bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Lamentations 4
Lamentations 4
Burmese (BCL) (Common Language Bible)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
ပြောင်လက်သည့်ရွှေတို့သည်မှေးမှိန်၍ သွားလေပြီ။ ဗိမာန်တော်ကျောက်တို့သည်လည်း လမ်းများပေါ်တွင်ပြန့်ကျဲလျက်နေ၏။
2
ဇိအုန်မြို့သားလူငယ်လူရွယ်တို့သည်ငါတို့ အဖို့ ရွှေကဲ့သို့အဖိုးထိုက်ခဲ့သော်လည်း ယခုအခါ၌မူမြေအိုးများကဲ့သို့ မှတ်ယူခြင်းကိုခံရကြလေပြီ။
3
ဝံပုလွေမပင်လျှင်မိမိသားငယ်ကိုနို့တိုက် ပြုစုတတ်သော်လည်း ငါ၏အမျိုးသားများမူကား ငှက်ကုလားအုတ်များသဖွယ်မိမိတို့ သားငယ်များ အပေါ်တွင်ရက်စက်ကြပေသည်။
4
သူတို့သည်မိမိတို့၏နို့စို့ကလေးများအား အစာငတ်ရေငတ်ထား၍သေစေကြ၏။ ကလေးသူငယ်တို့သည်အစားအစာ တောင်းခံလျက်နေသော်လည်း သူတို့အားအဘယ်သူမျှမပေးကြ။
5
အမွန်မြတ်ဆုံးစားဖွယ်သောက်ဖွယ်များကို စားသောက်လေ့ရှိသူတို့သည်လမ်းများပေါ် တွင် အစာငတ်၍သေကြကုန်၏။ ဇိမ်ခံ၍ကြီးပြင်းလာကြသူတို့သည်လည်း အမှိုက်ပုံကိုလက်နှင့်ယက်၍အစာရှာရ ကြ၏။
6
ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
7
ငါတို့၏မင်းညီမင်းသားများသည်ညစ်ညမ်း မှုမရှိ။ မိုးပွင့်ကဲ့သို့ဖြူစင်သန့်ရှင်းကြ၏။ သူတို့သည်အသားအရည်စိုပြေ ကျန်းမာလျက် ခွန်အားတောင့်တင်းသန်မာကြကုန်သည်။
8
ယခုအခါသူတို့၏အရုပ်အဆင်းသည် မည်းနက်လျက် မျိုးမည်မပေါ်ဘဲလမ်းများပေါ်တွင်လဲ၍ သေနေရကြ၏။ သူတို့အသားအရည်မှာသစ်သားသဖွယ် ခြောက်ကပ်လျက်အရိုးများပေါ်တွင်တွန့်လိမ်၍ နေလေပြီ။
9
စစ်ပွဲတွင်ကျဆုံးသေကြေရသူတို့သည် အစာရေစာပြတ်၍ ဆက်လက်အသက်မရှင်နိုင်တော့ဘဲ တဖြည်းဖြည်းငတ်မွတ်သေဆုံးသူများထက် သာ၍ကောင်းသေးသည်။
10
ငါ၏အမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ချစ်ခင်ကြင်နာတတ်သောမိခင်များပင်လျှင် မိမိတို့သားသမီးများကိုပြုတ်၍စားကြ၏။
11
ထာဝရဘုရားသည်ပြင်းထန်သော အမျက်တော်အရှိန်ကိုအစွမ်းကုန် လွှတ်တော်မူလေပြီ။ ကိုယ်တော်သည်ဇိအုန်မြို့တွင်မီးမွှေး၍ထို မြို့ကို ပြာကျစေတော်မူပါ၏။
12
အရပ်တကာရှိလူတို့သည်လည်းကောင်း လူမျိုးခြားတို့၏ဘုရင်များသည်လည်းကောင်း အဘယ်ရန်သူမျှယေရုရှလင် မြို့တံခါးများကိုချင်းနင်းဝင်ရောက်နိုင်လိမ့် မည်ဟု မယုံကြ။
13
သို့ရာတွင်ယင်းသို့ချင်းနင်းဝင်ရောက်မှုကား ဖြစ်ပွားခဲ့ပြီ။ ထိုမြို့၏ပရောဖက်များနှင့်ယဇ်ပုရောဟိတ် များသည် အပြစ်ကူးကြသဖြင့်အပြစ်မဲ့သူတို့သည် သေရကြလေပြီ။
