောင့်အပြန်နှေးလျက် နေပါသနည်း'' ဟုမြည်တမ်းပြောဆိုလျက်နေ၏။
29
သူ၏ပညာရှိနန်းတွင်းသူတို့က``သူတို့သည် ဖမ်းဆီးသိမ်းယူ၍ဝေငှရန်အတွက်၊ ပစ္စည်းဥစ္စာများကိုရှာဖွေလျက်ရှိကြပါမည်။ စစ်သားတစ်ယောက်စီအတွက်အပျိုကညာ တစ်ယောက်နှစ်ယောက်ကိုလည်းကောင်း၊ သိသရအတွက်အဖိုးထိုက်အဝတ် အထည်နှင့် မိဖုရားအတွက်၊ ပန်းထိုးလည်စည်းတန်ဆာတို့ကိုလည်းကောင်း ရှာဖွေလျက်နေသောကြောင့်ပင်ဖြစ်တန်ရာ၏'' ဟု ပြန်လည်ဖြေကြားကြသဖြင့်သူကိုယ်တိုင်လည်း ထိုအတိုင်းအဖန်တလဲလဲတွေးတောလျက် နေသတည်း။
31
အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည် ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။ သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကား တက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21