bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Micah 5
Micah 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 6 →
1
အို စစ်သမီးပျိုတပ်ဖွဲ့တို့၊ စုဝေးကြလော့။ ငါတို့ ဝိုင်းထားခံရပြီ။ အစ္စရေးအုပ်ချုပ်သူတို့၏ပါးကို ကြိမ်လုံးနှင့်ရိုက်ကြပြီ။
2
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
3
သို့သော် သားဖွားမည့်မိန်းမ သားဖွားပြီးသည့်အချိန်ထိ ကိုယ်တော်သည် သူတို့ကို ပစ်ထားလိမ့်မည်။ ထို့နောက်မှ ကြွင်းကျန်သောညီအစ်ကိုတို့သည် အစ္စရေးအမျိုးသားတို့ထံ ပြန်လာကြလိမ့်မည်။
4
သူသည် ထာဝရဘုရား၏အစွမ်း၊ သူ၏ဘုရားသခင် ထာဝရဘုရား၏နာမတန်ခိုး၌ ရပ်တည်၍ မိမိသိုးတို့ကိုထိန်းကျောင်းလိမ့်မည်။ သူသည် ယခုမှစ၍ မြေကြီးဆုံးတိုင်အောင်ကြီးမြတ်မည်ဖြစ်၍ သိုးတို့သည်လည်း လုံခြုံစွာနေရကြလိမ့်မည်။
5
သူသည် ငြိမ်းချမ်းခြင်းအကြောင်း ဖြစ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့ ချီလာ၍ ငါတို့၏ခံတပ်များထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့ကို တိုက်ခိုက်မည့် သိုးထိန်းခုနစ်ပါး၊ မင်းညီမင်းသားရှစ်ပါးကို ငါတို့တင်မြှောက်ကြမည်။
6
သူတို့သည် အဆီးရီးယားပြည်ကို ဓားဖြင့်စောင့်ကြပ်လိမ့်မည်။ နိမ်ရောဒပြည်အဝင်ဝတို့၌လည်း စောင့်ကြပ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့လာ၍ ငါတို့နယ်နိမိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့သည် ငါတို့ကို အဆီးရီးယားလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။
7
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
8
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် တောတိရစ္ဆာန်တို့အလယ်မှ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်တို့အလယ်မှ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း လူမျိုးခြားတို့အလယ်၊ လူများစွာတို့ကြားတွင် ရှိနေလိမ့်မည်။ ထိုခြင်္သေ့တို့သည် သွားလာ၍ မည်သူမျှမကယ်နိုင်အောင် စားသောက်ကိုက်ဖြတ်တတ်၏။
9
သင်သည် သင့်ရန်သူတို့အပေါ်လက်ကိုချီ၍ သင့်ရန်သူအပေါင်းတို့ ပျက်စီးသွားရလိမ့်မည်။
10
ထာဝရဘုရားက “ထိုနေ့ရက်တွင် သင်၏မြင်းများကို ငါဖယ်ရှားပစ်မည်။ သင်၏စစ်ရထားတို့ကို ဖျက်ဆီးပစ်မည်။
11
သင့်ပြည်ရှိ မြို့များကို ငါဖျက်ဆီးပစ်မည်။ သင့်ခံတပ်ရှိသမျှတို့ကိုလည်း ဖြိုချပစ်မည်။
12
သင်တတ်မြောက်သောမှော်အတတ်များကို သင့်ထံမှ ငါဖယ်ရှားပစ်မည်။ ဗေဒင်ဟောသောသူများလည်း သင်၌ ရှိတော့မည်မဟုတ်။
13
သင်၏ရုပ်တုဆင်းတုများ၊ အထိမ်းအမှတ်ကျောက်တိုင်များကိုလည်း သင့်ထံမှ ငါဖယ်ရှားပစ်မည်။ သင့်လက်ဖြင့် ထုလုပ်သောဘုရားများကို သင်ရှိခိုးကိုးကွယ်ရတော့မည်မဟုတ်။
14
သင်၏အာရှရနတ်ဘုရားမတံခွန်တိုင်များကို ငါနုတ်ပစ်မည်။ သင်၏မြို့ရွာများကိုလည်း ဖျက်ဆီးပစ်မည်။
15
ငါ့ကို မနာခံသောလူမျိုးခြားတို့ကို အမျက်ဒေါသဖြင့် ငါလက်စားချေမည်”ဟု မိန့်တော်မူ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 6 →
All chapters:
1
2
3
4
5
6
7