bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Kings 9
1 Kings 9
Burmese (BCL) (Common Language Bible)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 10 →
1
ရှောလမုန်မင်းသည်ဗိမာန်တော်၊ နန်းတော်မှ စ၍ဆောက်လုပ်လိုသမျှသော အဆောက်အအုံ များကိုဆောက်လုပ်ပြီးသောအခါ၊-
2
ထာဝရဘုရားသည်ဂိဗောင်မြို့မှာကဲ့သို့ သူ့ အားထင်ရှား၍ဗျာဒိတ်ပေးတော်မူပြန်၏။-
3
ထာဝရဘုရားက``ငါသည်သင်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူပြီ။ သင်ဆောက်လုပ်သည့် ဤဗိမာန်တော်ကိုငါ့အားထာဝစဉ်ဝတ်ပြု ကိုးကွယ်ရာဌာနတော်အဖြစ်ငါသီးသန့်၍ ထား၏။ ဤဗိမာန်တော်ကိုအခါခပ်သိမ်း ငါကြည့်ရှုစောင့်ရှောက်မည်။-
4
သင်သည်သင်၏ခမည်းတော်ဒါဝိဒ်ကဲ့သို့ရိုးသား ဖြောင့်မတ်စွာ ငါ၏အမှုတော်ကိုထမ်းဆောင်၍ ငါ ၏ပညတ်တော်တို့ကိုစောင့်ထိန်းလျက် ငါ၏ အမိန့်တော်မှန်သမျှကိုလိုက်နာလျှင်၊-
5
သင်၏ခမည်းတော်ဒါဝိဒ်အားဣသရေလရာဇ ပလ္လင်ထက်စံရသော သူ၏အမျိုးမင်းရိုးမပြတ် စေရဟုငါပေးခဲ့သည့်ကတိအတိုင်းငါပြု မည်။-
6
သို့ရာတွင်အကယ်၍သင်သို့မဟုတ်သင်၏သား မြေးများငါ့နောက်သို့မလိုက်ဘဲ ငါပေးအပ်သည့် ပညတ်တော်များနှင့်အမိန့်တော်များကိုမလိုက် နာဘဲအခြားဘုရားတို့ကိုကိုးကွယ်ဝတ်ပြု ကြမည်ဆိုပါမူ၊-
7
ငါသည်ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အား ငါပေးထားသည့်ပြည်မှဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရန်အတွက်သီး သန့်ထားသည့်ဤဗိမာန်တော်ကိုလည်းငါစွန့် မည်။ ထိုအခါအရပ်တကာရှိလူတို့သည် ဣသရေလအမျိုးကိုကဲ့ရဲ့ပြောင်လှောင် ကြလိမ့်မည်။-
8
ဤဗိမာန်တော်သည်လည်းယိုယွင်းပျက်စီး သည့်အဆောက်အအုံဖြစ်လာလိမ့်မည်။ ယင်း ၏အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့် ဤဗိမာန်တော်ကို ဤသို့ပြုတော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-
9
ထိုအခါလူတို့ကဤသူတို့သည်မိမိတို့ ဘိုးဘေးများအား`အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်၍ အခြားဘုရားများထံမှီဝဲဆည်း ကပ်ကြသောကြောင့် ထာဝရဘုရားသည်သူ တို့အပေါ်ဘေးဆိုးကိုသင့်ရောက်စေတော်မူ ခြင်းဖြစ်သည်' ဟုပြန်လည်ဖြေကြားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
10
ရှောလမုန်မင်းသည် ဗိမာန်တော်နှင့်နန်းတော် ကိုတည်ဆောက်ရာတွင် အနှစ်နှစ်ဆယ်တိုင်တိုင် ကြာလေသည်။-
11
တုရုဘုရင်ဟိရံသည်ရှောလမုန်၏တည်ဆောက် ရေးအတွက် လိုသမျှသောသစ်ကတိုးသား၊ ထင်း ရှူးသားနှင့်ရွှေကိုပေးပို့လေသည်။ တည်ဆောက် ရေးပြီးဆုံးချိန်၌ရှောလမုန်မင်းသည်ဟိရံ အားဂါလိလဲနယ်မြေရှိမြို့နှစ်ဆယ်ကိုပေး တော်မူ၏။-
12
ဟိရံသည်ထိုမြို့များသို့သွားရောက်ကြည့်ရှု ပြီးနောက် မနှစ်သက်သဖြင့်ရှောလမုန်မင်း အား``အဆွေတော်ပေးသည့်မြို့များကား အဘယ်သို့သောမြို့များနည်း'' ဟုဆိုသည် ကို၊-
13
အစွဲပြု၍ထိုအရပ်ကိုကာဗုလဟူ၍ ယခုတိုင်အောင်သမုတ်ကြလေသည်။-
14
ဟိရံသည်ရှောလမုန်အားရွှေချိန်လေးတန် နီးပါးပေးပို့ခဲ့သတည်း။
15
