bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Haggai 2
Haggai 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
1
သတ္တမလ၊ နှစ်ဆယ့်တစ်ရက်နေ့တွင် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရောက်လာ၍
2
“ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ကျန်ပြည်သူပြည်သားတို့အား ယခု မိန့်ဆိုလော့။
3
‘ရှေးယခင်ကဘုန်းအသရေနှင့်ရှိနေခဲ့သောဤအိမ်တော်ကို မြင်ခဲ့ဖူးသူ သင်တို့တွင် ရှိသေးသလော။ ယခု သင်တို့မည်သို့မြင်သနည်း။ ယခင်အိမ်တော်နှင့် လားလားမျှမတူဟု သင်တို့မြင်မိသလော။
4
သို့သော် အို ဇေရုဗဗေလ၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘အို ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘ကြိုးစားလုပ်ဆောင်ကြလော့။ သင်တို့နှင့်အတူ ငါရှိ၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
5
‘အီဂျစ်ပြည်မှ သင်တို့ထွက်လာစဉ်က သင်တို့နှင့်အတူ ပဋိညာဉ်ဖွဲ့ခဲ့သည့်အတိုင်း ငါ့ဝိညာဉ်သည် သင်တို့နှင့်အတူ ရှိ၏။ ထို့ကြောင့် ကြောက်ရွံ့ခြင်း မရှိကြနှင့်။
6
မကြာမီအချိန်တွင် ငါသည် ကောင်းကင်နှင့် မြေကြီး၊ ပင်လယ်နှင့် ကုန်းမြေတို့ကို လှုပ်ခါဦးမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
7
‘ငါသည် လူမျိုးအပေါင်းတို့ကို ကြောက်ရွံ့တုန်လှုပ်စေမည်။ လူမျိုးအပေါင်းတို့သည် သူတို့၏အဖိုးတန်ရတနာတို့ကို ယူဆောင်လာကြလိမ့်မည်။ ဤအိမ်တော်ကိုလည်း ဘုန်းအသရေတော်နှင့် ငါပြည့်စေမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
8
‘ငွေကို ငါပိုင်၏၊ ရွှေကိုလည်း ငါပိုင်၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
9
‘ဤအိမ်တော်၏ဘုန်းအသရေသည် ယခင်အိမ်တော်ထက် သာ၍ကြီးမြတ်လိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။ ‘ဤအရပ်၌လည်း ငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်ဆို၏။
10
တစ်ဖန် ဒါရိမင်းကြီး နန်းစံ ဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲထံသို့ ရောက်လာ၍
11
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ယဇ်ပုရောဟိတ်တို့ကို ပညတ်တရားအကြောင်း မေးမြန်းလော့’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
12
“တစ်စုံတစ်ဦးက သန့်ရှင်းသောပူဇော်သက္ကာအသားကို အဝတ်နှင့် ထုတ်ယူလာ၍ ထိုထုတ်ယူလာသောအဝတ်သည် မုန့်၊ စွပ်ပြုတ်၊ စပျစ်ဝိုင်၊ ဆီ အစရှိသောစားစရာတစ်ခုခုနှင့် ထိမိလျှင် ထိုစားစရာသည် သန့်ရှင်းသွားပါမည်လော”ဟုမေးလျှင် ယဇ်ပုရောဟိတ်တို့က “မသန့်ရှင်းပါ”ဟု ဖြေကြ၏။
13
ဟဂ္ဂဲကလည်း “ညစ်ညူးသောအသေကောင်ကိုထိမိပြီးမှ ထိုစားစရာကို ထိမိလျှင်လည်း ညစ်ညူးသလော”ဟု မေးလျှင် ယဇ်ပုရောဟိတ်တို့က “ညစ်ညူးသည်”ဟု ပြန်ဖြေကြ၏။
14
ထိုအခါ ဟဂ္ဂဲက သူတို့အား “ထာဝရဘုရားက ‘ဤလူမျိုး၊ ဤပြည်သားတို့သည်လည်း ငါ့ရှေ့မှောက်တွင် ဤနည်းအတိုင်းပင် ဖြစ်၏။ သူတို့လက်နှင့်လုပ်ဆောင်သမျှတို့သည်လည်း ဤနည်းအတိုင်းပင် ဖြစ်၏။ သူတို့ပူဇော်သောအရာသည်လည်း ညစ်ညူး၏’ဟု မိန့်တော်မူ၏။
15
‘ယခုမှစ၍ ထာဝရဘုရား၏ဗိမာန်တော်တွင် ကျောက်တုံးတစ်တုံးပေါ်တစ်တုံးဆင့်သောနေ့ မရောက်မီအထိ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။
16
ထိုကာလတွင် စပါးပုံကို ခြင်သောအခါ တင်းနှစ်ဆယ်ရမည်ဟုထင်သော်လည်း ဆယ်တင်းသာ ရပြီး စပျစ်ဝိုင်စည်တွင် စပျစ်ဝိုင်လာခပ်သောအခါ အချိန်ငါးဆယ်ရမည်ဟုထင်သော်လည်း အချိန်နှစ်ဆယ်သာ ရသည်မဟုတ်လော။
17
သင်တို့စိုက်ပျိုးလုပ်ဆောင်သမျှကို လောင်မီးပိုးကျခြင်း၊ မှိုရောဂါစွဲခြင်း၊ မိုးသီးကျခြင်းတို့ဖြင့် ငါဒဏ်ခတ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ။
18
ယနေ့မှစ၍ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။ ထာဝရဘုရား၏ဗိမာန်တော်ကို အုတ်မြစ်ချသောနေ့၊ နဝမလ နှစ်ဆယ့်လေးရက်နေ့မှစ၍ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။
19
စပါးကျီထဲ၌ မျိုးစေ့ရှိသေးသလော။ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်နှင့် သံလွင်ပင်တို့ အသီးမသီးလျှင်လည်း ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ပြန်ပြော၏။
20
ထိုလ၊ နှစ်ဆယ့်လေးရက်နေ့တွင်ပင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲထံ ဒုတိယအကြိမ်ရောက်လာ၍
21
“ယုဒဘုရင်ခံဇေရုဗဗေလအား ‘ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါဦးမည်။
22
တိုင်းနိုင်ငံရှိ ရာဇပလ္လင်တို့ကို ငါဖြိုလှဲမည်။ တိုင်းတစ်ပါးသားတို့၏နိုင်ငံ့အင်အားကို ငါဖြိုဖျက်မည်။ စစ်ရထားနှင့်တကွ စီးနင်းသူတို့ကို မှောက်လှန်ပစ်မည်။ အချင်းချင်းဓားဖြင့်ခုတ်ကြသဖြင့် မြင်းများနှင့် မြင်းစီးသူရဲတို့သည် လဲကျသေဆုံးကြရလိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
23
‘ရှာလသေလသား ငါ့အစေအပါး ဇေရုဗဗေလ၊ ထိုနေ့ရက်တွင် သင့်ကို ငါခေါ်ထုတ်မည်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘သင့်ကို ငါရွေးချယ်ပြီဖြစ်၍ တံဆိပ်လက်စွပ်ကဲ့သို့ ဖြစ်စေမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
All chapters:
1
2