bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Corinthians 11
2 Corinthians 11
Burmese (BCL) (Common Language Bible)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
1
ငါ၏အနည်းငယ်မိုက်မဲမှုကိုသင်တို့သည်းခံ ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။ ကျေးဇူးပြု၍ သည်းခံကြလော့။-
2
ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။-
3
ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။-
4
လူတစ်စုံတစ်ယောက်သည်သင်တို့ထံရောက်လာ၍ ငါတို့မကြေညာဘူးသည့်အခြားတစ်ပါးသော ယေရှု၏အကြောင်းကိုဟောပြောကြေညာသော အခါ သင်တို့သည်ဝမ်းမြောက်စွာလက်ခံခွင့်ပြု ကြ၏။ သင်တို့သည်ငါတို့ထံမှကြားသိရသည့် သတင်းကောင်းနှင့်လုံးဝမတူသည့်သတင်း ကောင်းကိုလည်းကောင်း၊ ယခင်ကခံယူရရှိ သည့်ဝိညာဉ်တော်နှင့်လုံးဝကွဲပြားခြားနား သည့်ဝိညာဉ်ကိုလည်းကောင်းလက်ခံကြ၏။
5
ငါသည်သင်တို့၏ထူးမြတ်လှသည့်တမန် တော်များထက်အနည်းငယ်မျှမနိမ့်ဟုငါ ယူဆ၏။-
6
ငါသည်အဟောအပြောညံ့သော်လည်းအသိ ပညာမညံ့။ ငါတို့သည်အခါခပ်သိမ်းအခြေ အနေအမျိုးမျိုးတွင်ဤအချက်ကိုသင်တို့ အားကောင်းစွာသိစေခဲ့၏။
7
ငါသည်သင်တို့၏ဂုဏ်ကိုမြှင့်တင်ရန် မိမိကိုယ် ကိုနှိမ့်ချလျက် ဘုရားသခင်၏သတင်းကောင်း ကိုသင်တို့အားအခမဲ့ကြေညာခြင်းသည် မှားယွင်းပါသလော။-
8
ငါသည်သင်တို့ထံတွင်အမှုတော်ဆောင်စဉ်ကုန် ကျသည့်စရိတ်များကိုအခြားအသင်းတော် များအားကျခံစေခဲ့၏။ ငါတို့သည်သင်တို့ကို ကူညီမစနိုင်ရန်ထိုအသင်းတော်များကို ဋ္ဌားပြတိုက်ရသကဲ့သို့ဖြစ်၏။-
9
ထို့အပြင်ငါသည်သင်တို့ထံ၌ရှိနေစဉ်ကြေး ငွေလိုအပ်ချိန်၌သင်တို့အားဒုက္ခမပေးခဲ့။ မာ ကေဒေါနိပြည်မှလာကြသည့်ညီအစ်ကိုများ ကငါလိုသမျှကိုယူဆောင်လာကြ၏။ ငါ သည်မိမိ၏အတွက်မည်သို့မျှသင်တို့အား ဝန်မလေးစေခဲ့။ နောင်ကိုလည်းဝန်လေးစေမည် မဟုတ်။-
10
ဤသို့ငါဝါကြွားသည်ကိုအခါယပြည်တစ် လျှောက်လုံးတွင်မည်သူမျှပိတ်ပင်၍ရလိမ့်မည် မဟုတ်ကြောင်း ငါ၌ရှိသောခရစ်တော်၏သစ္စာ တရားတော်ကိုအမှီပြု၍ငါဆို၏။-
11
အဘယ်ကြောင့်ဤသို့ငါဆိုရသနည်း။ သင်တို့ အားမချစ်၍လော။ ငါချစ်ကြောင်းကိုဘုရား သခင်သိတော်မူ၏။
12
သို့ရာတွင်ငါတို့ကဲ့သို့လုပ်ဆောင်သည်ဟူ၍ ကြွားဝါပြောဆိုခွင့်ကိုထိုတမန်တော်တို့မရ နိုင်ကြစေရန် ငါသည်ယခုအတိုင်းဆက်လက် လုပ်ဆောင်သွားမည်။-
13
ထိုသူတို့ကားတမန်တော်အတုများသာဖြစ် ကြ၏။ မိမိတို့ကိုယ်ကိုခရစ်တော်၏တမန်တော် များအဖြစ်ယောင်ဆောင်လျက်လှည့်စားလုပ် ဆောင်သူများတည်း။-
14
သူတို့ဤသို့ပြုကြသည်မှာအံ့သြစရာမဟုတ်။ စာတန်ပင်လျှင်အလင်း၏ကောင်းကင်တမန် အသွင်ကိုယူဆောင်နိုင်ပေသည်။-
15
သို့ဖြစ်၍သူ၏တပည့်များသည်ဖြောင့်မတ်ခြင်း တရားကိုဟောပြောကြေညာသူများအဖြစ် ယောင်ဆောင်ကြသည်မှာအံ့သြစရာမဟုတ် ပေ။ နောက်ဆုံး၌သူတို့သည်မိမိတို့ကျင့်ကြံ ပြုမူသည်အတိုင်းထိုက်သင့်ရာအကျိုး အပြစ်ကိုခံစားကြရလိမ့်မည်။
16
တစ်ဖန်ငါဆိုသည်ကားငါ့အားလူမိုက်ဟု အဘယ်သူမျှမထင်မမှတ်စေနှင့်။ သို့ရာတွင် သင်တို့ထင်မှတ်ကြလျှင်လည်းလူမိုက်အဖြစ် ဖြင့်ပင်ငါ့အားလက်ခံကြလော့။ သို့မှသာ လျှင်ငါ့မှာကြွားဝါစရာအခွင့်အနည်း ငယ်ရရှိနိုင်ပေမည်။-