14
မြို့၏ခေါင်းဆောင်တို့သည်အဘယ်သူမျှ မတို့မထိချင်အောင်သွေးများပေကျံလျက် လမ်းများတွင်မျက်မမြင်များကဲ့သို့ လှည့်လည်သွားလာနေကြ၏။
15
လူတို့က``ထွက်သွားကြလော့၊သင်တို့သည် ညစ်ညမ်းလျက်ရှိ၏။ ငါတို့ကိုမတို့မထိကြနှင့်'' ဟုအော်ဟစ် ပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်မိမိတို့အားလက်ခံ မည့်သူ မရှိဘဲ တစ်နိုင်ငံမှတစ်နိုင်ငံသို့လှည့်လည် သွားလာရကြလေသည်။
16
ထာဝရဘုရားသည်သူတို့အား ဂရုစိုက်တော်မမူတော့သဖြင့်ကိုယ်တော်တိုင် ကွဲလွင့်စေတော်မူပါ၏။ ငါတို့၏ယဇ်ပုရောဟိတ်များနှင့် ခေါင်းဆောင်များကိုလည်းပမာဏပြုတော် မမူပါ။ မျက်နှာသာမပေးကြတော့ချေ။
17
ငါတို့သည်အဘယ်အခါ၌မျှမပေါ်လာသည့် အကူအညီကိုစောင့်မျှော်နေခဲ့ကြ၏။ ငါတို့သည်အဘယ်သို့မျှအကူအညီမပေး နိုင်သည့် နိုင်ငံမှအကူအညီကို ဆက်လက်စောင့်မျှော်ခဲ့ကြ၏။
18
ရန်သူများသည်ငါတို့အားစောင့်၍ ကြည့်နေကြသဖြင့်ငါတို့သည် လမ်းများပေါ်၌ပင်လျှင်မသွားမလာရဲ ကြပါ။ ငါတို့၏နေ့ရက်ကာလကုန်ဆုံးခဲ့ပြီ။ နောက်ဆုံးအချိန်ရောက်ခဲ့ပြီ။
19
သူတို့သည်မိုးကောင်းကင်မှထိုးဆင်းလာသည့် လင်းယုန်ငှက်များကဲ့သို့ငါတို့ကိုလိုက်လံ ဖမ်းဆီးကြပါ၏။ တောင်ကုန်းများတွင်ငါတို့ကိုလိုက်၍ရှာဖွေ ကြပါ၏။ သဲကန္တာရတွင်အမှတ်မထင်ဖမ်းဆီးကြပါ၏။
20
သူတို့သည်ထာဝရဘုရားရွေးချယ်သည့်ဘုရင် ငါတို့၏အသက်သခင်ရန်သူအပေါင်းတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်ရန်ငါတို့ယုံကြည်ကိုးစားသည့် အရှင်ကိုဖမ်းဆီးကြပါ၏။
21
ဧဒုံပြည်နှင့်ဥဇပြည်သားတို့ရယ်မော၍ နေကြလော့။ သင်တို့ဝမ်းမြောက်နိုင်သည့်ကာလဝမ်းမြောက်လျက် နေကြလော့။ သင်တို့ကြုံတွေ့ရမည့်ဘေးအန္တရာယ်သည်လည်း သက်ရောက်လာလိမ့်မည်။ သင်သည်လည်းအဝတ်မဲ့လျက်ဒယိမ်းဒယိုင်နှင့် အရှက်ကွဲရလိမ့်မည်။
22
ဇိအုန်မြို့သည်မိမိ၏အပြစ်ကြွေးကိုပေးဆပ်မှု ပြီးဆုံးပြီ။ ကိုယ်တော်ရှင်သည်ငါတို့အားတစ်ကျွန်းတစ်နိုင်ငံတွင် ဆက်လက်ထားရှိတော့မည်မဟုတ်။ သို့ရာတွင် အို ဧဒုံပြည်၊ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ သင်၏အပြစ်ကိုဖော်ပြတော်မူလိမ့်မည်။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5
Recommended Reading
Commentary
Lamentations Commentaries
→
Devotional
Lamentations Devotional Guide
→
Get This Bible
BCL Study Bible
→