bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
John 16
John 16
Burmese 2021
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
1
သင်တို့သည် စိတ်မပျက်စေခြင်းငှာ ဤစကားကို ငါဟောပြော၏။-
2
လောကီသားတို့သည် သင်တို့ကို တရားဇရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကို သတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလ ရောက်လိမ့်မည်။-
3
ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။-
4
ထိုအချိန်ကာလရောက်သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့စေခြင်းငှာ ယခုပင် ငါဟောပြော၏။ အစအဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဖူးသေး။
5
ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။-
6
ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။
7
ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။-
8
ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။-
9
ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဖော်ပြမည်။-
10
ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တစ်ဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဖော်ပြမည်။-
11
ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကိုဖော်ပြမည်။
12
သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။-
13
သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။-
14
ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဖော်ပြလိမ့်မည်။-
15
ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်ဟု ငါပြော၏။
16
ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။-
17
တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍လည်းကောင်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။-
18
ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း။ မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။-
19
တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။-
20
ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တစ်ဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။-
21
မိန်းမသည်သားကို ဖွားစဉ်အခါ ဖွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဖွားမြင်ပြီးမှ ဤလောက၌ လူတစ်ယောက်ကိုဖွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏။-
22
ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တစ်ဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှာ မတတ်နိုင်။-
23
ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။-
24
ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။
25
ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အား အတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။-
26
ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဖို့အလိုငှာ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။-
27
အကြောင်းမူကား၊ သင်တို့သည်ငါ့ကိုချစ်ကြ၍၊ ငါသည် ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။-
28
ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တစ်ဖန် ဤလောကမှထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။-
29
တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟောပြောတော်မူ၏။-
30
အလုံးစုံတို့ကို သိတော်မူသည်ကိုလည်းကောင်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှာ အလိုတော်မရှိသည်ကိုလည်းကောင်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏-
31
ယေရှုကလည်း၊ ယခုတွင်ယုံကြပြီလော။-
32
သင်တို့သည် ကွဲပြား၍ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးအသီးမိမိတို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ၏။-
33
သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21