bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Micah 2
Micah 2
Burmese 2021
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 3 →
1
ဒုစရိုက်ကို ပြုခြင်းငှာ အိပ်ရာပေါ်မှာ မကောင်းသော အကြံကိုကြံ၍၊ မိုးလင်းသောအခါ အခွင့်ရသည်အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
2
သူတစ်ပါး၏အိမ်နှင့် လယ်ယာတို့ကိုတပ်မက်၍ အနိုင်အထက် သိမ်းယူလျက်၊ လူနှင့် သူ၏အိမ်ကိုလည်းကောင်း၊ လူကြီးနှင့် သူ၏အမွေဥစ္စာကိုလည်းကောင်း လုယက်၍ ညှဉ်းဆဲတတ်ကြ၏။
3
သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်း မလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ်ကို ထိုသို့သော အိမ်ထောင်တစ်ဖက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။
4
ထိုကာလတွင် သင်တို့တစ်ဖက်၌ ပုံစကားကိုသုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်း ပျက်စီးကြပြီ။ ငါ့အမျိုးသားခံစားရသော အဖို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတစ်ပါးတို့အား ဝေဖန်တော်မူပြီ။
5
ထိုကြောင့်၊ ထာဝရဘုရား၏ပရိသတ်တော်တွင်၊ သင်တို့ ခံစားရသောအဖို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။
6
ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြနှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။
7
ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဆီးတားခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သောသူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ်လော။
8
ရှေးကာလ၌ပင် ငါ၏လူတို့သည် ရန်ဘက်ပြု၍ ထကြ၏။ စစ်တိုက်ရာမှ ပြန်၍ ဘေးကိုမကြောက်ဘဲ၊ လျှောက်သွားသောသူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ်ကို လုယူတတ်ကြ၏။
9
ငါ့လူတို့၏မယားများကို သူတို့သာယာသော နေရာထဲကနှင်ထုတ်၍၊ သူတို့သားများမှ ငါ၏ဘုန်းကို အစဉ်နုတ်ယူကြပြီ။
10
ထ၍ သွားကြလော့။ ဤပြည်သည် သင်တို့ငြိမ်ဝပ်ရာအရပ် မဟုတ်။ ဤအရပ်သည် ညစ်ညူးသောကြောင့် ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည်။
11
ကိုယ်အလိုသို့လိုက်၍ မုသားစကားကို သုံးသောသူက၊ ငါသည်ပရောဖက်ပြု၍ စပျစ်ရည်တရားနှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင်၊ ထိုသူသည် ဤလူတို့၏ပရောဖက် ဖြစ်ရလိမ့်မည်။
12
အို ယာကုပ်၊ ငါသည် သင်၏အမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌ သိုးများကဲ့သို့လည်းကောင်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့လည်းကောင်း သူတို့ကို ငါစု၍ထားမည်။ လူများသောကြောင့် အသံကြီးလိမ့်မည်။
13
အနိုင်အထက် ဖွင့်သောသူသည် သူတို့ရှေ့မှာသွား၏။ သူတို့သည်လည်း အနိုင်အထက်ဖွင့်၍ တံခါးဝဖြင့် လျှောက်သွားကြ၏။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့မှာသွား၍ ထာဝရဘုရားသည် လမ်းပြတော်မူ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 3 →
All chapters:
1
2
3
4
5
6
7