bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Thessalonians 3
1 Thessalonians 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
1
ထို့ကြောင့် ငါတို့သည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် ငါတို့ချည်းသာ အေသင်မြို့၌နေခဲ့ရန် ဆုံးဖြတ်ပြီးလျှင်
2
ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
3
ဤဆင်းရဲဒုက္ခများကြောင့် မည်သူမျှ ယိမ်းယိုင်ခြင်းမရှိစေရန်ဖြစ်၏။ အကြောင်းမူကား ဤသို့ဆင်းရဲဒုက္ခကိုခံရစေရန် ငါတို့ကိုခန့်ထားတော်မူကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
4
အဘယ်ကြောင့်ဆိုသော် သင်တို့နှင့်အတူ ငါတို့ရှိစဉ်ကပင် ငါတို့သည် ဆင်းရဲဒုက္ခခံရတော့မည်ဟု သင်တို့အား ကြိုတင်ပြောထားခဲ့သည်ဖြစ်၍ ထိုအတိုင်းပင်ဖြစ်လာကြောင်း သင်တို့သိကြ၏။
5
ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။
6
သို့သော် ယခု တိမောသေသည် သင်တို့ထံမှပြန်လာ၍ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့်ပတ်သက်သည့် ဝမ်းမြောက်ဖွယ်သတင်းကို ငါတို့အားပြောပြ၏။ ထို့ပြင် သင်တို့သည် ငါတို့ကို အစဉ်အမြဲကောင်းမွန်စွာသတိရလျက် ငါတို့သည် သင်တို့ကို အလွန်တွေ့မြင်လိုသကဲ့သို့ သင်တို့သည်လည်း ငါတို့ကို အလွန်တွေ့မြင်လိုကြောင်း ပြောပြ၏။
7
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ခက်ခဲကျပ်တည်းခြင်းနှင့်ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံရစဉ်တွင် သင်တို့၏ယုံကြည်ခြင်းကြောင့် သင်တို့နှင့်ပတ်သက်၍ နှစ်သိမ့်မှုကိုခံစားရကြ၏။
8
သင်တို့သည် သခင်ဘုရား၌ခိုင်မြဲစွာရပ်တည်လျှင် ယခု ငါတို့အသက်ရှင်နိုင်၏။
9
ငါတို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့ကြောင့် ငါတို့ခံစားရသော ဤဝမ်းမြောက်ခြင်းအားလုံးကိုထောက်၍ သင်တို့အတွက် ဘုရားသခင်ကို မည်ကဲ့သို့ကျေးဇူးတုံ့ပြန်နိုင်ပါမည်နည်း။
10
ငါတို့သည် သင်တို့နှင့်လူချင်းတွေ့နိုင်ရန်နှင့် သင်တို့၏ယုံကြည်ခြင်းတွင် လိုအပ်သည့်အပိုင်းများကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ရောညပါ အလွန်စိတ်အားထက်သန်စွာဖြင့် ဆုတောင်းနေကြ၏။
11
ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ကိုယ်တော်တိုင်နှင့် ငါတို့၏သခင်ယေရှုသည် သင်တို့ထံသို့ ငါတို့လာမည့်လမ်းခရီးကို ပြင်ဆင်ပေးတော်မူပါစေသော။
12
ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်သောမေတ္တာ၌လည်းကောင်း၊ လူအပေါင်းတို့ကိုချစ်သောမေတ္တာ၌လည်းကောင်း တိုးပွား၍ ကြွယ်ဝပြည့်စုံမည့်အကြောင်း သခင်ဘုရားပြုတော်မူပါစေသော။
13
ထို့ပြင် ငါတို့၏သခင်ယေရှုသည် မိမိ၏သန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ရှေ့တော်တွင် သင်တို့၏စိတ်နှလုံးကို မြင့်မြတ်သန့်ရှင်းခြင်းအရာ၌ အပြစ်တင်စရာမရှိရလေအောင် ခိုင်ခံ့မြဲမြံစေတော်မူပါစေသော။ အာမင်။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
All chapters:
1
2
3
4
5