bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1835 Version Judson
/
Nehemiah 4
Nehemiah 4
Burmese 1835 Version Judson
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
1
ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာ လတ်သည် သိတင်းကြားသောအခါ၊ အလွန်ဒေါသ အမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက်၊
2
အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့စေမည်လော။ ယဇ်ပူဇော် မည်လော။ တနေ့ခြင်းတွင် လက်စသတ်မည်လော။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ်၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို၏။
3
သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိ ကလည်း၊ သူတို့တည်သော ကျောက်ရိုးကို တောခွေး ထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော၏။
4
အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင် တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။ သိမ်းသွားခြင်းကိုခံရာ ပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော။
5
သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ်မပြေပါစေနှင့်။ မြို့ရိုးကို တည် သော သူတို့၏စိတ်ကို နာစေခြင်းငှါ၊ ပြောတတ်ကြပါသည် တကား။
6
သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ၏။ တည်လုပ်သော သူတို့သည် စေတနာ ကြီးသောကြောင့်၊ မြို့ပတ်လည် မြို့ရိုးအမြင့် တဝက်တိုင်အောင် ပြီးလေ၏။
7
ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသော အခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊
8
ယေရုရှလင်မြို့ကို စစ်ချီ၍ တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။
9
သို့ရာတွင် ငါတို့သည် ငါတို့၏ ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ၏။
10
ယုဒလူ အချို့ကလည်း၊ ဝန်ထမ်းသော သူတို့ သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီး အောင် မတတ်နိုင်ကြဟု ဆိုကြ၏။
11
ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။
12
သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ် ဆိုကြ၏။
13
ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်း လင်းသော အရပ်တို့၌ ထား၊ လှံ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။
14
ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အားခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဘွယ် ဖြစ် တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို၏။
15
ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိ သောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ၏။
16
နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ ၏။ တဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။
17
မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ ၏။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကြ၏။
18
တည်လုပ်သော သူအပေါင်းတို့သည်၊ ခါး၌ ထား ဆွဲလျက် တည်လုပ်ကြ၏။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ၏။
19
ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ ၏။
20
သို့ဖြစ်၍၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ် မှ၊ ငါတို့ထံသို့ စည်းဝေးကြ။ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်ဟု မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ငါဆို၏။
21
ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ၏။ လူတဝက် သည် မိုဃ်းလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။
22
ထိုအခါ၌လည်း၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို၏။
23
ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌ လိုက် သောတပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရ ကြ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13