bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Mark 7
Mark 7
Burmese (BCL) (Common Language Bible)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 8 →
1
ဖာရိရှဲတို့နှင့်ယေရုရှလင်မြို့မှရောက်လာ ကြသောကျမ်းတတ်ဆရာအချို့တို့သည် သခင်ယေရှုထံတော်တွင်ချဉ်းကပ်ကြ၏။-
2
သူတို့သည်မဆေးကြောမစင်ကြယ်သော လက်များနှင့် တပည့်တော်တို့စားသောက်နေ ကြသည်ကိုတွေ့မြင်ကြ၏။
3
(ဖာရိရှဲများနှင့်ယုဒအမျိုးသားအပေါင်း တို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုလိုက်နာကျင့်သုံးကြ၏။ လက်ကိုလက်ကောက် ဝတ်အထိ ဦးစွာမဆေးကြောဘဲအစားအစာ စားလေ့မရှိကြ။-
4
စျေးမှဝယ်ယူသည့်အရာအားလုံးကိုမဆေး မကြောရလျှင်မစားကြ။ အိုး၊ ခွက်၊ ကြေးဖလား နှင့်ခုတင်များကိုဆေးကြောနည်းမှစသောထုံး တမ်းစဉ်လာများကို သူတို့သည်လိုက်နာကျင့်သုံး ကြ၏။)
5
သို့ဖြစ်၍ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများ က ``အဘယ်ကြောင့်ကိုယ်တော်၏တပည့်များသည် ရှေးလူကြီးများ၏ထုံးတမ်းစဉ်လာများကို မလိုက်နာကြသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။-
6
ကိုယ်တော်က ``သင်တို့၏အကြောင်းပရောဖက် ဟေရှာယဟောကြားချက်မှာမှန်လှပါသည် တကား။ သင်တို့သည်ကြောင်သူတော်များဖြစ် ကြ၏။ ထို့ကြောင့်ဟေရှာယသည်သင်တို့ကို ရည်မှတ်လျက်၊ `ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီး ကူးကြ၏။ သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။
7
သူတို့သည်လူ့ပညတ်များကိုဘုရားဟော တရားသဖွယ်သင်ကြားပို့ချကြ၏။ သို့ဖြစ်၍ငါ့အားသူတို့ဆည်းကပ်ကိုးကွယ်ခြင်း သည် အချည်းနှီးဖြစ်၏' ဟုဘုရားသခင်မိန့်တော်မူကြောင်းဖော်ပြချေ သည်။
8
``သင်တို့သည်ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်၍ လူတို့၏ထုံးတမ်းစဉ်လာများကိုလိုက် နာကြ၏'' ဟုမိန့်တော်မူ၏။
9
ဆက်လက်၍ကိုယ်တော်က``သင်တို့သည်မိမိတို့ ၏ထုံးတမ်းစဉ်လာများအတိုင်းကျင့်သုံးနိုင် ကြစေရန် ဘုရားသခင်၏ပညတ်တို့ကိုပစ် ပယ်ပုံမှာကျွမ်းကျင်လေစွတကား။-
10
`သင်၏မိဘကိုရိုသေမြတ်နိုးလော့။ မိဘကို ကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုမောရှေ ကပညတ်ခဲ့၏။-
11
သို့သော်သင်တို့က `လူတစ်ဦးတစ်ယောက်သည် အဖသို့မဟုတ်အမိအားအကျိုးပြုစေမည့် ပစ္စည်းတစ်စုံတစ်ရာရှိသော်လည်း ယင်းပစ္စည်းကို `ကော်ဘန်' (ဘုရားသခင်အဖို့လှူပြီးပစ္စည်း ဖြစ်သည်) ဟုဆိုလျှင်၊-
12
သူသည်မိဘဝတ်ကိုပြုရန်မလိုဟုသွန်သင် ကြ၏။-
13
ဤသို့လျှင်သင်တို့လက်ဆင့်ကမ်းပေးအပ်ကြ သည့်ထုံးတမ်းစဉ်လာများဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပစ်ပယ်ကြ၏။ အလားတူ အခြားအကျင့်ဋ္ဌလေ့များစွာတို့ကိုလည်း သင်တို့ပြုကြသေး၏'' ဟုမိန့်တော်မူ၏။
14
ထိုနောက်ကိုယ်တော်သည်လူပရိသတ်တို့အား အထံတော်သို့တစ်ဖန်ခေါ်တော်မူပြီးလျှင် ``ငါ့ စကားကိုသင်တို့အားလုံးနာယူသိမှတ်ကြ လော့။-
15
လူ၏အပြင်အပမှဝင်သည့်အရာသည်လူကို မညစ်ညမ်းစေနိုင်။ အတွင်းမှထွက်သည့်အရာ သည်သာလူကိုညစ်ညမ်းစေနိုင်၏။-
16
