bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Corinthians 10
2 Corinthians 10
Burmese 2021
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
သင်တို့၏မျက်မှောက်၌ နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏ နူးညံ့သိမ်မွေ့ဖြည်းညင်းတော်မူခြင်းကို အကြောင်းပြု၍ သင်တို့ကိုတောင်းပန်ပါ၏။-
2
ငါတို့သည် ဇာတိပကတိအလိုသို့လိုက်၍ ကျင့်သောသူ ဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သော ရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ ရောက်လာသောအခါ၊ ထိုမျှလောက်ရဲရင့်ခြင်း မရှိမည်အကြောင်း ငါတောင်းပန်ပါ၏။-
3
အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိ အလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။-
4
ငါတို့စစ်တိုက်၍ သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက် မဟုတ်။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သောလက်နက် ဖြစ်၏။-
5
ထိုလက်နက်အားဖြင့် လူတို့၏ အကြံအစည်တို့ကိုလည်းကောင်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာန ရှိသမျှတို့ကိုလည်းကောင်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်စေကြ၏။-
6
သင်တို့၏ နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော သူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှာ ငါတို့သည် အသင့်ရှိကြ၏။
7
မျက်နှာကိုသာ ကြည့်မှတ်ကြသလော။ အကြင်သူက၊ ငါသည်ခရစ်တော်၏လူ ဖြစ်သည်ဟု မိမိ၌ စွဲလမ်းခြင်းရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့လည်း ခရစ်တော်၏လူဖြစ်ကြောင်းကို တစ်ဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ။-
8
သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်။ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်း မရှိ၊-
9
ငါရေး၍ပေးလိုက်သော စာအားဖြင့်သာ သင်တို့ကို ခြိမ်းခြောက်သကဲ့သို့ ငါမပြုလို။-
10
အကြောင်းမူကား၊ ထိုသူ၏စာသည် လေးလံသောစာ၊ တန်ခိုးနှင့် ပြည့်စုံသောစာ ဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းနှီးသောစကားကို ပြောသောသူဖြစ်သည်ဟု ဆိုတတ်သောသူရှိ၏။-
11
ငါတို့သည် ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့် ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ။
12
ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကိုလည်းကောင်း၊ ပြိုင်နှိုင်းခြင်းကိုလည်းကောင်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတစ်ယောက်နှင့် တစ်ယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။-
13
ထိုမှတစ်ပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ၏ အတိုင်းအရှည်အတွင်းတွင် ပြုသောအရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်တို့တိုင်အောင်ပင် မီသတည်း။-
14
သင်တို့တိုင်အောင်မမီလျှင်၊ ငါတို့သည် လွန်ကျူး၍ ပြုကြသည်မဟုတ်။ အကြောင်းမူကား၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ သင်တို့ရှိရာသို့ တိုင်အောင် ရောက်ကြပြီ။-
15
ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတစ်ပါးအလုပ်ထဲသို့ ဝင်ခြင်းကြောင့် ဝါကြွားလေ့ရှိကြသည်မဟုတ်။ ထိုသို့ သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင်တို့ ပြည်တစ်ဖက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့် ရှိစေခြင်းငှာ၊ သင်တို့ ယုံကြည်ခြင်းပါရမီ ရင့်ပြီးမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မျှော်လင့်ခြင်းရှိ၏။-
17
သို့ဖြစ်၍ ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌သာ ဝါကြွားစေ။-
18
အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ်။ သခင်ဘုရား ချီးမွမ်းတော်မူခြင်းကို ခံရသောသူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13