ရှောလမုန်မင်းသည်ဗိမာန်တော်နှင့်နန်းတော်တည် ဆောက်မှုတွင်လည်းကောင်း၊ မြို့၏အရှေ့ပိုင်း၌မြေ ဖို့လုပ်ရာတွင်လည်းကောင်း၊ မြို့ရိုးတည်ဆောက် ရာတွင်လည်းကောင်း ချွေးတပ်ကိုအသုံးပြုတော် မူ၏။ မင်းကြီးသည်ချွေးတပ်ဖြင့်ပင်လျှင်ဟာဇော် မြို့၊ မေဂိဒ္ဒေါမြို့နှင့်ဂေဇာမြို့တို့ကိုလည်းပြန် လည်တည်ဆောက်တော်မူ၏။-
16
(အီဂျစ်ဘုရင်သည်ဂေဇာမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မြို့သူမြို့သားတို့ကိုသတ်၍မြို့ကို မီးရှို့ပစ်လေသည်။ ထို့နောက်သမီးတော်အား ရှောလမုန်နှင့်ထိမ်းမြားမင်္ဂလာပြုချိန်၌ထို မြို့ကိုလက်ဖွဲ့တော်မူ၏။-
17
သို့ဖြစ်၍ရှောလမုန်သည်ဂေဇာမြို့ကိုပြန် လည်တည်ဆောက်တော်မူခြင်းဖြစ်၏။) ရှော လမုန်သည်အောက်ဗေသောရုန်မြို့၊-
18
ဗာလက်မြို့၊ ယုဒပြည်တောကန္တာရရှိတာ ဒမော်မြို့တို့ကိုလည်းကောင်း၊-
19
ရိက္ခာသိုလှောင်ရာမြို့များ၊ မြင်းများ၊ စစ်ရထား များ၊ စခန်းမြို့များကိုလည်းကောင်း၊ ယေရု ရှလင်မြို့၊ လေဗနုန်တောင်ပေါ်နှင့်နိုင်ငံတော် အတွင်းအခြားဒေသများတွင် မိမိဆောက် လုပ်လိုသမျှသောအဆောက်အအုံများကို လည်းကောင်းချွေးတပ်ဖြင့်ပင်တည်ဆောက်တော် မူ၏။-
20
ရှောလမုန်သည်ခါနာန်ပြည်ကိုဣသရေလ အမျိုးသားတို့သိမ်းယူစဉ်အခါက မသတ် ဘဲထားခဲ့သည့်ခါနာန်အမျိုးသားများမှ ဆင်းသက်လာသူတို့ကိုမိမိ၏ချွေးတပ် အဖြစ်အသုံးပြုလေသည်။ ထိုသူတို့အထဲ တွင်အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိနှင့်ယေ ဗုသိအမျိုးသားတို့ပါဝင်ကြ၏။ ထိုသူ တို့၏သားမြေးများသည်ယနေ့တိုင်အောင် ဆက်လက်၍ကျွန်ခံနေရကြသတည်း။-
22
ရှောလမုန်သည်ယုဒအမျိုးသားတို့ကိုမူ ကျွန်ခံစေတော်မမူ။ သူတို့သည်စစ်သူရဲ များ၊ မှူးမတ်များ၊ စစ်ရထားမှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့်အမှုထမ်း ရကြလေသည်။
23
ရှောလမုန်၏ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ကိုင်နေသောချွေးတပ်သားတို့အပေါ်ကြီး ကြပ်အုပ်ချုပ်ရေးမှူးငါးရာငါးဆယ်ရှိသတည်း။
24
ထို့နောက်ရှောလမုန်သည် အီဂျစ်ဘုရင်၏သမီး တော်ကိုသူ၏အတွက် မိမိဆောက်လုပ်ပေးသည့် စံနန်းသို့ဒါဝိဒ်မြို့မှခေါ်ဆောင်လာပြီး နောက် မြို့၏အရှေ့ပိုင်းတွင်မြေဖို့တော်မူ၏။
25
ရှောလမုန်သည်ထာဝရဘုရားအတွက် မိမိ တည်ဆောက်ထားသည့်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုတစ် နှစ်လျှင်သုံးကြိမ်ပူဇော်လေသည်။ ထာဝရ ဘုရားအားနံ့သာပေါင်းကိုလည်းမီးရှို့ပူ ဇော်တော်မူ၏။ သို့ဖြစ်၍သူသည်ဗိမာန် တော်တည်ဆောက်မှုကိုအပြီးသတ်တော်မူ သတည်း။
26
ရှောလမုန်မင်းသည်ဧဒုံပြည်၊ ဧလုတ်မြို့အနီး အကွာဗာပင်လယ်ကွေ့ကမ်းခြေပေါ်ရှိဧဇယုန် ဂါဗာမြို့တွင်သင်္ဘောများကိုလည်းတည်ဆောက် လေသည်။-
27
ဟိရံမင်းသည်လည်းအလုပ်ရည်ဝသည့်သင်္ဘော သားအချို့ကို ရှောလမုန်၏လူတို့နှင့်အတူ အမှုထမ်းရန်ပေးပို့တော်မူ၏။-
28
သူတို့သည်သြဖိရမြို့သို့သင်္ဘောလွှင့်ကြ ပြီးနောက် ရွှေအချိန်တစ်ဆယ့်ခြောက်တန် နီးပါးကိုရှောလမုန်ထံသို့ယူဆောင်လာ ကြ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22