bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Corinthians 5
2 Corinthians 5
Burmese 2021
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 6 →
1
ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည် ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။-
2
ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ်ထဲသို့ဝင်စားခြင်းငှာ အလွန်တောင့်တလိုချင်သော စိတ်ရှိ၍၊ ညည်းတွားမြည်တမ်းလျက်၊ နေကြ၏။-
3
ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ်။-
4
ဤတဲ၌နေသော ငါတို့သည် လေးသောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်းကြ၏။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည် မဟုတ်။ သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှာ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏။-
5
ထိုသို့သောအကျိုးကို ခံစေခြင်းငှာ ငါတို့ကို ပြင်ဆင်သောသူကား၊ ဘုရားသခင်ပေတည်း။ ထိုဘုရားသခင်သည် ဝိညာဉ်တော်တည်းဟူသော စရန်ကို ငါတို့အား ပေးတော်မူပြီ။-
6
ထိုကြောင့် ငါတို့သည် ကိုယ်ခန္ဓာ၌ နေမြဲနေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌ နေသည်ကို ငါတို့သည်သိလျက်၊-
7
အစဉ် ရဲရင့်သောစိတ် ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်း ရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမူသည်ဖြစ်၍၊-
8
ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့ သွား၍၊ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှာ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။-
9
ထိုကြောင့် ငါတို့သည် နေမြဲအရပ်၌ နေသည်ဖြစ်စေ၊ ကွာဝေးရာအရပ်၌ နေသည်ဖြစ်စေ၊ သခင်ဘုရား နှစ်သက်တော်မူသော သူဖြစ်ခြင်းငှာ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။-
10
အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှာ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။
11
သို့ဖြစ်၍ သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင်၊ လူများကို နှိုးဆော်သွေးဆောင်ရသည်ဖြစ်၍၊ ဘုရားသခင့်ရှေ့တော်၌ ထင်ရှားကြ၏။ သင်တို့၏စိတ်ရှေ့၌လည်း ထင်ရှားကြသည်ဟု ငါထင်မှတ်၏။-
12
ငါတို့သည် သင်တို့ရှေ့၌ တစ်ဖန် ကိုယ်ကိုကိုယ် ချီးမွမ်းကြသည် မဟုတ်။ စိတ်သဘောကိုမထောက်၊ အသွေးအဆင်းကိုထောက်၍ ဝါကြွားသောသူတို့၏ စကားကို သင်တို့သည် ချေနိုင်မည်အကြောင်း၊ ငါတို့ကြောင့် ဝါကြွားခြင်းအခွင့်ကိုသာ ပေးကြ၏။-
13
ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဖို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဖို့ ဖြစ်ကြ၏။-
14
အကြောင်းမူကား၊ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊-
15
လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍လည်းကောင်း၊ အသက်ရှင်သောသူတို့သည် တစ်ဖန် ကိုယ်အလိုသို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့ လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည် ဟူ၍လည်းကောင်း၊ ငါတို့သည် သဘောထားလျက်၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင်၏။-
16
သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည် ဇာတိအမျိုးကိုထောက်၍ အဘယ်သူကိုမျှ မသိမမှတ်။ ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကို အထက်က သိမှတ်သော်လည်း၊ ယခုမှစ၍ ထိုသို့သောသိမှတ်ခြင်း မရှိ။
17
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။-
18
ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌အပ်ပေးတော်မူ၏။-
19
ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။-
20
ထိုကြောင့် ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော် သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။-
21
အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
2 Corinthians Commentaries
→
Devotional
2 Corinthians Devotional Guide
→
Get This Bible
Burmese Study Bible
→