bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
Ezra 8
Ezra 8
Burmese MCLZV
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
1
အာတဇေရဇ်ဧကရာဇ်မင်းလက်ထက်၌ဗာဗု လုန်မြို့တွင် ပြည်နှင်ဒဏ်သင့်ရာမှယေရုရှလင် မြို့သို့ပြန်လာကြသော သားချင်းစုခေါင်းဆောင် များ၏အမည်စာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။
2
ဖိနဟတ်သားချင်းစုမှဂေရရှုံဣသမာ သားချင်းစုမှဒံယေလ ဒါဝိဒ်သားချင်းစုမှရှေခနိတ်သားဟတ္တုတ် ဖာရုတ်၏သားချင်းစုမှဇာခရိနှင့်သူ၏ အနွယ်ဝင်ယောကျာ်း ၁၅၀ (သူတို့အိမ်ထောင်စု မှတ်တမ်းများရှိသည်။) ပါဟတ်မောဘသားချင်းစုမှဇေရာယ ၏သား ဧလျောနဲနှင့်ယောကျာ်း ၂၀၀ ဇတ္တုသားချင်းစုမှယဟာဇေလ၏သား ရှေခနိနှင့်ယောကျာ်း ၃၀၀ အာဒိန်သားချင်းစုမှယောနသန်၏သား ဧဗက်နှင့်ယောကျာ်း ၅၀ ဧလံသားချင်းစုမှအာသလိ၏သား ယေရှာယနှင့်ယောကျာ်း ၇၀ ရှေဖတိသားချင်းစုမှမိက္ခေလ၏သား ဇေဗဒိနှင့်ယောကျာ်း ၈၀ ယွာဘသားချင်းစုမှယေဟေလ၏သား သြဗဒိနှင့်ယောကျာ်း ၂၁၈ ဗာနိသားချင်းစုမှယောသိဖိ၏သား ရှေလောမိတ်နှင့်ယောကျာ်း ၁၆၀ ဗေဗဲသားချင်းစုမှဗေဗဲ၏သား ဇာခရိနှင့်ယောကျာ်း ၂၈ အာဇဂဒ်သားချင်းစုမှဟက္ကတန်၏သား ယောဟနန်နှင့်ယောကျာ်း ၁၁၀ အဒေါနိကံသားချင်းစုမှဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့်ယောကျာ်း ၆၀ (သူတို့သည်နောက်မှလိုက်လာကြသူများ ဖြစ်၏။) ဗိဂဝဲသားချင်းစုမှဥသဲ၊ဇဗ္ဗုဒ်နှင့်ယောကျာ်း ၇၀
3
ငါသည်ထိုသူအပေါင်းတို့ကိုအဟာဝမြို့ သို့စီးသောတူးမြောင်းအနီးတွင်စုဝေးစေ၍ ထိုအရပ်တွင်ငါတို့သုံးရက်မျှစခန်းချ ကြ၏။ ထိုလူစုတွင်ယဇ်ပုရောဟိတ်များ ပါရှိသော်လည်း လေဝိအနွယ်ဝင်များကို မတွေ့သဖြင့်၊-
4
ငါသည်ခေါင်းဆောင်ကိုးဦးဖြစ်ကြသော ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ယာရိမ်၊ ဧလနာသန်၊ ဇာခရိနှင့်မေရှုလံတို့ကိုလည်း ကောင်း၊ ပညာရှိနှစ်ဦးဖြစ်ကြသောယွာရိပ် နှင့် ဧလနာသန်တို့ကိုလည်းကောင်းခေါ်ပြီး လျှင်၊-
5
ကသိဖိမြို့သူကြီးဣဒေါထံသို့စေလွှတ်၍ ဣဒေါနှင့်သူ၏အပေါင်းအဖော်ဗိမာန်တော် အလုပ်သမားများအား``ဘုရားသခင်၏ ဗိမာန်တော်တွင် အမှုတော်ဆောင်ရန်လူများ ကိုငါတို့ထံသို့စေလွှတ်ပေးပါ'' ဟုပြော ကြားစေ၏။-
6
