bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
John 11
John 11
Burmese (BCL) (Common Language Bible)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 12 →
1
ဗေသနိရွာသားလာဇရုဆိုသူသည်ဖျားနာ လျက်ရှိ၏။ ဗေသနိရွာတွင်ညီအစ်မဖြစ်ကြ သောမာရိနှင့်မာသတို့နေထိုင်ကြ၏။-
2
(ဤမာရိကားသခင်ယေရှု၏ခြေတော်ထက် မှာဆီမွှေးသွန်းလောင်း၍ မိမိဆံပင်ဖြင့်သုတ် ပေးသူဖြစ်၏။ ဖျားနာနေသူလာဇရုသည် ဤမာရိ၏မောင်တည်း။)-
3
ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။
4
ကိုယ်တော်က ``ဤရောဂါသည်သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုထွန်းတောက်စေမည့်ရောဂါဖြစ်၏။ ထိုရောဂါအားဖြင့်ဘုရားသခင်၏သား တော်သည်လည်းဘုန်းအသရေထွန်းတောက် အံ့'' ဟုမိန့်တော်မူ၏။
5
သခင်ယေရှုသည်မာသနှင့်ညီမမာရိကို လည်းကောင်း၊ လာဇရုကိုလည်းကောင်းချစ် တော်မူ၏။-
6
လာဇရုဖျားနာနေကြောင်းကိုကြားတော်မူ လျှင် ကိုယ်တော်သည်မိမိရောက်ရှိရာအရပ် တွင်နှစ်ရက်တိုင်တိုင်ဆက်၍နေတော်မူ၏။-
7
ထိုနောက်ကိုယ်တော်က ``ယုဒပြည်သို့ငါတို့ တစ်ဖန်သွားကြကုန်အံ့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
8
တပည့်တော်တို့က ``အရှင်ဘုရား၊ လူတို့သည် ကိုယ်တော်အားမကြာမီကပင်ခဲနှင့်ပေါက် ရန်ကြိုးစားကြပါ၏။ ထိုအရပ်သို့တစ်ဖန် ကြွတော်မူဦးမည်လော'' ဟုမေးလျှောက်ကြ၏။
9
ကိုယ်တော်က ``တစ်နေ့တွင်တစ်ဆယ့်နှစ်နာရီရှိ သည်မဟုတ်လော။ နေ့အချိန်၌သွားလာသူ သည်နေ၏အလင်းရောင်ကိုမြင်ရသဖြင့် ခလုတ်မထိဘဲကောင်းစွာသွားလာနိုင်၏။-
10
ညအချိန်၌သွားလာသူမူကားအလင်း ရောင်ကိုမရသဖြင့် ခလုတ်ထိ၍လဲတတ်၏'' ဟုမိန့်တော်မူ၏။-
11
ကိုယ်တော်သည်ဤသို့မိန့်တော်မူပြီးနောက် ``ငါ တို့၏အဆွေလာဇရုသည်အိပ်ပျော်လျက်နေ ၏။ သူ့ကိုနှိုးရန်ငါသွားမည်'' ဟုမိန့်တော်မူ၏။
12
တပည့်တော်တို့က ``အရှင်၊ သူသည်အိပ်ပျော် လျက်နေပါမူကျန်းမာလာပါလိမ့်မည်'' ဟု လျှောက်ကြ၏။
13
သခင်ယေရှုကလာဇရုသေကြောင်းကို ရည်မှတ်၍ထိုသို့မိန့်တော်မူသော်လည်း သာ မန်အိပ်ပျော်ကြောင်းကိုဆိုလိုတော်မူသည် ဟုတပည့်တော်တို့ထင်မှတ်ကြ၏။-
14
သို့ဖြစ်၍သခင်ယေရှုက ``လာဇရုသည် သေပြီ။-
15
ထိုအရပ်၌ငါမရှိခဲ့သည်မှာသင်တို့ယုံ ကြည်လာကြစေရန်ပင်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သူ့ထံသို့သွားကြကုန်အံ့'' ဟု ပွင့်လင်းစွာမိန့်တော်မူ၏။
16
(အမြွှာပူးဟုနာမည်တွင်သည့်) သောမက ``ငါ တို့သည်လည်းသခင်နှင့်အတူအသေခံရန် လိုက်သွားကြကုန်အံ့'' ဟုမိမိ၏အဖော် တပည့်တော်တို့အားပြောဆို၏။
17
သခင်ယေရှုရောက်တော်မူသောအခါလာဇရု အားသင်္ဂြိုဟ်ခဲ့သည်မှာလေးရက်မျှရှိပြီဖြစ် ကြောင်းတွေ့ရှိတော်မူ၏။-
18
ဗေသနိရွာသည်ယေရုရှလင်မြို့နှင့်နှစ် မိုင်ပင်မဝေးချေ။
19
ယုဒအမျိုးသားအမြောက်အမြားပင် မာရိနှင့်မာသတို့၏မောင်သေဆုံးသော ကြောင့်သူတို့ကိုနှစ်သိမ့်ရန်လာရောက်ကြ ၏။
