bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Micah 3
Micah 3
Burmese MSBZ
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 4 →
1
အကျွန်ုပ်က “အို ယာကုပ်အမျိုးခေါင်းဆောင်တို့နှင့် အစ္စရေးအမျိုးအကြီးအမှူးတို့၊ နားထောင်ကြလော့။ တရားမျှတမှုကို သင်တို့သိသင့်သည်မဟုတ်လော။
2
သို့သော် သင်တို့သည် ကောင်းသောအရာကိုမုန်း၍ မကောင်းသောအရာကိုနှစ်သက်ကြ၏။ သူတစ်ပါးကိုယ်မှအရေခွံကိုနွှာ၍ အရိုးမှအသားကိုနွှင်ယူကြ၏။
3
ငါ့လူမျိုးတော်တို့၏အသားကို စားကြ၏။ သူတို့၏အရေခွံကိုနွှာ၍ အရိုးကို ချိုးပြီးလျှင် အိုးထဲ၊ ဒယ်အိုးထဲ ထည့်ချက်မည့်အသားကဲ့သို့ ခုတ်ထစ်ကြသည်”ဟု ဆို၏။
4
ထိုသူတို့သည် ထာဝရဘုရားထံအော်ဟစ်ဆုတောင်းသော်လည်း ကိုယ်တော်သည် သူတို့ကို ထူးတော်မူမည်မဟုတ်။ သူတို့သည် ဆိုးညစ်သောအမှုကို ပြုကြသောကြောင့် ထိုကာလတွင် ကိုယ်တော်သည် သူတို့ထံမှ မျက်နှာလွှဲတော်မူမည်။
5
အကျွန်ုပ်၏လူမျိုးကိုလမ်းလွဲစေသော ပရောဖက်တို့နှင့်ပတ်သက်၍ ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ သူတို့၏သွားများအစာဝါးစားရသောအခါ “ငြိမ်းချမ်းပါစေ”ဟု ဆိုတတ်ပြီး သူတို့၏ပါးစပ် အစာမစားရသောအခါ တိုက်ခိုက်ရန်အသင့်ပြင်ဆင်တတ်ကြ၏။
6
ထို့ကြောင့် သင်တို့သည် ညအချိန်၌ ဗျာဒိတ်နိမိတ်ရတော့မည်မဟုတ်၊ မှောင်မိုက်ချိန်၌ ဂမ္ဘီရအတတ်ကို အသုံးပြုနိုင်တော့မည်မဟုတ်။ ပရောဖက်တို့အဖို့ နေဝင်၍ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့်မည်။
7
သို့ဖြစ်၍ ဗျာဒိတ်ရသူတို့သည် အရှက်ကွဲရလိမ့်မည်။ ဂမ္ဘီရအတတ်ကိုသုံးသောသူတို့သည် မျက်နှာပျက်ရလိမ့်မည်။ ဘုရားသခင်သည် သူတို့ကိုထူးတော်မမူသောကြောင့် သူတို့အားလုံး နှုတ်ပိတ်နေရလိမ့်မည်။
8
အကျွန်ုပ်မူကား ယာကုပ်ပုန်ကန်သောအပြစ်၊ အစ္စရေးကျူးလွန်သောအပြစ်ကို ဖော်ပြနိုင်ရန် ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုးနှင့်လည်းကောင်း၊ တရားမျှတမှုနှင့် အစွမ်းတန်ခိုးတို့နှင့်လည်းကောင်း ပြည့်ဝ၏။
9
အို ယာကုပ်အကြီးအမှူးတို့နှင့် အစ္စရေးအုပ်ချုပ်သူတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတမှုကိုစက်ဆုပ်ရွံရှာ၍ ဖြောင့်မှန်သောအမှုရှိသမျှကို ကွေ့ကောက်စေကြ၏။
10
သင်တို့သည် လူအသက်သတ်၍ ဇိအုန်မြို့ကို တည်ကြ၏။ မတရားမှုဖြင့် ဂျေရုဆလင်မြို့ကို တည်ကြ၏။
11
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
12
သို့ဖြစ်၍ သင်တို့ကြောင့် ဇိအုန်မြို့သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကို ခံရမည်။ ဂျေရုဆလင်မြို့သည်လည်း အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရှိရာတောင်သည်လည်း တောအုပ်ဖြစ်လိမ့်မည်။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 4 →
All chapters:
1
2
3
4
5
6
7