bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Micah 6
Micah 6
Burmese 2021
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 7 →
1
ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။
2
အို တောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေလအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။
3
အို ငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဖူးသနည်း။ အဘယ်သို့ ညှဉ်းဆဲဖူးသနည်း။ ငါ့တစ်ဖက်၌ သက်သေခံလော့။
4
သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံနေရာအရပ်မှ ရွေးနုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။
5
အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံကိုလည်းကောင်း၊ ဗောရသား ဗာလမ်ပြန်ပြောသော စကားကိုလည်းကောင်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရဘုရား၏ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
6
ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ်ပူဇော်သကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရားသခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ်ရမည်လော။
7
ထာဝရဘုရားသည် သိုးထီးတစ်ထောင်၊ ဆီမြစ်တစ်သောင်းကို အားရနှစ်သက် တော်မူမည်လော။ ငါ့လွန်ကျူးခြင်းအတွက် ငါ၏သားဦးကိုလည်းကောင်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ရင်သွေးကိုလည်းကောင်း ပူဇော်ရမည်လော၊
8
အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သကာကို ထာဝရဘုရား တောင်းတော်မူသနည်း။
9
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသောသူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကိုလည်းကောင်း၊ စီရင်သောသူသည် အဘယ်သူ ဖြစ်သည်ကိုလည်းကောင်း နားထောင်ကြလော့။
10
မတရားသောသူတို့၏အိမ်၌ မတရားသဖြင့် ဆည်းပူးသော ဥစ္စာနှင့်၊ ရွံရှာဖွယ်သော တင်းတောင်းငယ် ရှိသေးသလော။
11
မတရားသောချိန်ခွင်နှင့် စဉ်းလဲသော အလေးအိတ်ရှိသော မြို့ကို သန့်ရှင်းသောမြို့ဟူ၍ ငါမှတ်ရမည်လော။
12
မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု၍ ရတတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသားကို သုံးတတ်ကြ၏။ သူတို့နှုတ်၌ ရှိသောလျှာသည် မုသားဖြစ်၏။
13
သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကိုငါသုတ်သင်ပယ်ရှင်းခြင်း အလိုငှာ နာကျင်စွာ ဒဏ်ခတ်မည်။
14
သင်သည် စားသော်လည်း မဝရ။ မွတ်သိပ်ခြင်းကို ခံရမည်။ သင်သည် ချီသော်လည်း ယူ၍မသွားရ။ ယူသွားသောအရာကိုလည်း ဓားဘေးသို့ ငါအပ်မည်။
15
မျိုးစေ့ကိုကြဲသော်လည်း၊ စပါးကို မရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့် ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။
16
အကြောင်းမူကား၊ သင်သည် ဩမရိမင်း၏ စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း၊ အာဟပ်မင်းမျိုး ကျင့်သောအကျင့် ရှိသမျှကိုလည်းကောင်း ကျင့်စောင့်၍၊ သူတို့၏တိုက်တွန်းရာသို့ လိုက်တတ်၏။ သို့ဖြစ်၍၊ သင့်ကို ငါသုတ်သင်ပယ်ရှင်း၍ မြို့သားတို့ကို ဆဲရေးရာ ဖြစ်စေသဖြင့်၊ သင်သည် ငါ၏လူတို့ ကဲ့ရဲ့ခြင်းကို ခံရမည်။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 7 →
All chapters:
1
2
3
4
5
6
7