bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Malachi 3
Malachi 3
Burmese 2021
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
ကြည့်ရှုလော့။ ငါသွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို ငါစေလွှတ်မည်။ သင်တို့ရှာသောသခင်၊ သင်တို့တောင့်တသော ပဋိညာဉ်တမန်တော်သည် မိမိဗိမာန်တော်သို့ ချက်ချင်းလာလိမ့်မည်။ ကြည့်ရှုလော့။ ထိုသခင်လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
2
လာတော်မူသောနေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူသောအခါ အဘယ်သူသည် ခံရပ်လိမ့်မည်နည်း။ ထိုသခင်သည် ငွေစစ်သောသူ၏မီး၊ ခဝါသည်သုံးသော ဆပ်ပြာကဲ့သို့ ဖြစ်တော်မူမည်။
3
ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင်လျက် ရွှေငွေကို ချွတ်သကဲ့သို့၊ လေဝိသားတို့ကိုချွတ်၍ သန့်ရှင်းစေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရားအဖို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်သကာကို ပူဇော်ကြလိမ့်မည်။
4
ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၏ ပူဇော်သကာသည် ရှေးလွန်လေပြီးသော နှစ်၊ လ၊ နေ့ရက်ကာလ၌ ဖြစ်သကဲ့သို့၊ ထာဝရဘုရား နှစ်သက်တော်မူဖွယ် ဖြစ်လိမ့်မည်။
5
သင်တို့ကို စစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှားကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။
6
ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ။ ထိုကြောင့်၊ ယာကုပ်အမျိုးသားတို့၊ သင်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ကြ။
7
ဘိုးဘေးတို့ လက်ထက်မှစ၍ သင်တို့သည် ငါစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်၊ တိမ်းရှောင်ကြပြီ။ ငါထံသို့ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါမည်နည်းဟု သင်တို့မေးကြသည်တကား။
8
လူသည် ဘုရားသခင်၏ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း၊ သင်တို့သည် ငါ့ဥစ္စာကို လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်းဟု သင်တို့မေးလျှင်၊ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ပူဇော်သကာတို့ကိုလည်းကောင်း လုယူကြပြီ။
9
သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကို ခံရကြ၏။ အကြောင်းမူကား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ဥစ္စာကို လုယူကြပြီ။
10
ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာ ပြုကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
11
ကိုက်စားတတ်သော အကောင်ကို သင်တို့အတွက် ငါဆုံးမ၍၊ သင်တို့၏ မြေအသီးအနှံကို မဖျက်ဆီးရ။ သင်တို့၏စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
12
လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ ပြည်သည်လည်း နှစ်သက်ဖွယ်သော ပြည်ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
13
သင်တို့သည် ငါ့တစ်ဖက်၌ ရဲရင့်စွာ ပြောကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ သို့ရာတွင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်တစ်ဖက်၌ အဘယ်သို့ပြောမိပါသနည်းဟု သင်တို့ မေးကြသည်တကား။
14
ထာဝရဘုရား၏အမှုကိုဆောင်ရွက်သော်လည်း အကျိုးမရှိ။ စီရင်ထုံးဖွဲ့တော်မူချက်ကို စောင့်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားရှေ့မှာ ညှိုးငယ်စွာကျင့်ကြံပြုမူခြင်းအားဖြင့် အဘယ်ကျေးဇူးရှိသနည်း။
15
မာနထောင်လွှားသောသူတို့ကို မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ဝေါ်ကြ၏။ အကယ်စင်စစ် ဒုစရိုက်ကို ပြုသောသူတို့သည် အောင်တတ်ကြ၏။ အကယ်စင်စစ် ဘုရားသခင်ကိုစုံစမ်းသော်လည်း ချမ်းသာရတတ်ကြ၏ဟု သင်တို့သည် ပြောကြပြီ။
16
ထိုအခါ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်၍ ပြောဆိုကြ၏။ ထာဝရဘုရားသည်လည်း နားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကိုကြောက်ရွံ့၍ နာမတော်ကို အောက်မေ့သော သူတို့အဖို့၊ ရှေ့တော်တွင် စာရင်း၌ မှတ်သားလျက်ရှိ၏။
17
ထိုသူတို့သည် ငါစီရင်သောနေ့ရက်၌ ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အဘ၏အမှုကို ဆောင်သောသားကို အဘနှမြောသကဲ့သို့ ထိုသူတို့ကိုငါနှမြောမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
18
တစ်ဖန် သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4
Recommended Reading
Commentary
Malachi Commentaries
→
Devotional
Malachi Devotional Guide
→
Get This Bible
Burmese Study Bible
→