bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Zephaniah 2
Zephaniah 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
အရှက်မရှိသော အို လူမျိုးတို့၊ စုဝေးကြလော့။ စုဝေးကြလော့။
2
အမိန့်တော်ရောက်လာ၍ ဖွဲကဲ့သို့ လွင့်သွားရသောနေ့ မတိုင်မီ၊ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော် သင်တို့အပေါ် မကျရောက်မီ၊ ထာဝရဘုရား၏အမျက်တော်နေ့ သင်တို့ထံ ရောက်မလာမီ
3
စိတ်နှလုံးနှိမ့်ချ၍ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ထာဝရဘုရား အမျက်တော်ကျရောက်သောနေ့တွင် အကွယ်အကာရကောင်းရနိုင်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းကိုရှာကြလော့။ စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။
4
စင်စစ် ဂါဇမြို့သည် စွန့်ပစ်ခံရလိမ့်မည်။ အာရှကေလုန်မြို့လည်း လူသူကင်းမဲ့လိမ့်မည်။ မွန်းတည့်ချိန်တွင် အာဇုတ်မြို့သားတို့ နှင်ထုတ်ခံရလိမ့်မည်။ ဧကြုန်မြို့လည်း မြေလှန်ဖျက်ဆီး ခံရလိမ့်မည်။
5
ပင်လယ်ကမ်းရိုးတန်း၌နေထိုင်သောခေရသိလူမျိုးတို့၊ သင်တို့၌အမင်္ဂလာရှိ၏။ အို ခါနာန်ပြည်ရှိဖိလိတ္တိလူမျိုးတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သင်တို့ကို ဆန့်ကျင်လျက် “စင်စစ် သင်တို့ကို တစ်ယောက်မကျန် ငါဖျက်ဆီးမည်”ဟု မိန့်ဆိုပြီ။
6
ပင်လယ်ကမ်းရိုးတန်းတွင် သိုးထိန်းတို့ကျက်စားရာမြက်ခင်းပြင်များ၊ သိုးခြံများ နေရာယူလိမ့်မည်။
7
ထိုနေရာသည် ကြွင်းကျန်သောယုဒအမျိုးအနွယ်တို့အတွက် ဖြစ်လိမ့်မည်။ သူတို့သည် ထိုနေရာတွင် ကျက်စား၍ နေဝင်ချိန်၌ အာရှကေလုန်မြို့ရှိအိမ်တို့တွင် လဲလျောင်းကြလိမ့်မည်။ စင်စစ် သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍ ဖမ်းခေါ်သွားခြင်းခံရာမှ ပြန်လာစေတော်မူမည်။
8
“မောဘပြည်သားတို့၏ကဲ့ရဲ့သံ၊ အမ္မုန်အမျိုးသားတို့၏စော်ကားသံကိုငါကြားပြီ။ သူတို့သည် ငါ့လူမျိုးတော်ကိုကဲ့ရဲ့ကြ၏။ ငါ့လူမျိုးတော်၏ပြည်ကိုလည်း ဆန့်ကျင်ပုန်ကန်ကြ၏။
9
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
10
ဤသည်ကား၊ သူတို့သည် မာနထောင်လွှား၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏လူမျိုးတော်ကို လှောင်ပြောင်ကဲ့ရဲ့သောအပြစ်ဒဏ်တည်း။
11
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။
12
“အို အီသီယိုးပီးယားလူမျိုးတို့၊ သင်တို့သည်လည်း ငါ့ဓားဖြင့် ကွပ်မျက်ခံရလိမ့်မည်။”
13
ကိုယ်တော်သည် မြောက်ဘက်အရပ်သို့ လက်ကိုဆန့်၍ အဆီးရီးယားပြည်ကို ဖျက်ဆီးမည်။ နိနေဝေမြို့ကိုလည်း လူသူကင်းမဲ့ရာ၊ ခြောက်သွေ့သောကန္တာရကဲ့သို့ ဖြစ်စေမည်။
14
ထိုနေရာသည် လူမျိုးတကာတို့၏သိုးအုပ်များ၊ တိရစ္ဆာန်များ လဲလျောင်းရာ ဖြစ်လိမ့်မည်။ ငှက်ကြီးဝန်ပို၊ ငဟစ်ငှက်တို့လည်း အပြိုအပျက်များကြားတွင် ခိုအောင်း၍ ပြတင်းပေါက်များတွင် အော်မြည်ကြလိမ့်မည်။ စင်စစ် သစ်ကတိုးသားများကို ဖျက်ဆီးမည်ဖြစ်၍ တံခါးဝတွင် အပျက်အစီးတို့ ပုံနေလိမ့်မည်။
15
ထိုမြို့သည် အပျော်အပါးများနှင့်စည်ကားသောမြို့ ဖြစ်၏။ မြို့သားတို့သည် စိတ်အေးလက်အေးနေတတ်သောသူများ၊ မိမိကိုယ်ကို “ငါမှတစ်ပါး အခြားသူမရှိ”ဟု ထင်တတ်သောသူများ ဖြစ်၏။ ယခုမှာ လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်တို့ လဲလျောင်းနားနေရာ၊ ဖြတ်သန်းသွားလာသောသူအပေါင်းတို့ လက်ဖျားခါ၍ကဲ့ရဲ့ရာ ဖြစ်လေပြီ။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3