bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Mark 11
Mark 11
Burmese (BCL) (Common Language Bible)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
1
ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ အနီးသို့ချဉ်းကပ်မိ၍ ဗက်ဖာဂေနှင့်ဗေသနိ ရွာများအနီးရှိသံလွင်တောင်သို့ရောက်ကြ၏။-
2
ထိုအခါကိုယ်တော်သည်တပည့်တော်နှစ်ယောက် အား ``သင်တို့ရှေ့တွင်ရှိသောရွာသို့သွားကြလော့။ ရွာထဲသို့ဝင်လျှင် ဝင်ချင်းမည်သူမျှမစီးဘူး သေးသောမြည်းကလေးတစ်ကောင်ကိုတွေ့လိမ့် မည်။ ထိုမြည်းကိုကြိုးဖြင့်လံထား၏။-
3
ကြိုးဖြေ၍မြည်းကိုယူခဲ့ကြလော့။ အကယ်၍ လူတစ်စုံတစ်ယောက်ကသင်တို့အား အဘယ်ကြောင့် မြည်းကြိုးကိုဖြေသနည်းဟုမေးလျှင် ထိုမြည်း ကိုအကျွန်ုပ်တို့သခင်အလိုရှိပါသည်။ ချက်ချင်း ပြန်ပို့ပေးပါလိမ့်မည်ဟုပြောကြလော့'' ဟူ၍ မှာကြားစေလွှတ်တော်မူ၏။
4
ထိုတပည့်တော်နှစ်ယောက်တို့သည်သွား၍ မြည်း ကလေးတစ်ကောင်ကိုလမ်းတွင်အိမ်တစ်အိမ်၏ တံခါးအနီးမှာလံထားသည်ကိုတွေ့သဖြင့် မြည်းကြိုးကိုဖြေကြ၏။-
5
လမ်းမှာရပ်နေသူအချို့က ``မြည်းကြိုးကို အဘယ်ကြောင့်ဖြေကြသနည်း'' ဟုမေးကြ၏။
6
တပည့်တော်တို့ကသခင်ယေရှုမိန့်မှာတော်မူ သည့်အတိုင်းပြန်ပြောကြသောအခါ ထိုသူတို့ သည်မြည်းကြိုးကိုဖြေခွင့်ပြုကြ၏။-
7
တပည့်တော်တို့သည်မြည်းကလေးကိုသခင် ယေရှုထံတော်သို့ဆောင်ခဲ့ပြီးလျှင် မြည်းကျော ပေါ်မှာမိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။-
8
ထိုနောက်ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။ လူအများပင်မိမိတို့၏ဝတ်လုံများကိုလမ်း ပေါ်မှာဖြန့်ခင်းကြ၏။ အချို့သူများကမူကွင်း များမှခုတ်ယူခဲ့ကြသည့်သစ်ခက်သစ်ရွက်များ ကိုလမ်းမှာဖြန့်ခင်းကြ၏။-
9
ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ နောက်တော် မှလည်းကောင်း၊ လိုက်ပါကြသူလူအပေါင်းတို့ က ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ လော့။ ဘုရားသခင်၏နာမတော်နှင့်ကြွလာ သောအရှင်သည်မင်္ဂလာရှိစေသတည်း။-
10
တည်လတ္တံ့သောငါတို့အဖဒါဝိဒ်၏နိုင်ငံတော် သည်မင်္ဂလာရှိစေသတည်း။ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြစေသတည်း'' ဟု ကြွေးကြော်ကြ၏။
11
သခင်ယေရှုသည်ယေရုရှလင်မြို့သို့ရောက်တော် မူသောအခါ ဗိမာန်တော်သို့ဝင်တော်မူ၍ခပ်သိမ်း သောအရာတို့ကိုလှည့်လည်ကြည့်ရှုတော်မူ၏။ ထို နောက်နေဝင်ခါနီးပြီဖြစ်သဖြင့် တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်အတူဗေသနိရွာသို့ကြွတော် မူ၏။
12
နောက်တစ်နေ့၌ကိုယ်တော်နှင့်တပည့်တော်တို့ သည် ဗေသနိရွာမှပြန်လာကြစဉ်ကိုယ်တော် သည်ဆာလောင်မွတ်သိပ်တော်မူ၏။-
13
အရွက်ဝေဆာလျက်ရှိသောသင်္ဘောသဖန်းပင် ကိုအဝေးကမြင်တော်မူလျှင် အသီးတွေ့လို တွေ့ငြားအပင်အနီးသို့ချဉ်းကပ်တော်မူ၏။ သဖန်းသီးပေါ်ချိန်မဟုတ်၍အပင်ပေါ်တွင် အရွက်များသာတွေ့တော်မူ၏။-
14
ထိုအခါကိုယ်တော်က ``နောင်အစဉ်အဆက် သင်၏အသီးကိုအဘယ်သူမျှမစားစေရ'' ဟုသင်္ဘောသဖန်းပင်အားမိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည်ကိုတပည့်တော်တို့ ကြားကြ၏။
15
ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ သို့ရောက်ကြသောအခါ ကိုယ်တော်သည်ဗိမာန်တော် သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှာရောင်းဝယ်နေ သူတို့ကိုနှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ စားပွဲများနှင့်ချိုးငှက်ရောင်းသူများ၏ထိုင်ခုံများ ကိုမှောက်လှန်ပစ်တော်မူ၏။-
16
ဗိမာန်တော်ကိုဖြတ်၍ကုန်ပစ္စည်းသယ်ဆောင် ရန် မည်သူ့ကိုမျှခွင့်ပြုတော်မမူ။-
17
