Malachi 2

Burmese (BCL) (Common Language Bible)

← Chapter 1 Chapter 3 →
14ထို​နောက်​သင်​တို့​က​အ​ဘယ်​ကြောင့်​ဤ​သို့ ကိုယ်​တော်​လက်​မ​ခံ​တော့​ဘဲ​နေ​တော်​မူ​ပါ သ​နည်း​ဟု​မေး​ကြ​၏။ ကိုယ်​တော်​လက်​မ​ခံ တော့​သည့်​အ​ကြောင်း​မှာ​သင်​တို့​သည်​ငယ်​စဉ် အ​ခါ​က လက်​ထပ်​ထိမ်း​မြား​ခဲ့​သူ​ဇ​နီး အား​ပေး​အပ်​ခဲ့​သည့်​က​တိ​သစ္စာ​ကို​ချိုး ဖောက်​လိုက်​ကြ​ကြောင်း​ကိုယ်​တော်​သိ​မြင် တော်​မူ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​ဇ​နီး သည်​သင်​၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်​ပါ​၏။ သင် သည်​သူ​၏​အ​ပေါ်​တွင်​သစ္စာ​စောင့်​ပါ​မည် ဟု​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ ပြု​ခဲ့​ပါ​သော်​လည်း​ထို​က​တိ​သစ္စာ​ကို ချိုး​ဖောက်​ခဲ့​လေ​ပြီ။-
17သင်​တို့​သည်​စ​ကား​များ​လွန်း​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​နား​ငြီး​တော်​မူ​လေ​ပြီ။ သို့​ရာ​တွင်​သင် တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် နား​ငြီး​စေ​ရန်​အ​ဘယ်​သို့​ပြု​မိ​ကြ​ပါ သ​နည်း'' ဟု​ဆို​ကြ​၏။ ``ထာ​ဝ​ရ​ဘုရား​သည် ဒု​စ​ရိုက်​သ​မား​မှန်​သ​မျှ​ကို​လူ​ကောင်း​သူ ကောင်း​ဟု​ထင်​မှတ်​တော်​မူ​၏'' ဟူ​၍​ပြော ဆို​ခြင်း​အား​ဖြင့်​သော်​လည်း​ကောင်း``တ​ရား မျှ​တ​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​ကို​ခံ​ရ သော​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​ပြော​ဆို​ခြင်း​အား​ဖြင့်​သော် လည်း​ကောင်း​သင်​တို့​သည်​ကိုယ်​တော်​အား နား​ငြီး​စေ​ကြ​၏။
← Chapter 1 Chapter 3 →