bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Job 3
Job 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 4 →
1
နောက်ဆုံးတွင် ယောဘသည် နှုတ်ကိုဖွင့်၍ မိမိမွေးသောနေ့ကို ကျိန်ဆဲလေ၏။
2
ယောဘက
3
“ငါမွေးဖွားသောနေ့ ‘သားယောက်ျား သန္ဓေတည်ပြီ’ဟု ဆိုသောညသည် ပျက်စီးပါစေ။
4
ထိုနေ့ရက်သည် မှောင်မိုက်ဖြစ်ပါစေ။ အထက်အရပ်ရှိဘုရားသခင်သည် ထိုနေ့ရက်ကို အမှတ်မထားပါစေနှင့်။ ထိုနေ့ရက်သည် အလင်း မထွန်းလင်းပါစေနှင့်။
5
ထိုနေ့ရက်ကို မှောင်မိုက်ခြင်းနှင့် သေမင်းအရိပ်တို့သည် သိမ်းယူပါစေ။ တိမ်တိုက်ဖုံးလွှမ်းပါစေ။ နေ့၏အမှောင်ထုသည် ထိုနေ့ရက်ကို ခြောက်လှန့်ပါစေ။
6
ထိုညကိုလည်း အမှောင်ထု သိမ်းပိုက်သွားပါစေ။ တစ်နှစ်တာ၏နေ့ရက်များတွင် ထိုညသည် ဝမ်းသာအားရခွင့် မရပါစေနှင့်။ လတို့၏အရေအတွက်ထဲတွင်လည်း စာရင်းမဝင်ပါစေနှင့်။
7
ကြည့်ရှုလော့။ ထိုညသည် မြုံပါစေ။ ရွှင်လန်းခြင်းအသံမျှ မရှိပါစေနှင့်။
8
နေ့ကိုကျိန်ဆဲသူများ၊ လဝိသန် ကိုနှိုးဆွဖို့ အသင့်ရှိသောသူများသည် ထိုညကို ကျိန်ဆဲကြပါစေ။
9
ထိုည၏ညဥ့်ဦးယံကြယ်တို့ ကွယ်ပါစေ။ အလင်းကိုစောင့်မျှော်သော်လည်း မရပါစေနှင့်။ အရုဏ်ဦးလင်းရောင်ခြည်ကိုလည်း မတွေ့ရပါစေနှင့်။
10
အကြောင်းမူကား ငါ့အမိဝမ်းကိုမပိတ်ပေးပါ။ အခက်အခဲပြဿနာကိုလည်း ငါ့ထံမှ မလွှဲပေးပါ။
11
ငါသည် မွေးစကပင် အဘယ်ကြောင့် မသေရသနည်း။ အမိဝမ်းထဲကထွက်လာစဉ်ကပင် အဘယ်ကြောင့် အသက်မချုပ်ငြိမ်းရသနည်း။
12
ဒူးတို့သည်လည်း အဘယ်ကြောင့် ငါ့ကိုကြိုဆိုကြသနည်း။ အဘယ်ကြောင့် နို့ကို ငါစို့ရသနည်း။
13
ထိုသို့သာမဖြစ်ခဲ့လျှင် ငါသည် ယခု ငြိမ်းချမ်းစွာလဲလျောင်းရလေပြီ။ အိပ်စက်အနားယူရလေပြီ။
14
မိမိတို့အတွက် ပြိုပျက်ရာများကိုပြန်လည်တည်ဆောက်နေကြသော ရှင်ဘုရင်များ၊ လောကီအကြံပေးသူများ၊
15
ရွှေကိုပိုင်ဆိုင်၍ မိမိတို့အိမ်ကို ငွေဖြင့်ပြည့်စေသော မင်းညီမင်းသားများနှင့်အတူ အိပ်စက်အနားယူနေရပြီ။
16
သို့မဟုတ် ငါသည် မြေမြှုပ်ခံရသည့်အသေမွေးသောကလေးကဲ့သို့လည်းကောင်း၊ အလင်းမမြင်လိုက်ရသောကလေးကဲ့သို့လည်းကောင်း အဘယ်ကြောင့် မဖြစ်ရသနည်း။
17
ထိုနေရာတွင် လူဆိုးတို့ဒုက္ခမပေးနိုင်။ ထိုနေရာတွင် မောပန်းသူတို့ ငြိမ်းချမ်းစွာနေရ၏။
18
ထိုနေရာတွင် အဓမ္မစေခိုင်းသံများမကြားရဘဲ အကျဉ်းသားတို့ အေးချမ်းစွာနေကြရ၏။
19
ထိုနေရာတွင် အယုတ်အမြတ်ဟူ၍ မရှိ။ ကျွန်သည်လည်း သခင့်လက်မှလွတ်မြောက်ရ၏။
20
ဒုက္ခရောက်နေသူကို အဘယ်ကြောင့် အလင်းပေးသနည်း။ ခါးသီးစွာခံစားနေရသူတို့ကို အဘယ်ကြောင့် အသက်ရှင်ခွင့်ပေးသနည်း။
21
သေခြင်းကိုတောင့်တသောသူတို့သည် သေခွင့်ကို မရကြ။ သူတို့သည် ဝှက်ထားသောဘဏ္ဍာထက် သေခြင်းကို သာ၍ရှာဖွေကြ၏။
22
သင်္ချိုင်းကိုသာရှာတွေ့လျှင် အဘယ်မျှလောက် ဝမ်းမြောက်ပျော်ရွှင်ကြမည်နည်း။
23
လမ်းပျောက်နေသူ၊ ဘုရားသခင်ဆီးတားပိတ်ဆို့ထားသောသူကို အဘယ်ကြောင့် အလင်းပေးသနည်း။
24
ငါသည် စားသောက်ရမည့်အစား ငိုကြွေးနေရပါ၏။ ရေစီးဆင်းသကဲ့သို့ ညည်းတွားနေရပါ၏။
25
ငါကြောက်ရွံ့ထိတ်လန့်သောအရာသည် ငါ့အပေါ်သို့ ကျရောက်လာပြီ။ ငါစိုးရိမ်သောအမှုကို ငါကြုံရလေပြီ။
26
ဒုက္ခဆင်းရဲနှင့်ကြုံနေရပြီဖြစ်၍ ငါ၌ ဝမ်းမြောက်ခြင်းမရှိ။ ငြိမ်သက်ခြင်းမရှိ။ အေးအေးချမ်းချမ်းနေခွင့်မရတော့ပြီ”ဟု ညည်းဆိုလေ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42