bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 John 1
1 John 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
အစအဦးကပင်ရှိသောအရာ၊ ငါတို့ကြားရသောအရာ၊ ကိုယ့်မျက်စိဖြင့် မြင်ရသောအရာ၊ ငါတို့ကြည့်ရှုလျက် ကိုယ့်လက်ဖြင့် တို့ထိစမ်းသပ်ရသောအရာတည်းဟူသော အသက်နှင့်ဆိုင်သည့် နှုတ်ကပတ်တော်အကြောင်းဟူမူကား
2
ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့သည်လည်း ၎င်းကိုမြင်ရ၍ သက်သေခံလျက် ခမည်းတော်နှင့်အတူရှိပြီး ငါတို့၌ထင်ရှားသော ထိုထာဝရအသက်အကြောင်းကို သင်တို့အား ပြောကြားကြ၏။
3
ငါတို့မြင်ရကြားရသောအရာကို သင်တို့အားပြောကြားရခြင်းမှာ သင်တို့သည်လည်း ငါတို့နှင့်မိတ်သဟာယဖွဲ့ခြင်းရှိစေရန်ဖြစ်၏။ ငါတို့၏မိတ်သဟာယဖွဲ့ခြင်းသည် ခမည်းတော်နှင့်လည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။
4
ငါတို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် ဤအရာများကို ငါတို့ရေးလိုက်၏။
5
“ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ဘုရားသခင်၌ မှောင်မိုက်ခြင်းလုံးဝမရှိ”ဟူသော ဤသတင်းစကားသည် ကိုယ်တော်ထံမှ ငါတို့ကြားရ၍ သင်တို့အား ပြောကြားသောသတင်းစကားဖြစ်၏။
6
ငါတို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းရှိ၏ဟု ဆိုလျက်နှင့် အမှောင်ထဲ၌အသက်ရှင်လျှောက်လှမ်းနေကြလျှင် ငါတို့သည် လိမ်လည်ပြောဆိုသည်ဖြစ်၍ သမ္မာတရားကိုကျင့်သုံးနေကြသည်မဟုတ်။
7
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
8
ငါတို့၌အပြစ်မရှိဟု ငါတို့ဆိုလျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားနေသည်ဖြစ်၍ သမ္မာတရားသည် ငါတို့၌မရှိ။
9
ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
10
အပြစ်မပြုဖူးပါဟု ငါတို့ဆိုလျှင် ငါတို့သည် ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ငါတို့၌မရှိ။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5