20
မာသသည်သခင်ယေရှုကြွလာတော်မူ ကြောင်းကိုကြားလျှင် ခရီးဦးကြိုပြုရန် ထွက်သွား၏။ မာရိမူကားအိမ်တွင်ထိုင် လျက်နေရစ်၏။-
21
မာသက ``အရှင်ဘုရား၊ အရှင်သာဤ အရပ်တွင်ရှိခဲ့ပါမူကျွန်မ၏မောင်သေ မည်မဟုတ်ပါ။-
22
ယခုပင်လျှင်အရှင်တောင်းခံသမျှသော အရာတို့ကိုဘုရားသခင်ချပေးတော် မူမည်ကိုကျွန်မသိပါ၏'' ဟုသခင် ယေရှုအားလျှောက်၏။
23
သခင်ယေရှုက ``သင်၏မောင်သည်အသက် ပြန်၍ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
24
မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။-
25
သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
26
ငါ့ကိုယုံကြည်၍ယခုအသက်ရှင်လျက်ရှိ သောသူသည်လည်း အဘယ်အခါမျှသေရ လိမ့်မည်မဟုတ်။ ငါ့စကားကိုသင်ယုံပါ သလော'' ဟုမေးတော်မူ၏။
27
မာသက ``ယုံပါ၏သခင်။ အရှင်သည်ဤ လောကသို့ကြွလာမည့်ဘုရားသခင်၏ သားတော်မေရှိယဖြစ်တော်မူသည်ကို ကျွန်မယုံပါ၏'' ဟုလျှောက်၏။
28
ဤသို့လျှောက်ထားပြီးလျှင်မာသသည်အိမ် သို့ပြန်၍ညီမမာရိကိုတိတ်တဆိတ်ခေါ် ပြီးနောက် ``ဆရာတော်ကြွလာတော်မူပြီ။ သင့်အားမေးလျက်နေသည်'' ဟုပြောကြား၏။-
29
ထိုစကားကိုကြားလျှင်မာရိသည်အလျင် အမြန်ထ၍အထံတော်သို့သွားလေ၏။-
30
သခင်ယေရှုသည်ကားရွာထဲသို့မဝင်ရသေး။ မာသသွားရောက်ကြိုဆိုရာအရပ်မှာပင်ရှိ တော်မူ၏။-
31
မာရိအားနှစ်သိမ့်စကားပြောကြားရန်အိမ် တွင်ရှိနေကြသောလူတို့သည်မာရိအလျင် အမြန်ထ၍ထွက်သွားသည်ကိုမြင်လျှင် ငို ကြွေးရန်သင်္ချိုင်းသို့သွားသည်ဟုထင်မှတ် ကြ၏။ သို့ဖြစ်၍သူတို့သည်မာရိ၏နောက် သို့လိုက်သွားကြ၏။
32
မာရိသည်သခင်ယေရှုရှိရာအရပ်သို့ရောက် သောအခါ ကိုယ်တော်ကိုမြင်သဖြင့်ခြေတော် ရင်းမှာပျပ်ဝပ်လျက် ``အရှင်ဘုရား၊ အရှင် သာဤအရပ်မှာရှိတော်မူခဲ့ပါလျှင်ကျွန်မ မောင်သည်သေမည်မဟုတ်ပါ'' ဟုလျှောက် ထား၏။
33
သခင်ယေရှုသည်မာရိငိုယိုနေသည်ကို လည်းကောင်း၊ သူနှင့်အတူပါလာကြသော လူတို့သည်လည်းငိုယိုနေကြသည်ကိုလည်း ကောင်းမြင်တော်မူသဖြင့် စိတ်တော်အလွန် လှုပ်ရှားလျက်စိတ်မချမ်းမသာဖြစ်တော်မူ၏။-
34
ကိုယ်တော်က ``သူ့အလောင်းကိုအဘယ်မှာ သင်္ဂြိုဟ်ကြသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သခင်ကြွ၍ကြည့်တော်မူ ပါ'' ဟုလျှောက်ထားကြ၏။-
35
သခင်ယေရှုသည်မျက်ရည်ကျတော်မူ၏။
36
ထိုအခါလူတို့က ``ကြည့်ပါ၊ သူသည် လာဇရုကိုအလွန်ချစ်ပါသည်တကား'' ဟုဆိုကြ၏။-
37
အချို့သောသူတို့ကမူ ``မျက်မမြင်ကို မျက်စိမြင်စေသောသူသည်လာဇရုကို မသေရအောင်မတတ်နိုင်ပါသလော'' ဟု ဆိုကြ၏။
38
သခင်ယေရှုသည်တစ်ဖန်စိတ်တော်အလွန် လှုပ်ရှားလျက်သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထို ဂူ၏အဝင်ဝကိုကျောက်တုံးဖြင့်ပိတ်ထား၏။-
39
သခင်ယေရှုက ``ကျောက်တုံးကိုရွှေ့လိုက်ကြ လော့'' ဟုမိန့်တော်မူ၏။ သေလွန်သူ၏အစ်မ၊ မာသက ``အရှင် ဘုရား၊ ယခုအခါဆိုလျှင်အနံ့ထွက် နေပါလိမ့်မည်။ သူသေသည်မှာလေးရက် ရှိပါပြီ'' ဟုလျှောက်၏။
