bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Malachi 2
Malachi 2
Burmese 2021
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
အို ယဇ်ပုရောဟိတ်တို့၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသော ပညတ်စကားဟူမူကား၊
2
ငါ၏နာမတော်ကို ချီးမွမ်းလိုသောငှာ သင်တို့သည် နားမထောင်၊ နှလုံးမသွင်းဘဲနေလျှင်၊ ကျိန်ခြင်းဘေးကို သင်တို့အပေါ်သို့ ငါလွှတ်လိုက်မည်။ သင်တို့၏မင်္ဂလာကို အမင်္ဂလာဖြစ်စေမည်။ ထိုမျှမက၊ နှလုံးမသွင်းဘဲနေသောကြောင့် ယခုပင် အမင်္ဂလာဖြစ်စေပြီ။
3
သင်တို့မျိုးစေ့ကို ငါဖျက်မည်။ တိရစ္ဆာန်ချေးတည်းဟူသော သင်တို့ဓမ္မပွဲ၏တိရစ္ဆာန်ချေးကို သင်တို့ မျက်နှာပေါ်၌ ငါကြဲမည်။ သူတစ်ပါးတို့သည် သင်တို့ကို ထိုတိရစ္ဆာန်ချေးနှင့်အတူ ယူသွားကြလိမ့်မည်။
4
ငါ၏ပဋိညာဉ်ကို လေဝိအမျိုး၌တည်စေခြင်းငှာ၊ ဤပညတ်စကားကို သင်တို့ဆီသို့ ငါပေးလိုက်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
5
ငါဖွဲ့သောအသက်ပဋိညာဉ်၊ ငြိမ်ဝပ်ခြင်းပဋိညာဉ်သည် ထိုအမျိုး၌ ရှိ၏။ ငါ့ကိုကြောက်ရွံ့၍ ငါ၏နာမတော်ရှေ့၌ ထိတ်လန့်သောကြောင့် ငါဖွဲ့၍ပေး၏။
6
ထိုအမျိုးသည် သစ္စာတရားစကားကို ပြောတတ်၏။ သူ့နှုတ်၌ အပြစ်ကို ရှာ၍မတွေ့။ ငြိမ်ဝပ်ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရား အတိုင်း ငါနှင့်အတူသွားလာ၍၊ များစွာသော သူတို့ကို ဒုစရိုက်အပြစ်မှလွှဲရှောင်စေတတ်၏။
7
ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကိုရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။
8
သင်တို့မူကား၊ လမ်းလွှဲကြပြီ။ လူများတို့သည် တရားတော်ကိုထိမိ၍ လဲစေခြင်းငှာ ပြုကြပြီ။ လေဝိအမျိုးနှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်ကြပြီဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
9
သို့ဖြစ်၍၊ သင်တို့သည် ငါ့လမ်းတို့ကို မလိုက်၊ တရားအမှုတွင် လူမျက်နှာကိုထောက်သောကြောင့်၊ လူခပ်သိမ်းတို့သည် သင်တို့ကို မထီမဲ့မြင်ပြု၍ ရှုတ်ချစေခြင်းငှာ ငါစီရင်မည်။
10
ခပ်သိမ်းသောငါတို့၌ တစ်ပါးတည်းသောအဘ ရှိသည်မဟုတ်လော။ တစ်ပါးတည်းသော ဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူသည် မဟုတ်လော။ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကိုရှုတ်ချ၍၊ ငါတို့သည် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် သစ္စာဖျက်ကြသနည်း။
11
ယုဒအမျိုးသည် သစ္စာပျက်၏။ ဣသရေလပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ရွံ့ရှာဖွယ်သောအမှုကို ပြုကြ၏။ ယုဒအမျိုးသည် ထာဝရဘုရားချစ်တော်မူသော သန့်ရှင်းခြင်းတရားတော်ကို ရှုတ်ချ၍၊ တစ်ပါးအမျိုးဘုရား၏သမီးနှင့် လက်ထပ်ပါသည်တကား။
12
ထိုသို့ပြုသော ဆရာနှင့် တပည့်ကိုလည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်သို့ ပူဇော်သကာကို ဆောင်ခဲ့သောသူကိုလည်းကောင်း၊ ယာကုပ်တဲတို့မှ ပယ်ဖြတ်တော်မူမည်။
13
တစ်ဖန် သင်တို့ပြုသော အမှုဟူမူကား၊ ထာဝရဘုရား၏ယဇ်ပလ္လင်ကို မျက်ရည်ကျခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ။ ထိုကြောင့်၊ ပူဇော်သကာကိုမှတ်တော်မမူ။ သင်တို့လက်မှ နှစ်သက်သောစိတ်နှင့် ခံတော်မမူ။
14
အဘယ်ကြောင့်နည်းဟု သင်တို့မေးလျှင်၊ သင့်အသက်ပျိုစဉ်အခါ လက်ထပ်၍ နောက်တစ်ဖန် သစ္စာမစောင့်၊ ပြစ်မှားသော မယားတစ်ဖက်နှင့် သင့်တစ်ဖက်၌ ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင်၏အဆွေခင်ပွန်း၊ သင်ဖွဲ့သော ပဋိညာဉ်နှင့် ဆိုင်သောမယားဖြစ်သတည်း။
15
တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူပြီမဟုတ်လော။ သို့သော်လည်း၊ ကိုယ်တော်၌ ဝိညာဉ်တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။
16
မယားကိုစွန့်ခြင်းအမှု၊ မိမိခင်ပွန်း၌ ပြစ်မှားသောအပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည်ဟု၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ ထိုကြောင့်၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ သစ္စာကို မဖျက်ကြနှင့်။
17
သင်တို့သည် ထာဝရဘုရား၏နားတော်ငြီးသည်တိုင်အောင် စကားများကြ၏။ နားတော်ငြီးသည်တိုင်အောင် အဘယ်သို့ ပြုမိသနည်းဟု မေးသော်၊ ဒုစရိုက်ကိုပြုသောသူတိုင်း ထာဝရဘုရားရှေ့တော်၌ ကောင်း၏။ ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏ ဟူ၍လည်းကောင်း၊ စစ်ကြောစီရင်တော်မူသော ဘုရားသခင်ကား၊ အဘယ်မှာရှိသနည်း ဟူ၍လည်းကောင်း ဆိုတတ်ကြသည်တကား။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4
Recommended Reading
Commentary
Malachi Commentaries
→
Devotional
Malachi Devotional Guide
→
Get This Bible
Burmese Study Bible
→