ထိုသူတို့သည်ဘုရားသခင်၏ကျေးဇူးတော် ကြောင့် မဟာလိသားချင်းစုမှလေဝိအနွယ် ဝင်၊ အရည်အချင်းကောင်းမွန်သူရှေရဘိကို ငါတို့ထံသို့စေလွှတ်လေသည်။ သူ၏သားနှင့် ညီအစ်ကိုတစ်ဆယ့်ရှစ်ယောက်တို့သည်လည်း အတူလိုက်ပါလာကြ၏။-
7
ဣဒေါနှင့်သူ၏အပေါင်းအဖော်တို့သည် မေ ရာရိသားချင်းစုဟာရှဘိနှင့်ယေရှာယ တို့ကိုလည်းကောင်း သူတို့ဆွေမျိုးသားချင်း နှစ်ဆယ်နှင့်အတူစေလွှတ်၏။-
8
ထို့ပြင်လေဝိအနွယ်ဝင်များကိုကူညီရန် ဒါဝိဒ်မင်းနှင့်မှူးမတ်တော်များစီမံခဲ့သည့် ဗိမာန်တော်အလုပ်သမားနှစ်ရာ့နှစ်ဆယ် တို့လည်းပါလာလေသည်။ သူတို့အားလုံး ၏နာမည်များကိုစာရင်းသွင်းထားသတည်း။
9
ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-
10
ငါတို့၏ဘုရားသခင်သည်ကိုယ်တော်အား ယုံကြည်ကိုးစားကြသူအပေါင်းတို့ကို ကောင်းချီးပေးတော်မူ၍ ကိုယ်တော်အား ကျောခိုင်းကြသူတို့ကိုမူနှစ်သက်တော် မမူဘဲ အပြစ်ဒဏ်ခတ်တော်မူတတ်ကြောင်း မင်းကြီးအားလျှောက်ထားခဲ့၏။ သို့ဖြစ်၍ ငါသည်ခရီးလမ်းတွင် ရန်သူများ၏ဘေး မှကာကွယ်စောင့်ရှောက်ရန်အတွက် သူ၏ ထံမှမြင်းတပ်အကူအညီကိုတောင်းခံ ရမည်မှာရှက်စရာပင်ဖြစ်ပေသည်။-
11
ထို့ကြောင့်ငါတို့သည်ဘုရားသခင်၏ကာကွယ် စောင့်ရှောက်မှုကိုခံယူရရှိကြစေရန် အစာ ရှောင်လျက်အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြရ၏။ ကိုယ်တော်သည်ငါတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မူ၏။
12
ငါသည်ယဇ်ပုရောဟိတ်အကြီးအကဲများ အနက် ရှေရဘိ၊ ဟာရှဘိနှင့်အခြားဆယ် ဦးတို့ကိုရွေးချယ်ပြီးလျှင်၊-
13
ဗိမာန်တော်တွင်အသုံးပြုရန်မင်းကြီးနှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အရာရှိ များနှင့် ဣသရေလအမျိုးသားတို့ပေး လှူကြသောရွှေငွေနှင့်အသုံးအဆောင် များကိုချိန်တွယ်၍ ထိုယဇ်ပုရောဟိတ်တို့ အားပေးအပ်လိုက်၏။-
14
ငါပေးအပ်သည့်ပစ္စည်းများမှာအောက်ပါ အတိုင်းဖြစ်သည်။ ငွေ ၂၅ တန်၊ ငွေအသုံးအဆောင် ၁၀၀ ငွေသားပေါင် ၁၅၀ ရွှေပေါင် ၇၅၀၀ ရွှေဖလား၂၀ ခွက် ရွှေချိန် ၂၇၀ အောင်စ။ ရွှေဖလားနှင့်တန်ဖိုးညီမျှသည့်ကြေးဝါစစ် ဖလား ၂ လုံး
16
ငါသည်ယဇ်ပုရောဟိတ်တို့အား``သင်တို့သည် ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား အဖို့ သီးသန့်သူများဖြစ်ကြသကဲ့သို့ ကိုယ် တော်အားစေတနာအလျောက် ပေးလှူသော ရွှေငွေအသုံးအဆောင်များသည်လည်း သီး သန့်သောဝတ္ထုပစ္စည်းဖြစ်သည်။-