40
သခင်ယေရှုက ``သင်ယုံကြည်လျှင်ဘုရား သခင်၏ဘုန်းအသရေတော်ကိုမြင်ရလိမ့် မည်ဟူ၍ငါပြောသည်မဟုတ်လော'' ဟု မိန့်တော်မူ၏။-
41
သို့ဖြစ်၍လူတို့သည်ကျောက်တုံးကိုရွှေ့လိုက် ကြ၏။ ထိုအခါသခင်ယေရှုသည်အထက် သို့မျှော်ကြည့်လျက် ``ခမည်းတော်၊ ကိုယ်တော် ရှင်သည်အကျွန်ုပ်၏ပတ္ထနာကိုနားညောင်း တော်မူသဖြင့်ကျေးဇူးတော်ကြီးပါ၏။-
42
ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။-
43
ထိုနောက် ``လာဇရု၊ ထွက်ခဲ့လော့'' ဟုကျယ်စွာ အမိန့်ပေးတော်မူ၏။-
44
ထိုအခါသေလွန်သောသူသည်ခြေလက်၌ အဝတ်ဖြင့်ပတ်လျက်၊ မျက်နှာ၌ပဝါဖြင့် စည်းလျက်ထွက်လာလေသည်။ သခင်ယေရှု က ``သူ့အားပတ်ထားသည့်အဝတ်များကို ဖြေပေးကြလော့'' ဟုမိန့်တော်မူ၏။
45
ထိုအခါမာရိထံသို့လာကြသည့်လူ အမြောက်အမြားပင်သခင်ယေရှုပြုတော် မူသောအမှုကိုတွေ့မြင်ကြသဖြင့်ကိုယ် တော်ကိုယုံကြည်လာကြ၏။-
46
သို့ရာတွင်အချို့တို့သည်ဖာရိရှဲများ၏ ထံသို့သွား၍ သခင်ယေရှုပြုတော်မူသော အမှုကိုပြောကြားကြ၏။-
47
သို့ဖြစ်၍ယဇ်ပုရောဟိတ်ကြီးများနှင့် ဖာရိရှဲများသည်ယုဒတရားလွှတ်တော်ဆိုင် ရာအစည်းအဝေးကိုခေါ်ဖိတ်၍ ``ဤသူသည် များစွာသောအံ့သြဖွယ်နိမိတ်လက္ခဏာတို့ ကိုပြလျက်နေ၏။ ငါတို့အဘယ်ကြောင့်မည် သို့မျှမပြုဘဲနေကြသနည်း။-
48
သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။
49
ထိုသူတို့တွင်ထိုနှစ်အတွက် ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖဆိုသူက ``သင်တို့ သည်ပညာမဲ့ကြပါသည်တကား။-
50
ယုဒအမျိုးသားတစ်ရပ်လုံးသေကျေပျက် စီးသည်ထက် တစ်မျိုးသားလုံးအတွက်လူ တစ်ယောက်သေရသည်က သင်တို့အဖို့ပို၍ ကောင်းသည်ကိုသင်တို့မသိကြသလော'' ဟုဆို၏။-
51
ယင်းသို့ဆိုရာ၌သူသည် မိမိကိုယ်ပိုင်ဉာဏ် ဖြင့်ဆိုသည်မဟုတ်။ ထိုနှစ်အတွက်ယဇ်ပု ရောဟိတ်မင်းဖြစ်လျက် ယုဒအမျိုးသား တစ်ရပ်လုံးအတွက်လည်းကောင်း၊ ထိုမျှမက အရပ်ရပ်တွင် ကွဲလွင့်နေသောဘုရားသခင် ၏လူစုတော်ဝင်များကိုတစ်စုတစ်ရုံးတည်း ဖြစ်စေရန်လည်းကောင်း ကိုယ်တော်အသေခံ တော်မူမည့်အကြောင်းကြိုတင်ဟောကြား ခြင်းဖြစ်သတည်း။
53
ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။-
54
သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
55
ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။-
56
ထိုသူတို့သည်သခင်ယေရှုကိုရှာလျက်နေ ကြ၏။ သူတို့သည်ဗိမာန်တော်တွင်စုရုံးမိ ကြသောအခါ ``သူသည်ဤပွဲတော်သို့လာ ပါမည်လော။ မလာမည်မှာသေချာ၏။ သင် တို့အဘယ်သို့ထင်ကြသနည်း'' ဟုအချင်း ချင်းမေးမြန်းပြောဆိုကြ၏။-
57
ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများ ကမည်သူမဆိုသခင်ယေရှုရှိရာအရပ် ကိုသိလျှင် သူ့ကိုဖမ်းဆီးနိုင်ရန်အကြောင်း ကြားရမည်ဟုအမိန့်ထုတ်ပြန်ထားပြီး ဖြစ်သတည်း။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21