bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Corinthians 6
2 Corinthians 6
Burmese (BCL) (Common Language Bible)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 7 →
1
သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။-
2
ဘုရားသခင်က၊ ``ငါသည်သင်တို့ကိုကျေးဇူးပြုရန် အချိန်ကျရောက်သောအခါ၊ သင်တို့လျှောက်ထားချက်ကိုနားညောင်းခဲ့ လေပြီ။ ကယ်တင်ရာနေ့ရက်ကျရောက်သောအခါ သင်တို့အားကူမခဲ့လေပြီ'' ဟုမိန့်တော်မူသည်ကိုနားထောင်ကြလော့။ ကိုယ် တော်၏ကျေးဇူးပြုခြင်းကိုခံယူရန်အချိန် ကားယခုပင်ဖြစ်၏။ ကယ်တင်ရာနေ့ရက်ကာလ သည်ယနေ့ပင်ဖြစ်သတည်း။
3
ငါတို့၏အလုပ်နှင့်ပတ်သက်၍အဘယ်သူမျှ အပြစ်မရှာနိုင်စေရန်ငါတို့သည်သူတစ်ပါး တို့ရှေ့၌အနှောင့်အယှက်တစ်စုံတစ်ခုကိုမျှ မပြု။-
4
ယင်းသို့ပြုမည့်အစားဆင်းရဲဒုက္ခများ၊ ခဲယဉ်း ကျပ်တည်းမှုများ၊ အခက်အခဲများကိုစိတ်ရှည် စွာသည်းခံလျက်ကိစ္စအဝဝတွင်ငါတို့သည် ဘုရားသခင်၏အစေခံများဖြစ်ကြောင်းကို ပေါ်လွင်စေကြ၏။-
5
ငါတို့သည်အရိုက်ခံခဲ့ရ၏။ ထောင်ကျခဲ့ ကြ၏။ လူတို့ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်း တို့ကိုခံကြရ၏။ ငါတို့မှာအလုပ်မှနား ခွင့်မရှိ။ အိပ်ရသည်စားရသည်ဟူ၍ပင်မရှိ။-
6
စိတ်နှလုံးသန့်ရှင်းစင်ကြယ်ခြင်း၊ ပညာသတိ ရှိခြင်း၊ သည်းခံခြင်း၊ ကြင်နာသနားခြင်းတို့ ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်လည်းကောင်း၊ စစ်မှန်သောမေတ္တာအား ဖြင့်လည်းကောင်း၊-
7
သမ္မာတရားတော်ကိုဟောပြောကြေညာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုဟောပြောကြေညာခြင်းအားဖြင့် လည်းကောင်း ငါတို့သည်ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုပေါ်လွင်စေ ကြ၏။ ထိုးစစ်ဆင်သောအခါနှင့်ခုခံ ကာကွယ်သောအခါ၌ ငါတို့သည်ဖြောင့် မတ်ခြင်းတရားတည်းဟူသောလက်နက် ကိုအသုံးပြုကြ၏။-
8
ငါတို့သည်ချီးမြှောက်ခြင်းနှင့်ရှုတ်ချခြင်း ကိုခံရကြ၏။ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်းကို ခံရကြ၏။ လူလိမ်များဟုလူတို့သတ်မှတ် ကြသော်လည်းငါတို့သည်သစ္စာစကားကို ပြောဆိုကြ၏။-
9
လူသိနည်းသူများပင်ဖြစ်သော်လည်းကျော် စောထင်ရှားကြ၏။ သူသေများကဲ့သို့ဖြစ် သော်လည်းအသက်ရှင်လျက်ရှိကြ၏။ အပြစ် ဒဏ်ပေးခြင်းခံရသော်လည်းအသတ်မခံ ရကြ။-
10
ဝမ်းနည်းရသော်လည်းအစဉ်ဝမ်းမြောက်ကြ ၏။ သူဆင်းရဲများကဲ့သို့ဖြစ်သော်လည်းလူ အမြောက်အမြားကိုချမ်းသာကြွယ်ဝစေ ကြ၏။ ပစ္စည်းဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင် သူများကဲ့သို့ဖြစ်သော်လည်းအလုံးစုံတို့ ကိုပိုင်ကြ၏။
11
ကောရိန္သုမြို့ရှိချစ်ဆွေတို့၊ ငါတို့သည်သင်တို့ အားပွင့်လင်းစွာပြောဆိုခဲ့ပြီ။ ငါတို့၏စိတ် နှလုံးတံခါးကိုသင်တို့အဖို့ကျယ်စွာဖွင့် ထားပြီ။-
12
စိတ်နှလုံးတံခါးကိုပိတ်၍ထားသူများ ကားငါတို့မဟုတ်။ သင်တို့ကသာမိမိတို့ စိတ်နှလုံးတံခါးကိုငါတို့အဖို့ပိတ်ထား ကြ၏။ ယခုငါသည်သင်တို့အားငါ၏သား သမီးများသဖွယ်ပြောဆိုနေ၏။-
13
သို့ဖြစ်၍ငါတို့အားတုံ့ပြန်သောအနေဖြင့် သင်တို့၏စိတ်နှလုံးတံခါးကိုကျယ်စွာဖွင့် ကြလော့။
14
မယုံကြည်သောသူတို့နှင့်တွဲဖက်၍မလုပ် ဆောင်ကြနှင့်။ တွဲဖက်၍လုပ်ဆောင်ရန်မဖြစ် နိုင်။ အမှားသည်အမှန်နှင့်မည်သို့ဖက်စပ် နိုင်အံ့နည်း။ အလင်းသည်အမှောင်နှင့်မည်သို့ ယှဉ်တွဲနေနိုင်အံ့နည်း။-
15
ခရစ်တော်သည်စာတန်နှင့်အဘယ်သို့သဘော တူနိုင်ပါအံ့နည်း။ ယုံကြည်သူသည်မယုံ ကြည်သူနှင့်အဘယ်သို့တူညီမှုရှိနိုင်ပါ မည်နည်း။-
16
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
17
သို့ဖြစ်၍ထာဝရဘုရားက၊ ``ထိုသူတို့အထဲမှထွက်ခဲ့ကြလော့။ သူတို့နှင့်မပေါင်းမဖော်ကြနှင့်။ မသန့်စင်သည့်အရာကိုလက်နှင့်မျှ မပတ်သက်နှင့်။ သို့ပြုလျှင်ငါသည်သင်တို့ကိုလက်ခံမည်။
18
ငါသည်သင်တို့၏အဖဖြစ်မည်။ သင်တို့သည် လည်းငါ၏သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏'' ဟုမြွက်ဆိုတော်မူ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13