bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Philemon 1
Philemon 1
Burmese MSBU
Jump to:
Chapter 1
1
ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ချစ်ရသောငါတို့၏လုပ်ဖော်ဆောင်ဖက် ဖိလေမုန်မှစ၍
2
ငါတို့နှမအပ္ပိ၊ ငါတို့၏ရဲဘော်ရဲဘက်အာခိပ္ပုနှင့် သင်၏အိမ်၌စုဝေးသောအသင်းတော်ထံသို့ စာရေးလိုက်ပါ၏။
3
ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
4
ငါသည် ငါ၏ဆုတောင်းချက်များထဲတွင် သင့်ကိုအစဉ်သတိရလျက် ငါ၏ဘုရားသခင်ကို ကျေးဇူးတင်၏။
5
အဘယ်ကြောင့်ဆိုသော် သခင်ယေရှုနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ်၌ သင်ထားရှိသော သင်၏ချစ်ခြင်းမေတ္တာနှင့်ယုံကြည်ခြင်းအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။
6
ထို့ကြောင့် ခရစ်တော်အတွက် ငါတို့၌ရှိသည့် ကောင်းသောအရာအားလုံးတို့ကို သိခြင်းအားဖြင့် သင်၏ယုံကြည်ခြင်းနှင့်ဆိုင်သောမိတ်သဟာယဖွဲ့ခြင်းသည် ထိရောက်မှုရှိသောအရာဖြစ်လာရန် ငါဆုတောင်း၏။
7
ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။
8
ထို့ကြောင့် ငါသည် သင်ပြုသင့်သည့်အရာကိုပြုရန် အမိန့်ပေးနိုင်သည်ဟု ခရစ်တော်အားဖြင့် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသော်လည်း
9
ချစ်ခြင်းမေတ္တာအားဖြင့် သင့်အား တောင်းပန်ခြင်းအမှုကိုသာပြုပါ၏။ ဤသို့ အိုမင်းသူဖြစ်ပြီး ယခုမူကား ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားလည်းဖြစ်သည့် ငါပေါလုသည်
10
အချုပ်အနှောင်ခံရစဉ် ငါ့သားဖြစ်လာသောဩနေသိမ်အတွက် သင့်ကိုတောင်းပန်ပါ၏။
11
သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့သော်လည်း ယခုမူကား သင့်အတွက်ရော ငါ့အတွက်ပါ အသုံးဝင်သူဖြစ်လာ၏။
12
သူ့ကို သင့်ထံသို့ ငါပြန်ပို့လိုက်၏။ သူသည် ငါ၏အသည်းနှလုံးဖြစ်၏။
13
ငါသည် ကောင်းမြတ်သောသတင်းအတွက် အချုပ်အနှောင်ခံရစဉ် သင့်ကိုယ်စား ငါ့ကိုကူညီဆောင်ရွက်ပေးနိုင်ရန် သူ့ကို ငါ့ထံ၌ ခေါ်ထားလိုပါ၏။
14
သို့သော် သင်ပြုသောကောင်းမှုသည် မလွှဲမရှောင်သာ၍ပြုရခြင်းမျိုးမဟုတ်ဘဲ မိမိဆန္ဒအလျောက်ဖြစ်စေရန် သင်၏သဘောတူညီချက်မပါလျှင် မည်သည့်အရာကိုမျှ ငါမပြုလိုပါ။
15
သူသည် သင်နှင့် ခေတ္တခဏကွဲကွာခဲ့ခြင်းမှာ သင်သည် သူ့ကို ထာဝစဉ်ရရှိနိုင်ရန်အတွက် ဖြစ်ကောင်းဖြစ်လိမ့်မည်။
16
ထိုသို့ဆိုရာ၌ ကျွန်တစ်ဦးကဲ့သို့မဟုတ်တော့ဘဲ ကျွန်ထက် ပို၍မြတ်သည့် ချစ်သောညီအစ်ကိုအဖြစ် ရရှိခြင်းကိုဆိုလို၏။ အထူးသဖြင့် ငါ့အတွက် ထိုသို့ဖြစ်လေပြီ။ သင့်အတွက်မူကား သွေးသား၌လည်းကောင်း၊ သခင်ဘုရား၌လည်းကောင်း မည်မျှပို၍ ထိုကဲ့သို့ဖြစ်လိမ့်မည်နည်း။
17
သို့ဖြစ်၍ သင်သည် ငါ့ကို လုပ်ဖော်ဆောင်ဖက်အဖြစ်မှတ်ယူလျှင် ငါ့ကိုလက်ခံသကဲ့သို့ သူ့ကိုလက်ခံပါလော့။
18
အကယ်၍ သူသည် သင့်အပေါ်၌ ပြစ်မှားခြင်း၊ အကြွေးတင်ခြင်း တစ်စုံတစ်ခုရှိလျှင် ထိုအရာကို ငါ့တာဝန်ထားလော့။
19
ငါပေါလုသည် ပြန်လည်ပေးဆပ်ပါမည်ဟု ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ သင်ကိုယ်တိုင်လည်း ငါ့အား အကြွေးတင်နေကြောင်းကို ငါမပြောလိုပါ။
20
ဟုတ်ပေ၏။ ငါ့ညီ၊ ငါသည် သခင်ဘုရား၌ သင့်ထံမှ အကျိုးကျေးဇူးကိုရရှိလိုပါ၏။ ခရစ်တော်အားဖြင့် ငါ၏စိတ်နှလုံးကို ငြိမ်သက်ချမ်းသာစေပါလော့။
21
သင်၏နာခံခြင်းကို ယုံကြည်စိတ်ချ၍ ငါပြောသောအရာထက်ပင် သင်ပို၍ပြုမည်ကို သိလျက် သင့်ထံသို့ ငါစာရေးလိုက်ပါ၏။
22
တစ်ချိန်တည်းမှာပင် ငါ့အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားပါလော့။ အကြောင်းမူကား သင်တို့၏ဆုတောင်းခြင်းအားဖြင့် သင်တို့ထံသို့ရောက်ရှိရသောအခွင့်ကို ပေးတော်မူလိမ့်မည်ဟု ငါမျှော်လင့်နေ၏။
23
ခရစ်တော်ယေရှု၌ ငါနှင့်အတူအကျဉ်းချခံရသူ ဧပဖြမှစ၍
24
ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာတို့သည် သင့်ကိုနှုတ်ဆက်ကြပါ၏။
25
သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။
Jump to:
Chapter 1
All chapters:
1