bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Song of Solomon 2
Song of Solomon 2
Burmese 2021
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 3 →
1
ကျွန်မသည် ရှာရုန်အရပ်နှင်းဆီပွင့်၊ ကွင်းပြင်၌ပေါက်သော နှင်းပွင့်မျှသာဖြစ်ပါ၏။
2
ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊ ငါချစ်သော သတို့သမီးသည် လူမျိုးသမီးစုထဲမှာ ထင်ပေ၏။
3
တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာသခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသောအသီးကို စားရ၏။
4
ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော်အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။
5
ငါသည် ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍၊ ငါ့ကို စပျစ်သီးပျဉ်နှင့် အားဖြည့်ကြပါ။ ရှောက်ချိုသီးကို ကျွေး၍ သက်သာစေကြပါ။
6
သခင်၏လက်ဝဲလက်သည် ငါ့ခေါင်းကို ထောက်မလျက်၊ လက်ယာလက်သည် ငါ့ကိုဖက်လျက် နေတော်မူပါစေ။
7
ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီးသည် အလိုလို မနိုးမီတိုင်အောင်၊ မလှုပ်မနှိုးမည်အကြောင်း၊ တော၌ ကျင်လည်သော သမင်ဒရယ်များကိုတိုင်တည်၍ သင်တို့ကို ငါမှာထား၏။
8
ငါချစ်ရာ သခင်၏စကားသံပေ။ ကြည့်ပါ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက် ကြွလာ၏။
9
ငါချစ်ရာ သခင်သည် သမင်ဒရယ်သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာ ရပ်တော်မူ၏။ ပြတင်းပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကိုပြလျက်နေတော်မူ၏။
10
ငါချစ်ရာသခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
11
ဆောင်းကာလလွန်ပြီ။ မိုးလည်းကြည်လင်ပြီ။
12
မြေကြီးပေါ်မှာ ပန်းများပွင့်ကြပြီ။ ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ။ ငါတို့မြေ၌ ချိုးငှက် တွန်သံကိုလည်း ကြားရ၏။
13
သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက် မွှေးကြိုင်၏။ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
14
တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင်ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကားသံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏မျက်နှာလည်း လှ၏။
15
စပျစ်နွယ်ပင်တို့ကို ဖျက်လတ္တံ့သော မြေခွေးများနှင့် မြေခွေးကလေးများကို ငါတို့ဖို့ ဖမ်းကြလော့။ ငါတို့ စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ၏။
16
ငါချစ်ရာသခင်ကို ငါဆိုင်ပေ၏။ ငါ့ကိုလည်း သခင်ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။
17
မိုးမသောက်၊ မှောင်မိုက်အရိပ်မပြေးမီ၊ ငါချစ်ရာသခင်၊ ဗေသာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ တစ်ဖန် ပြုတော်မူပါ။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 3 →
All chapters:
1
2
3
4
5
6
7
8