bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Kings 4
1 Kings 4
Burmese (BCL) (Common Language Bible)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 5 →
1
ရှောလမုန်မင်းသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးကို အုပ်စိုးလျက်နေတော်မူ၏။-
2
သူ၏မှူးတော်မတ်တော်များမှာအောက်ပါ အတိုင်းဖြစ်သည်။ ယဇ်ပုရောဟိတ်ဇာဒုတ်၏သားအာဇရိ၊
3
နန်းတော်အတွင်းဝန်များ၊ ရှိရှ၏သားများဖြစ် ကြသောဧလိဟောရပ်နှင့်အဟိယမှတ်တမ်း တာဝန်ခံ၊ အဟိလုပ်၏သားယေဟောရှဖတ်၊
4
တပ်မတော်ဗိုလ်ချုပ်၊ ယောယဒ၏သားဗေနာယ၊ ယဇ်ပုရောဟိတ်များ၊ ဇာဒုတ်နှင့်အဗျာသာ၊
5
နယ်ဘုရင်ခံချုပ်၊ နာသန်၏သားအာဇရိ၊ ဘုရင့် အတိုင်ပင်ခံအမတ်၊ နာသန်၏သားယဇ်ပုရော ဟိတ်ဇာဗုဒ်၊
6
နန်းတော်အုပ်၊ အဟိရှာ၊ ချွေးတပ်ဝန်၊ အာဗဒ ၏သားအဒေါနိရံ၊
7
ရှောလမုန်သည်ဣသရေလနိုင်ငံတွင် နယ်ဘုရင် ခံတစ်ဆယ့်နှစ်ယောက်ခန့်ထားလေသည်။ ထိုသူ တို့သည်တစ်ယောက်လျှင်တစ်လစီ၊ မင်းကြီး နှင့်နန်းတော်အတွက်မိမိ၏နယ်မှရိက္ခာများ ကိုပေးဆက်ရကြ၏။-
8
ထိုဘုရင်ခံများနှင့်သူတို့ပိုင်သည့်နယ်များ မှာအောက်ပါအတိုင်းဖြစ်၏။ ဗင်ဟုရ၊ဧဖရိမ်တောင်ကုန်း
9
ဗင်ဒေကာ၊မာကတ်မြို့၊ရှာလဗိမ်မြို့၊ဗက်ရှေမက်မြို့၊ ဧလုဒ်မြို့နှင့်ဗက်ဟနန်မြို့၊
10
ဗင်ဟေသက်၊အရုဗုတ်မြို့၊စောခေါမြို့နှင့်ဟေဖာ နယ်မြေတစ်ခုလုံး၊
11
ရှောလမုန်၏သမီးတော်တာဖတ်နှင့်စုံဖက်သည့် ဗင်အဘိနဒပ်၊ဒေါရနယ်မြေတစ်ခုလုံး၊
12
အဟိလုပ်၏သားဗာန၊တာနက်မြို့၊မေဂိဒ္ဒေါမြို့နှင့် တကွ အာဗေလမဟောလမြို့များနှင့်ယုတ်နန် မြို့တိုင်အောင်ရှိသည့်နယ်မြေတစ်ခုလုံး။ ထိုနယ် မြေသည်ဗက်ရှန်မြို့နှင့်ဇာတနမြို့များအနီး၊ ယေဇရေလမြို့၏တောင်ဘက်တွင်ရှိသတည်း။
13
ဗင်ဂေဗာ မနာရှေ၏သား၊ယာဣရ၏သားချင်းစု ပိုင်သည့်မြို့များဖြစ်သောဂိလဒ်ပြည်ရှိရာမုတ်မြို့ နှင့်ရွာများ၊ဗာရှန်ပြည်၊အာဂေါဘဒေသ၊မြို့ရိုးနှင့် ကြေးဝါတံခါးကျင်များဆောက်လုပ်တပ်ဆင် ထားသည့်မြို့ကြီးပေါင်းခြောက်ဆယ်၊
14
ဣဒေါ၏သားအဟိနဒပ်၊မဟာနိမ်မြို့နယ်၊
15
ရှောလမုန်၏သမီးတော်ဗာသမတ်နှင့်စုံဖက် သည့် အဟိမတ်၊နဿလိနယ်မြေ
16
ဟုရှဲ၏သားဗာနာ၊အာရှာဒေသနှင့်အာလုပ်မြို့
17
ပါရွာ၏သားယောရှဖတ်၊ဣဿခါနယ်မြေ
18
ဧလာ၏သားရှိမိ၊ဗင်္ယာမိန်နယ်မြေ
19
ဥရိ၏သားဂေဗအာမောရိဘုရင်ရှိဟုန် နှင့်၊ဗာရှန်ဘုရင်သြဃအုပ်စိုးခဲ့သောဂိလဒ် နယ်မြေ၊ ဤဘုရင်ခံတစ်ဆယ်နှစ်ယောက် အပြင် တစ်ပြည်လုံးအုပ်စိုးရသည့်ဘုရင်ခံ တစ်ယောက်ရှိသေးသတည်း။
20
ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။-
21
ရှောလမုန်သည်ဥဖရတ်မြစ်မှဖိလိတ္တိပြည် နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် ရှိသမျှ သောတိုင်းနိုင်ငံတို့ကိုအစိုးရတော်မူ၏။ ထိုနိုင်ငံတို့သည်မင်းကြီးအားအခွန် ပဏ္ဏာဆက်သကြ၍ မင်းကြီးအသက်ရှင် သမျှကာလပတ်လုံးသူ၏လက်အောက် ခံနိုင်ငံများဖြစ်ကြ၏။
