bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Philippians 2
Philippians 2
Burmese (BCL) (Common Language Bible)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
သင်တို့သည်ခရစ်တော်၌အသက်ရှင်ခြင်း အားဖြင့်ခွန်အားရရှိကြ၏။ ကိုယ်တော်၏ မေတ္တာတော်သည်သင်တို့အားနှစ်သိမ့်ခြင်းကို ပေး၏။ သင်တို့သည်ဝိညာဉ်တော်နှင့်မိတ်သဟာယ ဖွဲ့ခွင့်ကိုရရှိကြ၏။ သင်တို့တွင်အချင်းချင်း သနားကြင်နာစိတ်ရှိကြ၏။-
2
သို့ဖြစ်၍သင်တို့သည်တစ်စိတ်တစ်ဝမ်းတည်းရှိ ခြင်း၊ အချင်းချင်းချစ်ခြင်း၊ စိတ်သဘောတညီ တညွတ်တည်းရှိခြင်းအားဖြင့်ငါ့အားအကြွင်း မဲ့ဝမ်းမြောက်စေကြလော့။-
3
ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကိုတပ်မက် သောစိတ်တို့ဖြင့်အဘယ်အမှုကိုမျှမပြုကြ နှင့်။ သူတစ်ပါးသည်မိမိထက်သာသည်ဟု အစဉ်ယူဆလျက်စိတ်နှိမ့်ချကြလော့။-
4
မိမိ၏အကျိုးကိုသာမရှာဘဲအချင်းချင်း ၏အကျိုးကိုရှာကြလော့။-
5
ခရစ်တော်ယေရှု၌ရှိသောစိတ်သဘောမျိုး ကိုသင်တို့၌လည်းရှိစေကြလော့။
6
ကိုယ်တော်သည်ဘုရားဇာတိတော်နှင့် ထာဝစဉ်ပြည့်စုံတော်မူ၏။ သို့ရာတွင်အဋ္ဌမ္မနည်းဖြင့်ဘုရားသခင်နှင့် ဂုဏ်ရည်တူရန်ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။
7
ယင်းသို့ပြုမည့်အစားမိမိအလိုအလျောက် ဘုန်းအသရေတော်ရှိသမျှကိုစွန့်၍ အစေခံ၏ဇာတိကိုခံယူတော်မူ၏။ ကိုယ်တော်သည်လူ့အသွင်ကိုယူဆောင်၍ လူကဲ့သို့သောအဖြစ်ကိုခံယူတော်မူပေသည်။
8
မိမိကိုယ်ကိုနှိမ့်ချတော်မူလျက်လက်ဝါးကပ် တိုင်ပေါ်တွင် အသေခံသည့်တိုင်အောင်၊နာခံခြင်းလမ်းစဉ်ကို လိုက်လျှောက်တော်မူ၏။
9
ဤအကြောင်းကြောင့်ဘုရားသခင်သည် ကိုယ်တော်အားအထက်ဘဝဂ်သို့တိုင်အောင် ချီးမြှောက်၍၊ ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့ နာမကို ပေးသနားတော်မူ၏။
10
ထို့ကြောင့်မိုးမြေနှင့်မြေအောက်ရှိ သတ္တဝါအပေါင်းတို့သည် သခင်ယေရှု၏နာမတော်ကိုရိုသေဦးညွှတ်လျက်၊
11
ယေရှုခရစ်သည်အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရားသခင်၏ဘုန်းအသရေ တော်ကို ထွန်းတောက်စေကြလိမ့်မည်။
12
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
14
သင်တို့လုပ်ဆောင်စရာရှိသမျှတို့ကိုမညည်း မတွား၊ မငြင်းမခုံဘဲလုပ်ဆောင်ကြလော့။-
15
သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
17
သင်တို့၏ယုံကြည်ခြင်းကဘုရားသခင်အား ပူဇော်သောယဇ်ပေါ်တွင် ငါ၏အသက်သွေးကို သွန်းလောင်းရမည်ဆိုလျှင် ငါသည်ဝမ်းမြောက် လျက်သင်တို့နှင့်အတူဝမ်းမြောက်သည်။-