ကိုယ်တော်က `` `ငါ၏အိမ်တော်ကိုလူမျိုးတကာတို့ ဆုတောင်းရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့' ဟုကျမ်း စာလာသည်မဟုတ်လော။ သို့ရာတွင်သင်တို့သည် ထိုအိမ်တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြ ပြီတကား'' ဟုလူတို့အားဆုံးမသွန်သင်တော် မူ၏။
18
ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကြား၍ ကိုယ်တော်ကိုသတ်ရန်နည်းလမ်း ရှာကြ၏။ လူပရိသတ်အပေါင်းတို့သည်ယင်းသို့ သွန်သင်တော်မူသည်ကိုလွန်စွာအံ့သြလျက် ရှိကြသောကြောင့် ထိုသူတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
19
နေစောင်းလာသောအခါကိုယ်တော်နှင့်တပည့် တော်တို့သည်မြို့မှထွက်သွားကြ၏။
20
နောက်တစ်နေ့နံနက်စောစောအချိန်၌ ကိုယ်တော် နှင့်တပည့်တော်တို့သည်လမ်းတွင်လျှောက်သွားကြ စဉ် သင်္ဘောသဖန်းပင်ကိုမြင်ကြ၏။ ထိုအပင်သည် အမြစ်မှစ၍တစ်ပင်လုံးခြောက်သွေ့ညှိုးနွမ်း လျက်နေ၏။-
21
ပေတရုသည်သတိရ၍ ``အရှင်ဘုရား၊ ကြည့် တော်မူပါ၊ အရှင်ဒဏ်ခတ်ခဲ့သောသင်္ဘောသဖန်း ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားချေပြီ'' ဟု လျှောက်၏။
22
သခင်ယေရှုက ``ဘုရားသခင်အားယုံကြည် ကိုးစားကြလော့။-
23
အမှန်အကန်သင်တို့အားငါဆိုသည်ကား မိမိ စိတ်နှလုံးအတွင်းတွင်ယုံမှားခြင်းမရှိဘဲ မိမိ ပြောဆိုသည်အတိုင်းဖြစ်လိမ့်မည်ဟုယုံကြည်သော သူသည် ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ် ထဲသို့ဆင်းသက်လော့' ဟုဆိုလျှင်ထိုသူဆိုသည် အတိုင်းဖြစ်လိမ့်မည်။-
24
သို့ဖြစ်၍သင်တို့အားငါဆိုသည်ကား သင်တို့သည် မိမိတို့တောင်းလျှောက်သည့်အရာကိုမုချရမည် ဟု ယုံကြည်ကြလျှင်တောင်းလျှောက်သမျှကို ရကြလိမ့်မည်။-
25
သင်တို့သည်ရပ်လျက်ဆုတောင်းသောအခါ သူ တစ်ပါးတို့၏အပြစ်ဟူသမျှကိုဖြေလွှတ်ရ ကြမည်။ သို့မှသာလျှင်ကောင်းကင်ဘုံတွင်ရှိတော် မူသောသင်တို့အဖသည် သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်။-
26
(သင်တို့သည်သူတစ်ပါး၏အပြစ်များကို မဖြေလွှတ်လျှင် ကောင်းကင်ဘုံတွင်ရှိတော်မူ သောသင်တို့အဖသည်သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်)'' ဟုတပည့် တော်တို့အားပြန်လည်မိန့်ကြားတော်မူ၏။
27
ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင် မြို့သို့တစ်ဖန်ရောက်ရှိကြပြန်၏။ ကိုယ်တော်သည် ဗိမာန်တော်တွင်စင်္ကြံကြွတော်မူစဉ် ယဇ်ပုရောဟိတ် ကြီးများ၊ ကျမ်းတတ်ဆရာများနှင့်ဘာသာရေး ခေါင်းဆောင်များသည်အထံတော်သို့ချဉ်းကပ်၍၊-
28
``အရှင်သည်ဤအမှုအရာများကိုအဘယ် အခွင့်အာဏာနှင့်ပြုတော်မူပါသနည်း။ ထို အခွင့်အာဏာကိုအရှင့်အားအဘယ်သူအပ် နှင်းပါသနည်း'' ဟုလျှောက်ထားမေးမြန်း ကြ၏။
29
သခင်ယေရှုက ``သင်တို့အားငါတစ်ခုမေးမည်။ သင်တို့ဖြေပြီးမှဤအမှုအရာများကို အဘယ် အခွင့်အာဏာနှင့်ငါပြုသည်ကိုပြောမည်။-
30
ဗတ္တိဇံမင်္ဂလာကိုယောဟန်ပေးသည်မှာဘုရား သခင်၏အခွင့်အာဏာအရလော။ လူတို့၏ အခွင့်အာဏာအရလော၊ ငါ့အားဖြေကြား ကြလော့'' ဟုမိန့်တော်မူ၏။
31
သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟု ငါတို့ဆိုလျှင်ယောဟန်ကိုသင် တို့အဘယ်ကြောင့်မယုံကြည်ကြသနည်းဟု မေးလိမ့်မည်။-
32
သို့ရာတွင်လူတို့၏အခွင့်အာဏာအရဟုငါ တို့ဆိုမည်လော'' ဟုအချင်းချင်းဆွေးနွေးကြ၏။ (သူတို့သည်လူပရိသတ်ကိုကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် ယောဟန်ကိုပရောဖက်ဟုယုံကြည်ကြသော ကြောင့်တည်း။)-
33
သို့ဖြစ်၍သူတို့က ``အကျွန်ုပ်တို့မသိပါ'' ဟု သခင်ယေရှုအားပြန်လည်လျှောက်ထားကြ၏။ ထိုအခါသခင်ယေရှုက ``ထိုနည်းတူဤအမှု အရာများကိုအဘယ်အခွင့်အာဏာနှင့်ငါပြု သည်ကိုငါမပြော'' ဟုမိန့်တော်မူ၏။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16