bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Jude 1
Jude 1
Burmese MSBU
Jump to:
Chapter 1
1
ယေရှုခရစ်တော်၏အစေအပါး၊ ယာကုပ်၏ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုခံစားရ၍ ယေရှုခရစ်တော်၏စောင့်ရှောက်မှုအောက်၌ရှိသော ခေါ်ယူတော်မူခြင်းခံရသူတို့ထံသို့ စာရေးလိုက်ပါ၏။
2
ကရုဏာတော်၊ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် သင်တို့၌ တိုးပွားပါစေသော။
3
ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။
4
အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။
5
သင်တို့သည် ဤအရာအားလုံးကိုသိကြပြီဖြစ်သော်လည်း သင်တို့ကို ငါသတိပေးနှိုးဆော်လိုသည်မှာ ထာဝရဘုရားသည် လူမျိုးတော်ကို အီဂျစ်ပြည်မှ အပြီးအပိုင်ကယ်လွှတ်တော်မူပြီးနောက် မယုံကြည်သောသူတို့ကို တစ်ဖန်ဖျက်ဆီးတော်မူ၏။
6
ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။
7
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။
8
ထိုနည်းတူ ဤအိပ်မက်မြင်မက်တတ်သောသူတို့သည်လည်း ကိုယ်ကာယကိုညစ်ညူးစေလျက် အုပ်စိုးခြင်းကိုဝန်မခံဘဲ ဘုန်းအသရေရှိသောသူကို စော်ကားပြောဆိုတတ်ကြ၏။
9
ကောင်းကင်တမန်မင်းမိက္ခေလပင် မာရ်နတ်နှင့်ငြင်းခုံလျက် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ အချေအတင်ပြောဆိုကြသောအခါ ရှုတ်ချပြစ်တင်သည့်စီရင်ခြင်းကိုမပြုဝံ့ဘဲ “ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေ”ဟူ၍သာ ပြောဆိုခဲ့၏။
10
သူတို့မူကား မိမိတို့မသိသောအရာများကို စော်ကားပြောဆိုကြလျက် ဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ ပင်ကိုသဘာဝအရသိထားသည့်အရာများ၌ပင် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။
11
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကာဣန၏လမ်းစဉ်ကိုလိုက်၍ အခကြေးငွေအတွက် ဗာလမ်၏မှားယွင်းခြင်းထဲသို့ကျရောက်သွားကာ ကောရ၏ဆန့်ကျင်မှုမျိုး၌ ပျက်စီးဆုံးရှုံးကြ၏။
12
သူတို့သည် သင်တို့နှင့်အတူစားသောက်သောအခါ ရှက်ကြောက်ခြင်းမရှိဘဲ မိမိတို့အတွက်သာ ဂရုစိုက်လျက် သင်တို့၏မေတ္တာပွဲ၌ အစွန်းအထင်းများဖြစ်ကြ၏။ သူတို့သည် လေ၌လွင့်ပါသွားသော မိုးရေမပါသည့်မိုးတိမ်များ၊ အမြစ်ပါမကျန်ဆွဲနုတ်ခံရ၍ နှစ်ကြိမ်သေသည့် အသီးမသီးသော ဆောင်းဦးကာလသစ်ပင်များ၊
13
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။
14
အာဒံမှ ခုနစ်ဆက်မြောက်သောမျိုးဆက်ဖြစ်သည့် ဧနောက်သည်လည်း သူတို့နှင့်ပတ်သက်၍ ပရောဖက်ပြုဟောပြောလျက် “ကြည့်ရှုလော့။ ထာဝရဘုရားသည် အတိုင်းမသိများစွာသော မိမိ၏သန့်ရှင်းသူတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။
15
ဤသည်ကား လူအပေါင်းတို့ကိုတရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာဖြင့်ပြုခဲ့သောသူတို့၏ဘုရားတရားမဲ့ခြင်းအမှုအလုံးစုံအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကိုဆန့်ကျင်ပြောဆိုသည့် ပြင်းထန်သောစကားအလုံးစုံအတွက်လည်းကောင်း သူတို့အားလုံး၏အပြစ်ကိုဖော်ပြရန်ဖြစ်၏”ဟု ဆိုထား၏။
16
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။
17
ချစ်ရသောသူတို့၊ သင်တို့မူကား ငါတို့သခင်ယေရှုခရစ်တော်၏တမန်တော်များ ကြိုတင်ပြောထားခဲ့သောစကားတို့ကို သတိရကြလော့။
18
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့ခြင်းနှင့်ဆိုင်သော တပ်မက်ခြင်းများအတိုင်းလျှောက်လှမ်းသည့် ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မည်”ဟု သင်တို့အား ပြောထားခဲ့ကြ၏။
19
ထိုသူတို့သည် ကွဲပြားမှုကိုဖြစ်စေသောသူ၊ ဇာတိနှင့်ဆိုင်သောသူ၊ ဝိညာဉ်တော်ကိုမရသောသူများဖြစ်ကြ၏။
20
ချစ်ရသောသူတို့၊ သင်တို့မူကား မိမိတို့၏အလွန်သန့်ရှင်းသောယုံကြည်ခြင်းအပေါ်၌ မိမိတို့ကိုယ်ကိုတည်ဆောက်လျက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်းကြလော့။
21
ဘုရားသခင်၏မေတ္တာတော်၌ မိမိကိုယ်ကိုစောင့်ထိန်း၍ ထာဝရအသက်သို့ပို့ဆောင်သည့် ငါတို့သခင်ယေရှုခရစ်တော်၏ကရုဏာတော်ကို စောင့်မျှော်ကြလော့။
22
သံသယရှိသောသူတို့အပေါ်ကရုဏာထားကြလော့။
23
အချို့သောသူတို့ကို မီးထဲမှဆွဲထုတ်ကယ်တင်ကြလော့။ အချို့တို့ကိုမူ သူတို့၏သွေးသားဇာတိဖြင့်ညစ်ညူးစွန်းထင်းနေသောအင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သောစိတ်နှင့်တကွ သူတို့ကိုကရုဏာထားကြလော့။
24
သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော
25
ငါတို့၏ကယ်တင်ရှင်၊ တစ်ဆူတည်းသောဘုရားသခင်၌ ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်တော်၊ တန်ခိုးအရှိန်အဝါနှင့် အာဏာစက်တို့သည် ယခင်ကာလအစဉ်အဆက်၊ ယခုကာလနှင့် နောင်လာမည့်ကာလအစဉ်အဆက်ရှိတော်မူပါစေသော။ အာမင်။
Jump to:
Chapter 1
All chapters:
1
Recommended Reading
Commentary
Jude Commentaries
→
Devotional
Jude Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→