bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Timothy 3
1 Timothy 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
1
“တစ်စုံတစ်ယောက်သည် ကြီးကြပ်သူဖြစ်ရန် အလွန်တောင့်တလျှင် ထိုသူသည် ကောင်းသောအမှုကိုတောင့်တ၏”ဟူသောစကားသည် မှန်သောစကားဖြစ်၏။
2
ထို့ကြောင့် ကြီးကြပ်သူသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သင်ကြားပေးနိုင်စွမ်းရှိသောသူဖြစ်ရမည်။
3
သူသည် သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူမဟုတ်ဘဲ ညင်သာသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ၊
4
မိမိအိမ်ထောင်ကို ကောင်းစွာစီမံအုပ်ချုပ်လျက် သားသမီးတို့ကို တည်ကြည်လေးနက်ခြင်းအပြည့်အဝဖြင့် နာခံမှုရှိစေသောသူဖြစ်ရမည်။
5
မိမိအိမ်ထောင်ကို မည်ကဲ့သို့စီမံအုပ်ချုပ်ရမည်ကိုမသိသောသူသည် ဘုရားသခင်၏အသင်းတော်ကို မည်ကဲ့သို့ပြုစုစောင့်ရှောက်နိုင်မည်နည်း။
6
သူသည် ယုံကြည်ခါစလူမဖြစ်ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်လျက် မာရ်နတ်နှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းထဲသို့ ကျရောက်မည်ဟု စိုးရိမ်စရာရှိ၏။
7
ထိုမျှမက ကဲ့ရဲ့ပြစ်တင်ခြင်းခံရလျက် မာရ်နတ်၏ကျော့ကွင်းထဲသို့ မကျရောက်စေရန် အသင်းတော်ပြင်ပ၌ ဂုဏ်သတင်းကောင်းသောသူလည်းဖြစ်ရမည်။
8
ထိုနည်းတူ သင်းထောက်တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ လျှာနှစ်ခွရှိသောသူ၊ စပျစ်ဝိုင်သောက်ကြူးသောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူများမဟုတ်ဘဲ
9
ယုံကြည်ခြင်း၏လျှို့ဝှက်နက်နဲသောအရာကို ကြည်လင်သောအသိစိတ်ဖြင့် စွဲကိုင်ထားသောသူများဖြစ်ရမည်။
10
သူတို့သည် စစ်ဆေးခြင်းကိုဦးစွာခံပြီးမှ အပြစ်တင်စရာမရှိပါက သင်းထောက်အမှုကိုဆောင်ရွက်ကြစေ။
11
ထိုနည်းတူ ဇနီးသည်တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ ကုန်းချောတတ်သောသူမဟုတ်ဘဲ သမ္မာသတိရှိသောသူ၊ ခပ်သိမ်းသောအရာတို့၌ သစ္စာရှိသောသူများဖြစ်ရမည်။
12
သင်းထောက်တို့သည် မယားတစ်ဦးတည်းရှိသောသူ၊ မိမိတို့အိမ်ထောင်နှင့်သားသမီးများကို ကောင်းစွာစီမံအုပ်ချုပ်နေသူများဖြစ်ရမည်။
13
အကြောင်းမူကား သင်းထောက်အမှုကို ကောင်းစွာဆောင်ရွက်သောသူတို့သည် မိမိတို့အတွက် ကောင်းသောဂုဏ်ရည်ကိုရရှိသည့်အပြင် ခရစ်တော်ယေရှုကိုယုံကြည်သောအရာ၌ များစွာသောရဲရင့်မှုကိုရရှိကြ၏။
14
ဤအရာများကို သင့်အား ငါရေးလိုက်ခြင်းမှာ သင့်ထံသို့အလျင်အမြန်လာနိုင်မည်ဟု မျှော်လင့်သော်လည်း
15
ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။
16
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
All chapters:
1
2
3
4
5
6