bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Romans 13
Romans 13
Burmese (BCL) (Common Language Bible)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 14 →
1
လူတိုင်းပင်အစိုးရမင်းတို့၏အမိန့်အာဏာ ကိုလိုက်နာကြရမည်။ အဘယ်အစိုးရမျှ ဘုရားသခင်၏ခွင့်ပြုချက်မရဘဲမရပ် မတည်နိုင်။ အာဏာရအစိုးရမင်းသည် ဘုရားသခင်၏ခွင့်ပြုချက်ရ၍သာအုပ်စိုး ရ၏။-
2
မည်သူမဆိုအာဏာရအစိုးရမင်းကို ဆန့်ကျင်ဘက်ပြုသူသည် ဘုရားသခင်စီမံ ခန့်ခွဲတော်မူချက်ကိုဆန့်ကျင်ဘက်ပြုသူ ဖြစ်၏။ ထိုသူသည်အပြစ်စီရင်ခြင်းကို ခံရမည်။-
3
အကျင့်ကောင်းသူသည်အစိုးရမင်းကိုကြောက် နေစရာမလို။ ဆိုးညစ်မှုကိုပြုကျင့်သူသာလျှင် ကြောက်စရာလို၏။ သင်သည်အာဏာရှိသူကို မကြောက်ဘဲနေလိုလျှင်အကျင့်ကောင်းကိုပြု ကျင့်လော့။ သို့ပြုလျှင်သူသည်သင့်ကိုချီးမွမ်း လိမ့်မည်။-
4
အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။-
5
သို့ဖြစ်၍သင်သည်ဘုရားသခင်အပြစ်ဒဏ် ခတ်တော်မူမည်ကိုကြောက်သောကြောင့်သာ မက မိမိသြတ္တပ္ပစိတ်ကြည်လင်မှုကိုထောက် ၍လည်းအစိုးရမင်း၏အမိန့်အာဏာကို လိုက်နာရမည်။
6
ဤအကြောင်းကြောင့်သင်တို့သည်အခွန်ကိုပေး ရ၏။ အဘယ်ကြောင့်ဆိုသော်အစိုးရမင်းသည် မိမိ၏တာဝန်ဝတ္တရားများကိုထမ်းဆောင်သော အခါ၌ ဘုရားသခင်၏အမှုတော်ကိုထမ်း ဆောင်သောကြောင့်တည်း။-
7
သို့ဖြစ်၍အစိုးရမင်းအားသင်တို့ပေးဆောင် ထိုက်သည်ကိုပေးဆောင်ကြလော့။ ပေးဆောင်စရာ ရှိသမျှသောအခွန်များကိုပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အားရိုသေလေးစား ကြလော့။
8
အချင်းချင်းထံမေတ္တာကြွေးမှတစ်ပါးအဘယ် ကြွေးမျှမတင်စေနှင့်။ သူတစ်ပါးအားချစ် သောသူသည်ပညတ်တရားကိုစောင့်ထိန်း သူဖြစ်၏။-
9
အဘယ်ကြောင့်ဆိုသော် ``အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့'' ဟူသောပညတ်သည် ``သူ့ အိမ်ရာကိုမပြစ်မှားနှင့်၊ လူ့အသက်ကိုမ သတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ သူ့ဥစ္စာကိုတပ် မက်လိုချင်သောစိတ်မရှိနှင့်'' ဟူသောပညတ် များနှင့်အခြားပညတ်ရှိသမျှ၏အချုပ် ဖြစ်သောကြောင့်တည်း။-
10
အိမ်နီးချင်းကိုချစ်သောသူသည်အိမ်နီးချင်း အား မည်သည့်အခါ၌မျှအကျိုးယုတ်စေလိမ့် မည်မဟုတ်။ သို့ဖြစ်၍အိမ်နီးချင်းကိုချစ်သော သူသည်ပညတ်တရားအားလုံးကိုစောင့်ထိန်း ရာရောက်၏။
11
သင်တို့သည်မိမိတို့အိပ်ရာမှနိုးထကြရမည့် နေ့ရက်ရောက်ရှိနေပြီဖြစ်ကြောင်းကိုသိသဖြင့် မေတ္တာတရားကိုကျင့်သုံးကြရမည်။ အဘယ် ကြောင့်ဆိုသော်ငါတို့ကယ်တင်ခြင်းခံရမည့် နေ့ရက်ကာလသည် သခင်ယေရှုကိုငါတို့ စတင်ယုံကြည်ချိန်ကထက်ပို၍နီးကပ် လာပြီဖြစ်သောကြောင့်တည်း။-
12
ညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။-
13
ငါတို့သည်အလင်းတွင်ကျင်လည်သူများ ကဲ့သို့ကောင်းမွန်လျောက်ပတ်စွာပြုမူကျင့်ကြံ ကြရမည်။ အရက်သေစာသောက်ကြူးခြင်း၊ အကျင့်ဖောက်ပြားခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့်မနာလိုခြင်းတို့ကို ရှောင်ကြဉ်ကြရမည်။-
14
အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16