bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Nahum 3
Nahum 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
လူသတ်သောမြို့သည် အမင်္ဂလာရှိ၏။ ထိုမြို့သည် လိမ်လည်လှည့်စားမှု၊ တိုက်ခိုက်လုယက်မှုနှင့်ပြည့်သောမြို့ ဖြစ်၏။ သားကောင်ကို မပြတ်မလပ်ဖမ်းစား၏။
2
ကျာပွတ်ရိုက်သံ၊ ဘီးလိမ့်သံ၊ မြင်းခွာသံ၊ စစ်ရထားနှင်သံ တို့ပါတကား။
3
တောက်ပြောင်သောဓားကိုဝင့်လျက်၊ လင်းလက်သောလှံကိုမြှောက်လျက် မြင်းစီးသူရဲတို့ ချီလာကြပြီ။ လူအမြောက်အမြား အသတ်ခံရသဖြင့် အလောင်းကောင်များ စုပုံနေပြီ။ အလောင်းကောင်တို့သည်လည်း အတိုင်းမသိများပြားကြ၏။ ထိုအလောင်းများကိုပင် ခလုတ်တိုက်လဲကျကြလေပြီ။
4
အကြောင်းမှာ သူသည် ရာဂစိတ်ပြင်းထန်သောပြည့်တန်ဆာမ၊ အဆင်းလှ၍ ပြုစားတတ်သောမှော်ဆရာမ ဖြစ်သည်နှင့်အညီ ပြည့်တန်ဆာအလုပ်၊ မှော်အတတ်တို့ဖြင့် လူအမျိုးမျိုးအနွယ်နွယ်တို့ကို ကျွန်ပြုသောကြောင့် ဖြစ်၏။
5
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကိုဆန့်ကျင်၍ သင့်အဝတ်ကို သင့်မျက်နှာအုပ်သွားသည်အထိ လှန်ပစ်မည်။ ငါသည် သင် အဝတ်အချည်းစည်းရှိသည်ကို လူမျိုးတကာတို့အား ပြ၍ သင်အရှက်ကွဲသည်ကိုလည်း တိုင်းနိုင်ငံတို့အား ပြမည်။
6
သင့်အပေါ်သို့ မစင်ကို ပစ်ချမည်။ သင့်ကို မထီမဲ့မြင်ပြုမည်။ သင့်ကို သူတစ်ပါးကြည့်စရာ ဖြစ်စေမည်။
7
သင့်ကိုမြင်သောသူအားလုံးတို့သည် ထွက်ပြေးကြ၍ ‘နိနေဝေမြို့ကြီး ပျက်စီးလေပြီ။ သူ့အဖို့ မည်သူမြည်တမ်းမည်နည်း’ဟု ဆိုကြလိမ့်မည်။ သင့်ကို နှစ်သိမ့်ပေးမည့်သူများကို အဘယ်မှာ ငါရှာတွေ့နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
8
သင်သည် ရေပတ်လည်ဝိုင်းလျက် ပင်လယ်တံတိုင်း၊ ရေမြို့ရိုးဖြင့်ကာရံထား၍ နိုင်းမြစ်နံဘေးတွင်တည်သော နောအာမုန်မြို့ထက် ခိုင်ခံ့သလော။
9
အီသီယိုးပီးယားပြည်နှင့် အီဂျစ်ပြည်သည် သူ့အဖို့ အတိုင်းအဆမရှိသောအင်အား ဖြစ်၏။ ဖုတပြည်နှင့် လစ်ဗျားပြည်သည်လည်း သူ့ကို ကူညီပေးသောသူများဖြစ်၏။
10