22
တစ်နေ့အတွက် ရှောလမုန်လိုအပ်သည့်ရိက္ခာ မှာ ဂျုံမှုန့်အနုတင်းတစ်ရာ့ငါးဆယ်နှင့်ဂျုံ မှုန့်အကြမ်းတင်းသုံးရာ။-
23
ဆတ်၊ သမင်၊ ဒရယ်နှင့်ကြက်များအပြင်ခြံ လှောင်မွေးသည့်နွားဆယ်ကောင်၊ စားကျက် နွားအကောင်နှစ်ဆယ်နှင့်သိုးအကောင် တစ်ရာဖြစ်၏။
24
ရှောလမုန်သည်ဥဖရတ်မြစ်ပေါ်ရှိတိဖသ မြို့မှ အနောက်ဘက်ဂါဇမြို့တိုင်အောင်ဥဖရတ် မြစ်အနောက်ဘက်ခြမ်းနယ်မြေအပေါင်းကို အစိုးရတော်မူ၏။ ဥဖရတ်မြစ်၏အနောက် ဘက်ရှိဘုရင်အပေါင်းတို့သည်သူ၏လက် အောက်ခံများဖြစ်ကြ၏။ သူသည်လည်းမိမိ အိမ်နီးချင်းတိုင်းပြည်ရှိသမျှနှင့်ငြိမ်းချမ်း စွာနေထိုင်တော်မူ၏။-
25
သူအသက်ရှင်သမျှကာလပတ်လုံးယုဒ ပြည်နှင့် ဣသရေလပြည်တစ်ဝန်းလုံးရှိလူ တို့သည် မိမိတို့အိမ်ထောင်စုအသီးသီးပိုင် စပျစ်ခြံ၊ သင်္ဘောသဖန်းခြံတွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ကြလေသည်။
26
ရှောလမုန်မင်းတွင်ရထားမြင်းများအတွက် မြင်းဇောင်းလေးသောင်းနှင့်တိုက်မြင်းများ အတွက်မြင်းဇောင်းတစ်သောင်းနှစ်ထောင် ရှိလေသည်။-
27
တစ်လလျှင်တစ်ယောက်ကျရိက္ခာပေးဆက် ရန် တာဝန်ပေးခြင်းခံရသည့်ဘုရင်ခံတစ် ဆယ့်နှစ်ယောက်တို့သည် ရှောလမုန်မင်းကိုယ် တိုင်စားသုံးရန်အတွက်နှင့် နန်းတွင်းသား အပေါင်းတို့အတွက်လိုအပ်သောရိက္ခာများ ကိုပေးဆက်ရကြ၏။ သူတို့သည်နန်းတော် တွင်လိုအပ်သောအရာမှန်သမျှကိုအစဉ် အမြဲပေးဆက်ရကြလေသည်။-
28
ဘုရင်ခံတိုင်းသည်မိမိတို့၏ဝေပုံကျ မုယောစပါးနှင့်ကောက်ရိုးကိုလည်းစစ် ရထားမြင်းများ၊ လားများအတွက်လို အပ်သည့်နေရာအရပ်သို့အရောက်ပေး ဆက်ကြ၏။
29
ဘုရားသခင်သည်ရှောလမုန်အား ထူးကဲ သောဉာဏ်ပညာနှင့်ထိုးထွင်းဉာဏ်ကိုလည်း ကောင်း၊ အတိုင်းမသိသောအသိတရား ကိုလည်းကောင်းပေးတော်မူ၏။-
30
ရှောလမုန်သည်အရှေ့တိုင်းသားပညာရှင် များနှင့် အီဂျစ်ပြည်သားပညာရှင်များ ထက်ပင်ပို၍ပညာရှိလေသည်။-
31
သူသည်ဧဇရဟိတ်အမျိုးသားဧသန်ထက် လည်းကောင်း၊ မဟောလ၏သားများဖြစ် သောဟေမန်၊ ခါလကောလနှင့်ဒါရဒတို့ ထက်လည်းကောင်းပညာရှိ၏။ သူသည်လူ အပေါင်းတို့တွင်ပညာအရှိဆုံးဖြစ် သတည်း။ ပတ်ဝန်းကျင်တိုင်းနိုင်ငံအပေါင်း သို့သူ၏ပညာသတင်းပျံ့နှံ့၍သွား ၏။-
32
သူစီကုံးပြုစုသည့်စကားပုံသုံးထောင် နှင့်သီချင်းတစ်ထောင်ကျော်ရှိ၏။-
33
သူသည်လေဗနုန်သစ်ကတိုးပင်မှသည် အုတ် ရိုးကပ်ဟုဿုတ်ပင်အထိသစ်ပင်ကြီးငယ် များအကြောင်းကိုဆွေးနွေးတင်ပြခဲ့၏။ တိရစ္ဆာန်များ၊ ငှက်များ၊ တွားတတ်သောသတ္တဝါ များနှင့်ငါးများ၏အကြောင်းကိုလည်း ဖော်ပြခဲ့ပေသည်။-
34
ကမ္ဘာတစ်ဝန်းလုံးရှိမင်းတို့သည်ရှောလမုန်၏ ပညာသတင်းကိုကြားသိကြသောအခါ စေတမန်များကိုလွှတ်၍သူ၏သြဝါဒ များကိုကြားနာစေကြ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22