18
သင်တို့သည်လည်းဝမ်းမြောက်လျက်ငါနှင့် အတူဝမ်းမြောက်ကြလော့။
19
ငါသည်သင်တို့၏အကြောင်းသတင်းကောင်းကို ကြား၍ အားတက်လာစေရန်သခင်ဘုရားအလို တော်ရှိလျှင် တိမောသေကိုသင်တို့ထံသို့မကြာ မီစေလွှတ်နိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။-
20
တိမောသေတစ်ဦးသာလျှင်ငါနှင့်သဘောချင်း တူ၍သင်တို့၏အကျိုးကိုအကယ်ပင်လိုလား သူဖြစ်၏။-
21
အခြားသောသူအပေါင်းတို့သည်ကားကိုယ့် အကျိုးကိုသာလျှင်ရှာကြ၏။ ယေရှုခရစ် ၏အကျိုးကိုမရှာကြ။-
22
တိမောသေနှင့်ငါသည်သားအဖသဖွယ်အတူ တကွသတင်းကောင်းပျံ့နှံ့ရေးအတွက် အမှုတော် ကိုအဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းကိုသင်တို့ သိကြ၏။-
23
သို့ဖြစ်၍ငါ့အမှုကိစ္စအဘယ်သို့ဖြစ်မည်ကိုသိ လျှင်သိခြင်း သူ့အားသင်တို့ထံသို့စေလွှတ်နိုင် မည်ဟုငါမျှော်လင့်၏။-
24
သခင်ဘုရားကိုယုံကြည်ကိုးစားလျက်ငါကိုယ် တိုင်ပင်မကြာမီသင်တို့ထံသို့လာနိုင်လိမ့်မည်။
25
ငါ၏လုပ်ဖော်ဆောင်ဘက်၊ ငါနှင့်အတူတိုက်ပွဲ ဝင်ခဲ့သူ၊ ငါ့အားပြုစုရန်သင်တို့ကစေလွှတ် လိုက်သူ၊ ငါတို့၏ညီဧပဖြောဒိတ်ကိုသင်တို့ ထံသို့စေလွှတ်ရန်လိုအပ်သည်ဟုငါယူဆ၏။-
26
သူသည်သင်တို့အပေါင်းကိုလွမ်းဆွတ်လျက် နေ၏။ သူဖျားနာသည့်သတင်းကိုသင်တို့ကြား သိသွားသဖြင့်သူသည်စိတ်မချမ်းမသာ ဖြစ်လျက်နေ၏။-
27
သူသည်အမှန်ပင်သေလုနီးပါးဖျားနာခဲ့၏။ သို့ရာတွင်ဘုရားသခင်သည်သူ့ကိုသနား တော်မူလေပြီ။ သူ့ကိုသာလျှင်သနားတော် မူသည်မဟုတ်။ ငါ့အားလည်းထပ်ဆင့်ဝမ်း နည်းမှုနှင့်မကြုံတွေ့စေရန်သနားတော်မူ၏။-
28
ထို့ကြောင့်သင်တို့သည်သူ့ကိုတစ်ဖန်တွေ့မြင်ရ သဖြင့်ဝမ်းမြောက်ကြစေရန်လည်းကောင်း၊ ငါ ၏ဝမ်းနည်းမှုကိုလည်းပပျောက်သွားစေရန် လည်းကောင်းသူ့အားသင်တို့ထံသို့စေလွှတ် ရန်ငါပို၍စိတ်အားထက်သန်လျက်ရှိ၏။-
29
သင်တို့သည်သူ့အားခရစ်ယာန်ညီအစ်ကိုတစ်ဦး အနေဖြင့်ဝမ်းမြောက်စွာကြိုဆိုကြလော့။ ထိုသို့ သောသူတို့ကိုရိုသေလေးစားကြလော့။-
30
သူသည်သင်တို့ကိုယ်တိုင်မပေးနိုင်သည့်အကူ အညီကို ငါ့အားပေးနိုင်အံ့သောငှာအသက်စွန့် စား၍ ခရစ်တော်၏အမှုတော်ကိုသေလုနီး သည်တိုင်အောင်ကြိုးပမ်းထမ်းဆောင်ခဲ့ပေသည်။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4
Recommended Reading
Commentary
Philippians Commentaries
→
Devotional
Philippians Devotional Guide
→
Get This Bible
BCL Study Bible
→