17
သင်တို့သည်ဗိမာန်တော်သို့မရောက်မချင်း ထိုပစ္စည်းများကိုစောင့်ထိန်းလျက် ဗိမာန်တော် ရှိယဇ်ပုရောဟိတ်တို့၏အခန်းများတွင် ချိန်တွယ်၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်ခေါင်းဆောင်များ၊ ယေရုရှလင် မြို့ရှိဣသရေလပြည်သူတို့၏ခေါင်းဆောင် များလက်သို့ပေးအပ်ကြလော့'' ဟုမှာ ထား၏။-
18
သို့ဖြစ်၍ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်များသည်ရွှေငွေနှင့်အသုံး အဆောင်တို့ကို ယေရုရှလင်မြို့ဗိမာန်တော် သို့ပို့ဆောင်ရန်တာဝန်ယူကြလေသည်။
19
ပထမလတစ်ဆယ့်နှစ်ရက်နေ့၌ ငါတို့သည် အဟာဝတူးမြောင်းမှ ယေရုရှလင်မြို့သို့ ထွက်ခွာလာကြ၏။ ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၍ ငါတို့အား ရန်သူ့ဘေးမှလည်းကောင်း၊ ခြုံခိုတိုက်ခိုက် မှုမှလည်းကောင်းကာကွယ်စောင့်ရှောက် တော်မူ၏။-
20
ယေရုရှလင်မြို့သို့ရောက်သောအခါငါတို့ သည် သုံးရက်တိုင်တိုင်နားနေကြ၏။-
21
ထိုနောက်စတုတ္ထနေ့၌ဗိမာန်တော်သို့သွား၍ ရွှေငွေနှင့်အသုံးအဆောင်များကိုချိန်တွယ် ကာ ဥရိယ၏သားယဇ်ပုရောဟိတ်မေရမုတ် လက်သို့ပေးအပ်ကြ၏။ သူနှင့်အတူဖိနဟတ် ၏သား ဧလာဇာနှင့်လေဝိအနွယ်ဝင်နှစ်ဦး ဖြစ်ကြသော ယောရှု၏သားယောဇဗဒ်နှင့် ဗိနွိ၏သားနောဒိတို့လည်းရှိကြ၏။-
22
ငါတို့သည်ပစ္စည်းရှိသမျှကိုရေတွက်ချိန် တွယ်ကြ၏။ တစ်ချိန်တည်းမှာပင်စာရင်းမှတ် ယူကြ၏။
23
ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားမီးရှို့ဆက်သရန် ပူဇော် သကာများကိုယူလာကြ၏။ ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် နွားတစ်ဆယ့် နှစ်ကောင်၊ သိုးထီးကိုးဆယ့်ခြောက်ကောင်၊ သိုး သားငယ်ခုနစ်ဆယ့်ခုနစ်ကောင်ကိုပူဇော် ကြ၏။ ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုလည်း အပြစ် ဖြေရာယဇ်အဖြစ်ပူဇော်ကြ၏။ ဤတိရစ္ဆာန် အားလုံးကိုထာဝရဘုရားအား မီးရှို့ရာ သကာအဖြစ်ပူဇော်ကြလေသည်။-
24
လူတို့သည်မိမိတို့အားမင်းကြီးပေးအပ် လိုက်သည့်အမိန့်တော်စာကို ဥဖရတ်မြစ်ကြီး အနောက်ဘက်ပြည်နယ် ဘုရင်ခံများနှင့် အရာရှိများအားပေးအပ်ကြသောအခါ သူတို့သည်ပြည်သူများနှင့်ဗိမာန်တော် ဝတ်ပြုကိုးကွယ်မှုကိုအားပေးကူညီကြ ကုန်၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10