bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
John 10
John 10
Burmese (BCL) (Common Language Bible)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 11 →
1
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား သိုးခြံထဲသို့တံခါးပေါက် ကမဝင်ဘဲ အခြားနည်းဖြင့်ကျော်ဝင်သူ သည်သူခိုးဋ္ဌားပြဖြစ်၏။-
2
တံခါးပေါက်ကဝင်သူမူကားသိုးထိန်းဖြစ်၏။-
3
သိုးထိန်းအားတံခါးစောင့်သည်တံခါးဖွင့်၍ ပေးတတ်၏။ သိုးတို့သည်သူ၏အသံကိုနား ထောင်တတ်ကြ၏။ သူသည်သိုးတို့ကိုနာမည် ဖြင့်ခေါ်၍သိုးခြံမှထုတ်ဆောင်တတ်၏။-
4
သိုးတို့ကိုထုတ်ပြီးလျှင်သိုးတို့၏အရှေ့က ဦးဆောင်၍သွားတတ်၏။ သိုးတို့သည်သူ့အသံ ကိုသိသဖြင့်နောက်ကလိုက်ကြ၏။-
5
သိုးတို့သည်သူစိမ်း၏နောက်သို့မူလိုက်လိမ့်မည် မဟုတ်။ သူစိမ်း၏အသံကိုမသိသဖြင့်သူ့ ထံမှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
6
သခင်ယေရှုသည်ဤပုံဥပမာကိုထိုသူတို့ အားမိန့်တော်မူသော်လည်း သူတို့သည်ပုံဥပမာ တော်၏အနက်အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။
7
ထို့ကြောင့်တစ်ဖန်သခင်ယေရှုက ``အမှန်အကန် သင်တို့အားငါဆိုသည်ကား ငါသည်သိုးတို့ဝင် သောတံခါးပေါက်ဖြစ်၏။-
8
ငါ့ရှေ့တွင်ရောက်ရှိလာသူအားလုံးသည်သူခိုး ဋ္ဌားပြများဖြစ်ကြ၏။ သို့ရာတွင်သိုးတို့သည် ထိုသူတို့၏စကားကိုနားမထောင်ကြ။-
9
ငါသည်တံခါးပေါက်ဖြစ်၏။ ထိုတံခါးပေါက် ဖြင့်ဝင်သူသည် ဘေးနှင့်ကင်းလွတ်၍ဝင်ထွက် သွားလာလျက်ကျက်စားရာကိုတွေ့ရလိမ့်မည်။-
10
သူခိုးသည်ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာ၏။ ငါမူကားသင်တို့အသက်ရှင်ကြစေရုံ မျှသာမက ကြွယ်ဝပြည့်စုံသောအသက်ကို ရှင်နိုင်ကြစေရန်လာသတည်း။
11
``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။-
12
သူငှားသည်သိုးထိန်းမဟုတ်။ သိုးရှင်လည်းမဟုတ် သဖြင့် ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို စွန့်၍ထွက်ပြေးတတ်၏။ သို့ဖြစ်၍ဝံပုလွေသည် သိုးတို့ကိုကိုက်ဖမ်း၍ကစဥ့်ကရဲဖြစ်စေ တတ်၏။-
13
သူငှားသည်သူငှားဖြစ်သည့်အလျောက် သိုးတို့ ကိုဂရုမစိုက်ဘဲထွက်ပြေးတတ်၏။-
14
ငါသည်သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်းခမည်းတော် ကိုသိသကဲ့သို့ ငါသည်သိုးတို့ကိုသိ၍သိုး တို့သည်လည်းငါ့ကိုသိကြ၏။ ငါသည်သိုးများ အတွက်အသက်ကိုစွန့်၏။-
16
ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
17
``ငါသည်အသက်ကို တစ်ဖန်ပြန်လည်ရရှိစေ ရန် ကိုယ့်အသက်ကိုစွန့်သောကြောင့်ခမည်းတော် သည်ငါ့ကိုချစ်တော်မူ၏။-
18
အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
19
ဤသို့မိန့်တော်မူသောကြောင့်လူတို့သည် စိတ် သဘောကွဲလွဲသွားကြပြန်၏။-
20
လူအချို့တို့က ``ဤသူသည်နတ်မိစ္ဆာစွဲကပ် သောသူရူးဖြစ်၏။ အဘယ်ကြောင့်သူ့စကား ကိုသင်တို့နားထောင်ကြသနည်း'' ဟုဆိုကြ ၏။
21
သို့ရာတွင်အခြားသူတို့က ``နတ်မိစ္ဆာစွဲကပ်သူ သည် ဤသို့သောစကားကိုမပြောမဆိုနိုင်ရာ။ နတ်မိစ္ဆာစွဲကပ်သူသည်အဘယ်သို့လျှင် မျက်မ မြင်များကိုမျက်စိမြင်စေနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
22
ထိုအချိန်၌ယေရုရှလင်မြို့တွင် ဗိမာန်တော်ကို ဆက်ကပ်သည့်ပွဲတော်ကျရောက်လျက်ရှိ၏။ ထို အခါကားဆောင်းရာသီဖြစ်၏။-
23
သခင်ယေရှုသည်ဗိမာန်တော်ရှိရှောလမုန် မုခ်တွင် စင်္ကြံသွားလျက်နေတော်မူ၏။-
