bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
3 John 1
3 John 1
Burmese MSBU
Jump to:
Chapter 1
1
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။
2
ချစ်ရသောသူ၊ သင်၏စိတ်ဝိညာဉ်ကြီးပွားသကဲ့သို့ သင်သည် အရာရာ၌ကြီးပွား၍ ကျန်းမာပါစေဟု ငါဆုတောင်း၏။
3
သင်သည် သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေသည့်အလျောက် ညီအစ်ကိုအချို့တို့သည်လာ၍ သင်၌ရှိသောသမ္မာတရားအကြောင်းကို သက်သေခံကြသောအခါ ငါသည် အလွန်ဝမ်းမြောက်၏။
4
ငါ့သားသမီးတို့သည် သမ္မာတရား၌အသက်ရှင်လျှောက်လှမ်းနေကြောင်းကို ကြားရသည်ထက် ဝမ်းမြောက်စရာကောင်းသောအရာသည် ငါ၌မရှိ။
5
ချစ်ရသောသူ၊ သင်သည် ညီအစ်ကိုများအပေါ် အထူးသဖြင့် သူစိမ်းဧည့်သည်များအပေါ် ပြုသမျှသောဝတ်ကို သစ္စာရှိစွာပြုတတ်၏။
6
ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏အလိုတော်နှင့်အညီ ဆက်လက်ပို့ဆောင်ပေးလျှင် ကောင်းသောအမှုပြုခြင်းဖြစ်လိမ့်မည်။
7
ထိုသူတို့သည် သာသနာပလူမျိုးခြားတို့ထံမှ မည်သည့်အရာကိုမျှမယူဘဲ နာမတော်အတွက်ခရီးပြုကြ၏။
8
ထို့ကြောင့် ငါတို့သည် သမ္မာတရားအတွက် သူတို့နှင့်အတူလုပ်ဆောင်သောသူဖြစ်ကြရန် သူတို့ကိုကူညီထောက်ပံ့သင့်၏။
9
ငါသည် အသင်းတော်ထံသို့ စာအနည်းငယ်ရေးခဲ့သော်လည်း သူတို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ငါတို့ကိုလက်မခံ။
10
ထို့ကြောင့် ငါလာသောအခါ သူပြုနေသောအမှုကိုထောက်ပြမည်။ သူသည် မကောင်းသောစကားအမျိုးမျိုးတို့ဖြင့် ငါတို့ကို ကဲ့ရဲ့ပြစ်တင်ပြီး ဤမျှနှင့်သာမကျေနပ်ဘဲ သူကိုယ်တိုင်လည်း ညီအစ်ကိုတို့ကိုလက်မခံ၊ လက်ခံလိုသောသူများကိုလည်း တားမြစ်၍ အသင်းတော်မှ နှင်ထုတ်၏။
11
ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။
12
ဒေမေတရိအကြောင်းကို လူအပေါင်းတို့မှစ၍ သမ္မာတရားကိုယ်တိုင်က သက်သေခံ၏။ ငါတို့သည်လည်း သက်သေခံကြ၏။ ငါတို့၏သက်သေခံချက်သည် မှန်ကန်ကြောင်းကိုလည်း သင်သိ၏။
13
သင့်ထံ ငါရေးစရာများစွာရှိသော်လည်း မင်နှင့်မင်တံဖြင့်ငါမရေးလိုပေ။
14
သင်နှင့်အလျင်အမြန်တွေ့၍ မျက်နှာချင်းဆိုင်စကားပြောဆိုရန် ငါမျှော်လင့်ထား၏။
15
သင်၌ငြိမ်သက်ခြင်းရှိပါစေ။ မိတ်ဆွေများသည် သင့်ကိုနှုတ်ဆက်ကြ၏။ မိတ်ဆွေတို့တစ်ဦးစီကို နှုတ်ဆက်ပေးလော့။
Jump to:
Chapter 1
All chapters:
1