bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ephesians 6
Ephesians 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
1
သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် မှန်ကန်သောအမှုဖြစ်၏။
2
သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ ဤသည်ကား “ထိုသို့ပြုလျှင် သင်သည် ကမ္ဘာမြေပေါ်၌ ကောင်းစားလျက် အသက်ရှည်ရလိမ့်မည်” ဟူသောကတိတော်ပါသည့် ပထမပညတ်ချက်ဖြစ်၏။
4
ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။
5
ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကိုနာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ရိုးသားသောစိတ်နှလုံးဖြင့် သင်တို့၏လောကီသခင်များကို နာခံကြလော့။
6
မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ခရစ်တော်၏ကျွန်များကဲ့သို့ စိတ်နှလုံးပါလျက် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ကာ
7
လူတို့ကိုမဟုတ်ဘဲ သခင်ဘုရားကိုအစေခံသကဲ့သို့ စေတနာစိတ်ဖြင့် အစေခံကြလော့။
8
ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကောင်းသောအမှုတစ်စုံတစ်ခုကိုပြုသောသူတိုင်းသည် သခင်ဘုရားထံမှ အကျိုးခံစားရမည်ဖြစ်ကြောင်း သိမှတ်ကြလော့။
9
သခင်တို့၊ သင်တို့သည်လည်း ကျွန်များအပေါ် ထိုနည်းတူပြုကြလော့။ သူတို့ကိုမခြိမ်းခြောက်ကြနှင့်။ သင်တို့နှင့်သူတို့၏သခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၍ ထိုသခင်သည် မျက်နှာလိုက်ခြင်းမရှိကြောင်း သိမှတ်ကြလော့။
10
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
11
သင်တို့သည် မာရ်နတ်၏လျှို့ဝှက်သောအကြံအစည်များကို ခုခံတားဆီးနိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူဝတ်ဆင်ကြလော့။
12
အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြသည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။
13
ထို့ကြောင့် ဆိုးညစ်သောနေ့ရက်ကာလ၌ ကြံ့ကြံ့ခံ၍ အလုံးစုံတို့ကိုပြီးမြောက်စေလျက် ရပ်တည်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူကြလော့။
14
သို့ဖြစ်၍ သမ္မာတရားဖြင့် သင်တို့ခါးကိုစည်းလျက် ဖြောင့်မတ်ခြင်းရင်အုပ်တန်ဆာကို ဝတ်ဆင်ကာ
15
ခြေ၌ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းအတွက် အသင့်ဖြစ်ခြင်းကိုစီး၍ ရပ်တည်ကြလော့။
16
ထိုအရာအားလုံးတို့အပြင် ယုံကြည်ခြင်းဒိုင်းလွှားကို ထပ်ဆင့်၍ဆောင်ယူကြလော့။ ထိုဒိုင်းလွှားအားဖြင့် မာရ်နတ်၏တောက်လောင်နေသောမြားရှိသမျှတို့ကို သင်တို့ငြှိမ်းသတ်နိုင်ကြလိမ့်မည်။
17
ကယ်တင်ခြင်းသံခမောက်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်ဓားကိုလည်း ယူကြလော့။
18
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။
19
ငါသည် နှုတ်ကိုဖွင့်သောအခါ ပြောရမည့်စကားကို ငါ့အားပေးတော်မူ၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို ရဲရင့်စွာပြောပြနိုင်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။
20
ငါသည် ဤကောင်းမြတ်သောသတင်းအတွက် သံကြိုးဖြင့်ချည်နှောင်ထားခြင်းခံရသော သံတမန်ဖြစ်၏။ ဤသို့ချည်နှောင်ထားခြင်းခံရသော်လည်း ငါသည် ဟောပြောသင့်သည့်အတိုင်း ရဲရင့်စွာဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။
21
ငါ၌ဖြစ်နေသောအရာများနှင့် ငါပြုနေသည့်အမှုကို သင်တို့လည်းသိရှိနိုင်ရန် သခင်ဘုရား၌သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ပြောပြလိမ့်မည်။
22
သူ့ကို သင်တို့ထံသို့ ငါစေလွှတ်ခြင်းမှာ ငါတို့နှင့်ပတ်သက်သောအရာများကို သင်တို့သိရှိနိုင်ရန်နှင့် သူသည် သင်တို့၏စိတ်နှလုံးကို အားပေးနိုင်ရန်ဖြစ်၏။
23
အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်ထံမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် ညီအစ်ကိုတို့၌ တည်ရှိပါစေသော။
24
ငါတို့၏သခင်ယေရှုခရစ်တော်ကို မဖောက်ပြန်သောမေတ္တာဖြင့် ချစ်သောသူအပေါင်းတို့အပေါ်၌ ကျေးဇူးတော်သက်ရောက်ပါစေသော။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
All chapters:
1
2
3
4
5
6