bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Obadiah 1
Obadiah 1
Burmese MSBU
Jump to:
Chapter 1
1
ဩဗဒိမြင်ရသောဗျာဒိတ်နိမိတ်ကား ဤသို့တည်း။ ဧဒုံပြည်နှင့်ပတ်သက်၍ ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ထာဝရဘုရားသည် လူမျိုးခြားတို့ထံသို့ သံတမန်ကို စေလွှတ်၍ “ထကြ၊ ဧဒုံပြည်ကို သွားတိုက်ကြစို့”ဟု ဆင့်ဆိုစေသောသတင်းစကားကို ငါတို့ကြားရပြီ။
2
“ကြည့်ရှုလော့။ ငါသည် သင့်ကို လူမျိုးတကာတို့အလယ်တွင် သေးသိမ်သောသူ ဖြစ်စေမည်။ သင်သည် မထီမဲ့မြင်ပြုခြင်းကို အပြင်းအထန်ခံရမည်။
3
ကျောက်ဆောင်များကြား မြင့်မားသောနေရာ၌နေ၍ ‘မည်သူသည် ငါ့ကို မြေကြီးပေါ်ဆွဲချနိုင်မည်နည်း’ဟု သင်တွေး၏။ သင့်မာနက သင့်ကိုလှည့်စားလေပြီ။
4
သင်သည် လင်းယုန်ကဲ့သို့အမြင့်၌နေ၍ ကြယ်များအလယ်တွင် အသိုက်ကို လုပ်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
5
“ညအချိန် သင့်ကို သူခိုးဓားပြဝင်တိုက်လျှင် သင်မည်မျှဆုံးရှုံးသွားမည်နည်း။ သူတို့လိုချင်သောအရာကိုသာ ယူသွားကြမည်မဟုတ်လော။ သင့်ခြံ၌ စပျစ်သီးလာခူးကြလျှင် ကောက်သင်းကောက်သူအတွက် ချန်ထားတတ်ကြသည်မဟုတ်လော။
6
ယခုမူ ဧသောသည် လုယက်ခံရပြီ။ သူ၏အတွင်းဥစ္စာများ မွှေနှောက်ခံရလေပြီ။
7
သင်၏မဟာမိတ်အပေါင်းတို့သည် သင့်ကိုနယ်စပ်တိုင်အောင်နှင်ထုတ်လိမ့်မည်။ သင်နှင့်ရင်းနှီးကျွမ်းဝင်သူတို့သည်လည်း သင့်ကိုလှည့်စားအနိုင်ယူလိမ့်မည်။ သင်၏မုန့်ကို စားသောသူတို့သည် သင့်ကို ထောင်ဖမ်းလိမ့်မည်။ သို့သော် ထိုအဖြစ်အပျက်တို့ကို သင်နားလည်နိုင်မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
8
“ထိုနေ့ရက်တွင် ဧဒုံပြည်မှ ပညာရှိများ၊ ဧသောတောင်မှ ထိုးထွင်းဉာဏ်ရှိသူတို့ကို ငါဖယ်ရှားပစ်မည်။
9
အို တေမန်မြို့၊ သင်၏စစ်သူရဲတို့ စိတ်ပျက်အားလျော့ကြသောကြောင့် ဧသောတောင်ရှိလူအားလုံး သတ်ဖြတ်သုတ်သင်ခြင်းခံရလိမ့်မည်။
10
သင့်ညီယာကုပ်ကို ရက်စက်ခဲ့သောအမှုကြောင့် သင်သည် အရှက်ကို ခြုံရလိမ့်မည်။ ထာဝရတိမ်မြုပ်သွားရလိမ့်မည်။
11
ယာကုပ်၏ဥစ္စာပစ္စည်းများကို သူစိမ်းတို့ သိမ်းယူသွားသောနေ့၊ တစ်ပါးအမျိုးသားတို့ မြို့တံခါးများမှ ဝင်ရောက်လာပြီး ဂျေရုဆလင်မြို့ကို မဲချသောနေ့တွင် သင်သည်ဘေးမှရပ်ကြည့်နေ၏။ သင်သည် ထိုသူတို့နှင့်အလိုတူအလိုပါဖြစ်၏။
12
သင့်ညီ ဘေးဆိုးကြုံရသောနေ့တွင် သင်ကြည့်မနေသင့်။ ယုဒအမျိုးသားတို့ ဖျက်ဆီးခံရသောနေ့တွင် သင်ဝမ်းမမြောက်သင့်။ ဆင်းရဲဒုက္ခရောက်သောနေ့တွင် သင်လှောင်ပြောင်မပြောဆိုသင့် ။
