bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
John 21
John 21
Burmese 2021
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
1
တစ်ဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊-
2
ရှိမုန်ပေတရုနှင့် ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။-
3
ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဖမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့် ထွက်သွားကြ၏။ ချက်ချင်းလှေထဲသို့ဝင်၍ ထိုညတွင် တစ်ကောင်ကိုမျှမရကြ။-
4
နံနက်ရောက်သောအခါ ယေရှုသည် ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။-
5
ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။-
6
တစ်ဖန်ယေရှုက၊ လှေလက်ယာဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။
7
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအား ပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။-
8
အခြားသော တပည့်တော်တို့သည် ကမ်းနှင့် မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများနှင့် ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍ လာကြ၏။-
9
ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကိုလည်းကောင်း၊ ကင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့မြင်ကြ၏။-
10
ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟု မိန့်တော်မူ၏။-
11
ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတစ်ရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။-
12
ယေရှုကလည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်းဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။-
13
ယေရှုသည် လာ၍မုန့်နှင့် ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။-
14
ထိုပြတော်မူခြင်းကား၊ ယေရှုသည် သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။
15
နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအား မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။-
16
တစ်ဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးတို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။-
17
ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။-
18
ငါအမှန်အကန်ဆိုသည်ကား၊ သင်သည်ပျိုသော အသက်ရှိစဉ် ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတစ်ပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။-
19
ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။
20
ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကား အဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊-
21
သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊-
22
ယေရှုက၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှာ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။-
23
ထိုစကားတော်ကိုထောက်လျှင်၊ ညီအစ်ကိုတို့က၊ ထိုတပည့်တော်သည် မသေရဟု အနှံ့အပြား ပြောဆိုကြ၏။ သို့သော်လည်း ထိုသူသည်မသေရဟု ယေရှုမိန့်တော်မူသည် မဟုတ်။ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှာ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း။
24
ထိုတပည့်တော်ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။
25
သူ၏သက်သေခံချက် မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။ ရှင်ယောဟန်ခရစ်ဝင်ပြီး၏။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21