bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Song of Solomon 4
Song of Solomon 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
1
သင်သည် အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှပေ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ၏။ ဆံပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။
2
သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တစ်ကောင်မျှမလျော့။ အမွှာသာ ဖွားတတ်ကြ၏။
3
နှုတ်ခမ်းသည်လည်း နီထွေးသောကြိုးနှင့် တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးယှက်နှင့် တူကြ၏။
4
လည်ပင်းသည်လည်း၊ သူရဲတို့သာ သုံးဆောင်တတ်သော ဒိုင်းလွှားတစ်ထောင် ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့်တူ၏။
5
ရင်သားနှစ်ဖက်တို့သည် နှင်းတော၌ ကျက်စားသော ဒရယ်သငယ်အမွှာနှင့် တူကြ၏။
6
မိုးမသောက်၊ မှောင်မိုက်အရိပ်မပြေးမီ၊ ငါသည်မုရန်တောင်နှင့် လောဗန်ကုန်းသို့ သွားမည်။
7
ငါချစ်သောနှမ၊ သင်သည် အပြစ်တစ်စုံတစ်ခုမျှ မရှိ။ တစ်ကိုယ်လုံးလှပေ၏။
8
ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ်။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ။ အာမနတောင်ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ။
9
ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏မျက်စိတစ်ကြည့်၊ လည်ပင်းတစ်လှည့်ဖြင့် ငါနှလုံးကို လုယူပြီ။
10
ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန်ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူးသဖြင့် ကောင်းပေ၏။ သင်းထုံသော နံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။
11
ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၏။ လျှာအောက်မှာ နို့နှင့် ပျားရည်ရှိ၏။ အဝတ်တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်ကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။
12
ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။
13
သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ်သော သလဲတော၊ နာဒုပင်နှင့်ရောသော ဟင်္နာတော၊
14
နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုး ပါကြ၏။
15
ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်းရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်းပါသတည်း။
16
မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့လာကြပါ။ မွှေးကြိုင်သော အနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
All chapters:
1
2
3
4
5
6
7
8