13
ငါ့လူမျိုးတော် ဘေးဒုက္ခရောက်သောနေ့တွင် သင်သည် သူ၏မြို့တံခါးထဲသို့ မဝင်သင့်။ သူတို့ဘေးဒုက္ခရောက်သောနေ့တွင် သူတို့ဘေးရောက်သည်ကို သင်ကြည့်မနေသင့်။ သူတို့ဘေးဒုက္ခရောက်သောနေ့တွင် သူတို့၏ဥစ္စာပစ္စည်းကို သင်မသိမ်းယူသင့်။
14
ထွက်ပြေးလွတ်မြောက်လာသူများကို သုတ်သင်ပစ်ရန် လမ်းဆုံလမ်းခွ၌ သင်စောင့်မနေသင့်။ ဆင်းရဲဒုက္ခနေ့တွင် အသက်ရှင်ကျန်ရစ်သူများကို ရန်သူ့လက်သို့ သင်မအပ်နှံသင့်။
15
အကယ်စင်စစ် လူမျိုးတကာတို့ကို စီရင်မည့် ထာဝရဘုရားနေ့တော်သည် ရောက်လုနီးပြီ။ ထိုနေ့တွင်သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ခံရမည်။ သင်ပြုသမျှ သင့်ခေါင်းပေါ်ပြန်ရောက်လိမ့်မည်။
16
ငါ၏သန့်ရှင်းသောတောင်ပေါ်တွင် သင်တို့သောက်ခဲ့ရသကဲ့သို့ လူမျိုးတကာတို့သည်လည်း အစဉ်မပြတ်သောက်ရလိမ့်မည်။ သူတို့သည် သောက်၍မျိုချပြီး မဖြစ်စဖူးအဖြစ်မျိုး ကြုံရလိမ့်မည်။
17
သို့သော် ဇိအုန်တောင်ပေါ်တွင် အသက်ရှင်ကျန်ရစ်သူ ရှိလိမ့်မည်။ ထိုတောင်သည် သန့်ရှင်းရာတောင်ဖြစ်၍ ယာကုပ်အမျိုးအနွယ်တို့သည် အမွေအဖြစ် ပိုင်ဆိုင်ရလိမ့်မည်။
18
ယာကုပ်အမျိုးအနွယ်သည် မီး၊ ယောသပ်အမျိုးအနွယ်သည် မီးလျှံဖြစ်၏။ ရိုးပြတ်နှင့်တူသော ဧသောအမျိုးအနွယ်ကို သူတို့သည် မီးညှိလိုက်သဖြင့် ဧသောအမျိုးအနွယ်ကိုဝါးမျိုလိမ့်မည်။ ဧသောအမျိုးအနွယ်တွင် အသက်ရှင်ကျန်ရစ်သူ ရှိမည်မဟုတ်”ဟု ထာဝရဘုရားမိန့်ဆိုပြီ။
19
တောင်ပိုင်းသားတို့သည် ဧသောတောင်ကို ပိုင်ဆိုင်ရလိမ့်မည်။ မြေနိမ့်သားတို့သည် ဖိလိတ္တိပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။ ဧဖရိမ်ပြည်၊ ရှမာရိပြည်တို့ကိုလည်း ပိုင်ဆိုင်လိမ့်မည်။ ဗင်္ယာမိန်အမျိုးသည် ဂိလဒ်ပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။
20
ဖမ်းခေါ်သွားခြင်းခံရသော အစ္စရေးလူမျိုးအလုံးအရင်းတို့သည် ခါနာန်ပြည်ကို ဇရတ္တမြို့တိုင်အောင် ပိုင်ဆိုင်ရလိမ့်မည်။ ဖမ်းခေါ်သွားခြင်းခံရ၍ သေဖရဒ်ပြည်သို့ရောက်ရှိသွားသော ဂျေရုဆလင်မြို့သားတို့သည် နေဂေ့အရပ်ရှိမြို့များကို ပိုင်ဆိုင်ရလိမ့်မည်။
21
ကယ်တင်မည့်သူတို့သည် ဧသောတောင်ကို အုပ်စိုးရန် ဇိအုန်တောင်ပေါ်သို့တက်လာလိမ့်မည်။ ထိုနိုင်ငံသည် ထာဝရဘုရား၏နိုင်ငံတော် ဖြစ်မည်။
Jump to:
Chapter 1
All chapters:
1
Recommended Reading
Commentary
Obadiah Commentaries
→
Devotional
Obadiah Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→