သို့သော်လည်း သူသည် သုံ့ပန်းအဖြစ်ဖမ်းခေါ်သွားခြင်းခံရ၍ ကလေးသူငယ်များသည် လမ်းဆုံလမ်းခွတိုင်း၌ ကိုင်ယူပေါက်သတ်ခြင်းခံရလေပြီ။ သူ၏လူကြီးလူကောင်းများသည် မဲချခွဲဝေခြင်းခံရပြီး မင်းအရာရှိအားလုံးလည်း သံကြိုးဖြင့်ချည်နှောင်ခြင်းခံရကြလေပြီ။
11
သင်သည်လည်း ရန်သူကြောင့် ပုန်းခိုနေရ၍ မူးနောက်နေလိမ့်မည်။ ခိုလှုံရာကိုလည်း ရှာရလိမ့်မည်။
12
သင်၏ခံတပ်ရှိသမျှသည် အဦးဆုံးအသီးများမှည့်နေသည့် သဖန်းပင်နှင့်တူ၏။ ထိုအပင်တို့ကိုလှုပ်ခါလိုက်လျှင် အသီးတို့သည် စားမည့်သူ၏ပါးစပ်ထဲသို့ ပြုတ်ကျ၏။
13
ကြည့်ရှုလော့။ သင့်စစ်သည်တို့သည် မိန်းမသဖွယ်ဖြစ်လေပြီ။ ကန့်လန့်ကျင်တို့ကို မီးလောင်ကျွမ်းပြီး မြို့တံခါးတို့သည်လည်း ရန်သူတို့အဖို့ ဟင်းလင်းပွင့်လေပြီ။
14
ဝိုင်းရံပိတ်ဆို့ခံရမည်ဖြစ်၍ ရေကို လှောင်ထားလော့။ အုတ်ဖိုကိုပြင်ဆင်၍ ရွှံ့ကိုနင်းနယ်လော့။ သင့်ခံတပ်တို့ကို ခိုင်ခံ့စေလော့။
15
ထိုအရပ်၌ပင် သင်သည် မီးလောင်ခံရမည်။ ဓားဖြင့် ခုတ်သတ်ခံရမည်။ ယာလက်ကျိုင်းဝါးမျိုခံရသကဲ့သို့ ဝါးမျိုခံရမည်။ သင့်ကိုယ်သင် ယာလက်ကျိုင်းကဲ့သို့ တိုးပွားစေလော့။ သင့်ကိုယ်သင် အရာဘကျိုင်းကဲ့သို့ တိုးပွားစေလော့။
16
သင့်ကုန်သည်တို့သည် ကောင်းကင်ကြယ်နှင့်အမျှ များပြားသော်လည်း ယာလက်ကျိုင်းကဲ့သို့ အရေခွံကျွတ်၍ ပျံသန်းသွားကြလိမ့်မည်။
17
သင့်ကင်းစောင့် တို့သည် အရာဘကျိုင်းတို့နှင့် တူ၏။ သင့်အရာရှိတို့သည်လည်း ဂေါဘကျိုင်းကောင်အုပ်ကြီးနှင့် တူ၏။ ချမ်းအေးချိန်တွင် ခြံစည်းရိုးများ၌ တွယ်ကပ်နေပြီး နေထွက်လာသောအခါ အဝေးသို့ပျံသန်းသွားကြ၏။ အဘယ်အရပ်သို့ ရောက်သည်ကို မသိရ။
18
အို အဆီးရီးယားမင်းကြီး၊ သင့်သိုးထိန်းတို့ အိပ်ငိုက်နေကြပြီ။ သင့်မှူးမတ်တို့ လဲလျောင်းနေကြပြီ။ သင့်ပြည်သူပြည်သားတို့သည် တောင်များပေါ်တွင် ကွဲလွင့်ကုန်ကြ၍ စုစည်းပေးမည့်သူ မရှိ။
19
သင့်ဒဏ်ရာကို ကုသပေးမည့်သူမရှိ။ သင့်အနာသည် ဆိုးရွားလှ၏။ သင်မနှိပ်စက်ခဲ့ဖူးသူ ရှိသလော။ ထို့ကြောင့် သင့်သတင်းကို ကြားရသောသူအားလုံး လက်ခုပ်တီးကြလိမ့်မည်။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3