bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Job 13
Job 13
Burmese MSBZ
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 14 →
1
စင်စစ် ဤအရာအားလုံးကို ငါ့မျက်စိဖြင့်မြင်ရပြီ၊ ငါ့နားဖြင့်ကြားရ၍ နားလည်ပြီ။
2
သင်တို့သိသကဲ့သို့ ငါလည်း သိပါ၏။ သင်တို့ထက် ငါညံ့ဖျင်းသည်မဟုတ်။
3
ငါမူကား အနန္တတန်ခိုးရှင်ကိုသာ လျှောက်တင်လိုပါ၏။ ဘုရားသခင်ထံသို့သာ လျှောက်လဲလိုပါ၏။
4
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
5
သင်တို့နှုတ်ဆိတ်နေကြလော့။ နှုတ်ဆိတ်နေခြင်းကသာ သင်တို့ကို ပညာရှိရာရောက်စေလိမ့်မည်။
6
ယခု ငါပြန်ပြောသောစကားကို နားထောင်ကြလော့။ ငါ့နှုတ်ဖြင့် လျှောက်လဲသောစကားများကို အာရုံစိုက်ကြလော့။
7
သင်တို့သည် ဘုရားသခင်ဘက်မှနေ၍ ကောက်ကျစ်သောစကား၊ လိမ်လည်လှည့်စားသောစကားတို့ကို ပြောဆိုကြမည်လော။
8
သင်တို့သည် ကိုယ်တော့်ဘက်မှာနေကြမည်လော။ ဘုရားသခင်အတွက် လျှောက်လဲပေးကြမည်လော။
9
သင်တို့ကိုစစ်ကြောတော်မူလျှင် သင်တို့အတွက် အကျိုးရှိပါမည်လော။ လူကိုလှည့်စားသကဲ့သို့ ကိုယ်တော်ကို သင်တို့လှည့်စား၍ရနိုင်မည်လော။
10
ကွယ်ရာ၌ သင်တို့မျက်နှာလိုက်တတ်ကြလျှင် သင်တို့ကို ကိုယ်တော် ဧကန်ဆုံးမတော်မူလိမ့်မည်။
11
ကိုယ်တော်၏တန်ခိုးတော်သည် သင်တို့ကို ကြောက်ရွံ့စေမည်မဟုတ်လော။ ကိုယ်တော်ထံမှ ကြောက်မက်ဖွယ်ဘေးသည် သင်တို့အပေါ် ကျရောက်မည် မဟုတ်လော။
12
သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။
13
ငါ့ရှေ့မှာ တိတ်တိတ်နေကြလော့။ ငါပြောပါရစေ။ ငါ၌ ဖြစ်ချင်ရာဖြစ်ပါစေ။
14
အဘယ်ကြောင့် ကိုယ့်အသားကို ကိုယ့်သွားနှင့် ကိုက်ထားရမည်နည်း။ အဘယ်ကြောင့် ကိုယ့်အသက်ကို ကိုယ့်လက်၌ ထည့်ထားရမည်နည်း။
15
ငါ့ကို ကွပ်မျက်တော်မူမည်ဆိုလျှင်ပင် ကိုယ်တော့်ကို ငါမျှော်လင့်နေဦးမည်။ ငါ့အမှုကို မျက်မှောက်တော်၌ လျှောက်လဲမည်။
16
ထိုသို့ပြုလျှင် ငါ့အတွက် ကယ်တင်ခြင်းအကြောင်းဖြစ်လိမ့်မည်။ အကြောင်းမူကား ဘုရားတရားမဲ့သောသူတို့သည် ဘုရားသခင်ရှေ့တော်သို့ ဝင်ခွင့်မရှိ။
17
ငါ့စကားကို သေချာနားထောင်ကြလော့။ ငါရှင်းပြသည်ကို အာရုံစိုက်ကြလော့။
18
ငါ့အမှုကို ငါပြင်ဆင်ထားပြီ။ ငါဖြောင့်မတ်ကြောင်းကို ငါသိ၏။
19
ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။
20
အကျွန်ုပ်အား အချက်နှစ်ချက်သာလျှင် မပြုဘဲ နေတော်မူပါ။ သို့ပြုလျှင် ကိုယ်တော့်ထံမှ ပုန်းရှောင်မည်မဟုတ်ပါ။
21
လက်တော်ကို အကျွန်ုပ်အပေါ်မှ ရုပ်သိမ်းတော်မူပါ။ ကိုယ်တော်ထံမှ ကြောက်မက်ဖွယ်ရာများဖြင့် အကျွန်ုပ်ကို ခြောက်လှန့်တော်မမူပါနှင့်။
22
ထိုအခါ အကျွန်ုပ်ကိုခေါ်လျှင် အကျွန်ုပ်ထူးပါမည်။ အကျွန်ုပ်လျှောက်လျှင်လည်း အကျွန်ုပ်ကို ပြန်၍ဖြေကြားတော်မူပါ။
23
အကျွန်ုပ်၏ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း။ အကျွန်ုပ်ကျူးလွန်သောအမှုနှင့် အကျွန်ုပ်၏အပြစ်တို့ကို အကျွန်ုပ်အား သိစေတော်မူပါ။
24
အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူ၍ အကျွန်ုပ်ကို ရန်သူကဲ့သို့ ထင်မှတ်တော်မူပါသနည်း။
25
လေနှင်ရာလွင့်ပါသွားသောသစ်ရွက်ကို ခြောက်လှန့်တော်မူမည်လော။ ကောက်ရိုးခြောက်ကို လိုက်တော်မူမည်လော။
26
အကျွန်ုပ်အဖို့ ပြင်းထန်သောစွဲချက်များကို ရေးမှတ်ထား၍ အကျွန်ုပ်ငယ်စဉ်က ပြုမိသောဒုစရိုက်များကို ပြန်၍ခံရစေတော်မူ၏။
27
အကျွန်ုပ်၏ခြေကို ထိတ်တုံးခတ်ထားတော်မူ၏။ အကျွန်ုပ်သွားသောလမ်းအားလုံးကို စောင့်ကြည့်၍ အကျွန်ုပ်ကို ခြေရာခံလိုက်တော်မူ၏။
28
ထို့ကြောင့် အကျွန်ုပ်သည် ဆွေးမြည့်တတ်သောအရာကဲ့သို့လည်းကောင်း၊ ပိုးကိုက်တတ်သောအဝတ်ကဲ့သို့လည်းကောင်း ယိုယွင်းပျက်စီးရပါပြီတကား။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42