24
ထိုအခါလူတို့သည်ကိုယ်တော်ကိုဝန်းရံလျက် ``သင်သည်အဘယ်မျှကြာအောင်အကျွန်ုပ်တို့ အားစိတ်ဒွိဟဖြစ်စေပါမည်နည်း။ အကယ်၍ သင်သည်မေရှိယဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတည့်အလင်းပြောပါလော့'' ဟုဆိုကြ၏။
25
သခင်ယေရှုက ``သင်တို့အားငါပြောပြီးဖြစ် ၏။ သို့ရာတွင်သင်တို့မယုံကြ။ ခမည်းတော်ခွင့် ပြုတော်မူချက်အရငါပြုသည့်အမှုအရာ များက ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။-
26
သင်တို့သည်ငါ၏သိုးများမဟုတ်သဖြင့် ငါ့ကိုမယုံကြ။-
27
ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။-
28
ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။-
29
သူတို့ကိုငါ့အားပေးသနားတော်မူသော ခမည်းတော်သည်ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍မည်သူမျှသိုး တို့ကိုခမည်းတော်၏လက်မှမလုမယူနိုင်။-
30
ခမည်းတော်နှင့်ငါသည်တစ်လုံးတစ်ဝတည်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
31
ထိုအခါလူတို့သည်ကိုယ်တော်ကိုပေါက်ရန် ခဲများကိုကောက်ပြန်၏။-
32
သခင်ယေရှုက ``ခမည်းတော်စေခိုင်းတော်မူ သဖြင့် ငါသည်ကောင်းမြတ်သောအမှုများ ကိုပြုခဲ့၏။ ၎င်းအမှုများအနက်အဘယ် အမှုကြောင့်ငါ့အားသင်တို့ခဲနှင့်ပေါက်လို ကြသနည်း'' ဟုမေးတော်မူ၏။
33
သူတို့က ``ကောင်းမြတ်သောအမှုတစ်စုံတစ်ရာ ကိုသင်ပြုသောကြောင့်ခဲနှင့်ပေါက်မည်မဟုတ်။ သင်သည်လူစင်စစ်ဖြစ်ပါလျက်ဘုရားယောင် ဆောင်ကာ ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသောကြောင့်ခဲနှင့်ပေါက်မည်'' ဟုဆို ကြ၏။
34
သခင်ယေရှုက ``ငါတို့ပညတ်ကျမ်းတွင် ဘုရား သခင်က `သင်တို့သည်ဘုရားများဖြစ်ကြ၏' ဟု ဖော်ပြထားလေသည်။-
35
ကျမ်းစာတော်ဖော်ပြသည့်အရာများသည် အစဉ် မှန်ကန်ကြောင်းကိုငါတို့သိကြ၏။ ဘုရားသခင် ကမိမိ၏တရားတော်ကိုကြားနာရသူတို့အား `ဘုရားများ' ဟုဖော်ပြသည်။-
36
ခမည်းတော်သည်ငါ့ကိုရွေးချယ်၍ ဤလောက သို့စေလွှတ်တော်မူ၏။ သို့ဖြစ်၍ `ငါသည်ဘုရား သခင်၏သားတော်ဖြစ်သည်' ဟုဆိုသောအခါ ငါသည်ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသည်ဟုအဘယ်သို့လျှင်သင်တို့ဆို နိုင်ကြသနည်း။-
37
ခမည်းတော်၏အမှုတော်များကိုငါမဆောင် ရွက်လျှင် ငါ့အားမယုံကြည်ကြနှင့်။-
38
ဆောင်ရွက်လျှင်မူကားငါ့ကိုမယုံသော်လည်း ငါ၏ဆောင်ရွက်ချက်များကိုယုံကြလော့။ သို့ မှသာလျှင်ခမည်းတော်သည်ငါနှင့်တစ်လုံး တစ်ဝတည်းရှိတော်မူလျက် ငါသည်လည်း ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းရှိသည် ကို သင်တို့သိမြင်နားလည်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
39
ထိုအခါသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင်ကိုယ်တော်သည် ရှောင်တိမ်း၍ကြွသွားတော်မူ၏။
40
ကိုယ်တော်သည်ယော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယခင်ယောဟန်ဗတ္တိဇံင်္မဂလာပေးရာအရပ် သို့ပြန်လည်ကြွသွားတော်မူ၍ထိုအရပ် တွင်နေတော်မူ၏။-
41
လူအများအပြားပင်အထံတော်သို့လာ ကြ၏။ သူတို့က ``ယောဟန်သည်အဘယ်အံ့ ဖွယ်နိမိတ်လက္ခဏာကိုမျှမပြခဲ့။ သို့ရာ တွင်ဤသူအကြောင်းနှင့်ပတ်သက်၍ယောဟန် ပြောသမျှမှန်ပေ၏'' ဟုဆိုကြ၏။-
42
သို့ဖြစ်၍ထိုအရပ်တွင်လူအမြောက်အမြား ပင် ကိုယ်တော်ကိုယုံကြည်လာကြ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21