17
ယခုကြွားဝါပြောဆိုနေခြင်းသည်သခင် ဘုရား၏အလိုတော်အရမဟုတ်။ လူမိုက် ကဲ့သို့ငါကြွားဝါပြောဆိုနေခြင်းဖြစ်၏။-
18
သို့သော်လူအများကလောကီအရာများ အတွက်ကြွားဝါတတ်ကြသည်ဖြစ်ရာ ငါ သည်လည်းကြွားဝါမည်။-
19
သင်တို့သည်ပညာရှိကြီးများဖြစ်သဖြင့် လူ မိုက်များကိုဝမ်းမြောက်စွာသည်းခံကြပေသည်။-
20
သင်တို့သည်မိမိတို့အားစေစားသူ၊ အခွင့် ကောင်းယူသူ၊ အမြတ်ထုတ်သူ၊ အထင်အမြင် သေးသူ၊ ပါးရိုက်သူတို့ကိုသည်းခံကြ၏။-
21
ငါတို့သည်ဤသို့သောအမှုတို့ကိုသင်တို့အား ပြုရန်သတ္တိမရှိကြောင်းကိုရှက်ရှက်နှင့်ပင်ငါ ဝန်ခံ၏။ သို့ရာတွင်လူမိုက်အနေနှင့်ပြောရမည်ဆိုလျှင် အကယ်၍တစ်စုံတစ်ယောက်ကအရာတစ်ခု အတွက်ကြွားဝါပါကငါလည်းကြွားဝါ နိုင်၏။-
22
သူတို့သည်ဟေဗြဲအမျိုးသားဖြစ်သည်ဟု ဆိုလျှင် ငါလည်းဖြစ်၏။ သူတို့သည်ဣသရေလ အမျိုးသားများဖြစ်သည်ဟုဆိုလျှင် ငါလည်း ဖြစ်၏။ သူတို့သည်အာဗြဟံ၏အမျိုးအနွယ် များဖြစ်သည်ဟုဆိုလျှင် ငါလည်းဖြစ်၏။-
23
သူတို့သည်ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်သည်ဟုဆိုလျှင် ငါသည်အထူးသဖြင့် ဖြစ်၏ဟုသူရူးကဲ့သို့ငါဆို၏။ ငါသည်ထို သူတို့ထက်ပို၍အပင်ပန်းခံကာအမှုတော် ကိုဆောင်ခဲ့၏။ သူတို့ထက်ပို၍အကြိမ်ပေါင်း များစွာထောင်ကျခဲ့၏။ ပို၍ကြိမ်ဒဏ်ခံခဲ့ ရ၏။ သေဘေးနှင့်ရင်ဆိုင်ခဲ့သည်မှာအကြိမ် ပေါင်းပို၍များ၏။-
24
ယုဒအမျိုးသားတို့သည်ငါ့အားသုံးဆယ့် ကိုးချက်ရိုက်ဒဏ်ကိုငါးကြိမ်တိုင်တိုင်ပေး ခဲ့ကြ၏။-
25
ရောမအမျိုးသားတို့ထံ၌ငါသည်သုံးကြိမ် တိုင်တိုင်ကြိမ်ဒဏ်ခံခဲ့ရသည်။ ခဲနှင့်အပေါက် ခံရသည်မှာတစ်ကြိမ်၊ သင်္ဘောပျက်သည်မှာ သုံးကြိမ်ဖြစ်၏။ ပင်လယ်ပြင်တွင်နှစ်ဆယ့် လေးနာရီမျောခဲ့ရ၏။-
26
ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။-
27
အလုပ်ကိုပင်ပန်းခက်ခဲစွာလုပ်ကိုင်ရခြင်း မကြာခဏအအိပ်ပျက်ခြင်း၊ ဆာလောင် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ ဝအောင်မစားရခြင်း၊ အအေးဒဏ်ခံရ ခြင်း၊ ဝတ်စရာလည်းလုံလောက်စွာမရှိ ခြင်းများကိုငါခံရ၏။-
28
ဤဆင်းရဲဒုက္ခများနှင့်အခြားဆင်းရဲဒုက္ခ များအပြင်အသင်းတော်တို့အတွက်နေ့ စဉ်စိုးရိမ်ပူပန်လျက်ရှိရ၏။-
29
အားနည်းသူရှိလျှင်ငါသည်လည်းအားနည်း ရ၏။ အပြစ်ကူးသူရှိလျှင်ငါသည်ပူပန် ရ၏။
30
ငါသည်ဝါကြွားရမည်ဆိုလျှင် မိမိ၏အား နည်းမှုကိုသာအကြောင်းပြု၍ဝါကြွားမည်။-
31
ငါသည်လိမ်လည်၍မပြောကြောင်းကို သခင် ယေရှု၏ခမည်းတော်ဘုရားသခင်သိတော် မူ၏။ ထိုအရှင်၏နာမတော်သည်ထာဝစဉ် မင်္ဂလာရှိတော်မူပါစေသတည်း။-
32
ငါသည်ဒမာသက်မြို့၌ရှိစဉ်အရေတ ဘုရင်၏လက်အောက်ခံဘုရင်ခံသည် ငါ့ အားဖမ်းဆီးရန်မြို့တံခါးများတွင်တပ် သားများကိုအစောင့်ချထား၏။-
33
သို့ရာတွင်တပည့်တော်တို့သည်ငါ့ကိုတောင်း တွင်ထည့်၍ ပြူတင်းပေါက်မှမြို့ရိုးကလျှောချ ကြသဖြင့် ငါသည်ထိုဘုရင်ခံ၏လက်မှ လွတ်မြောက်ရပေသည်။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13