(နားရှိသူတို့ကြားကြကုန်လော့)'' ဟု မိန့်တော်မူ၏။-
17
ကိုယ်တော်သည်ပရိသတ်ရှိရာမှကြွ၍အိမ်ထဲ သို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သည့်ပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုမေးမြန်းကြ၏။-
18
ကိုယ်တော်က ``သင်တို့သည်ဤမျှပင်အသိဉာဏ် ကင်းမဲ့လျက်နေကြသလော။ လူ၏အတွင်းသို့ ပြင်ပမှဝင်သည့်အရာတစ်စုံတစ်ခုမျှစိတ် နှလုံးထဲသို့မဝင်။ အစာအိမ်သို့သာဝင်ပြီး လျှင် အိမ်သာတွင်းသို့သက်ဆင်းသွားသောကြောင့် လူ၏ကိုယ်တွင်းသို့ဝင်သည့်အရာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့နားမ လည်ကြသလော'' ဟုမိန့်တော်မူ၏။ (ဤသို့ မိန့်တော်မူခြင်းအားဖြင့် မစားအပ်သည့် အစားအစာဟူ၍မရှိကြောင်းရှင်းပြ တော်မူသတည်း။)
20
ဆက်လက်၍ကိုယ်တော်က ``လူ၏ကိုယ်တွင်းမှ ထွက်သည့်အရာသာလျှင် လူကိုညစ်ညမ်းစေ၏။-
21
လူအတွင်းရှိစိတ်နှလုံးထဲမှညစ်ညမ်းသော အကြံအစည်များထွက်လာ၏။ ကာမဂုဏ် လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လူ့အသက် ကိုသတ်ခြင်း၊-
22
သူ့အိမ်ရာကိုပြစ်မှားခြင်း၊ လောဘလွန်ကူး ခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်လှည့်စား ခြင်း၊ တရားလက်လွတ်ပြုမူခြင်း၊ မနာလိုခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ လျှပ်ပေါ်လော်လည်ခြင်း-
23
အစရှိသောဆိုးညစ်သည့်အရာအားလုံးတို့ သည် လူကိုယ်တွင်းမှထွက်လာ၍လူကိုညစ်ညမ်း စေ၏။'' ဟုမိန့်တော်မူ၏။
24
ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော်မူ၍ တုရုနယ်သို့ကြွတော်မူ၏။ ရောက်လျှင်အိမ်တစ် အိမ်တွင်တည်းခိုတော်မူ၏။ ကိုယ်တော်ရောက်ရှိ တော်မူကြောင်းမည်သူကိုမျှသိစေတော်မမူ လို။ သို့ရာတွင်ပုန်းကွယ်၍နေတော်မမူနိုင်။-
25
ညစ်ညမ်းသောနတ်ပူးဝင်နေသောသူငယ်မတစ် ဦး၏မိခင်သည် ကိုယ်တော်ရောက်ရှိသည့်သတင်း ကိုကြားလျှင်ချက်ချင်းလာ၍ခြေတော်ရင်းတွင် ပျပ်ဝပ်၏။-
26
သူသည်ရှုရိဖိနိတ်ပြည်သူဂရိအမျိုးသမီး ဖြစ်၏။ မိမိ၏သမီးထံမှနတ်မိစ္ဆာကိုနှင်ထုတ် တော်မူရန်ကိုယ်တော်အားတောင်းပန်၏။-
27
ကိုယ်တော်က ``သားသမီးတို့ကိုဦးစွာဝအောင် ကျွေးရ၏။ သားသမီးတို့၏အစားအစာကို ယူ၍ခွေးတို့အားမကျွေးအပ်'' ဟုသူ့အား မိန့်တော်မူ၏။
28
ထိုအမျိုးသမီးက ``မှန်ပါ၏အရှင်။ သို့ရာတွင် သားသမီးတို့၏စားကြွင်းစားကျန်များကို စားပွဲအောက်မှခွေးတို့စားရကြပါသည်'' ဟု ပြန်လည်လျှောက်ထား၏။
29
ထိုအခါကိုယ်တော်က ``သင်ဤသို့လျောက်ပတ်စွာ လျှောက်ထားသည့်အတွက်ကြောင့်အိမ်သို့ပြန်လော့။ နတ်မိစ္ဆာသည်သင့်သမီးထံမှထွက်ခွာသွားလေ ပြီ'' ဟုမိန့်တော်မူ၏။
30
ထိုအမျိုးသမီးသည်မိမိအိမ်သို့ပြန်ရောက်သော် နတ်မိစ္ဆာထွက်သွားသဖြင့် အိပ်ရာထဲမှာငြိမ်သက် စွာလဲလျောင်းနေသောမိမိ၏သမီးငယ်ကိုတွေ့ ရ၏။
31
တုရုဒေသမှအပြန်တွင်ကိုယ်တော်သည်ဇိဒုန် ဒေသကိုလည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကိုလည်းကောင်းဖြတ်၍ ဂါလိလဲ အိုင်သို့ကြွတော်မူ၏။-
32
လူအချို့တို့သည်ဆွံ့အနားပင်းသူတစ်ယောက် ကိုအထံတော်သို့ဆောင်ခဲ့ကြ၏။ ``သူ၏အပေါ် တွင်လက်တော်ကိုတင်တော်မူပါ'' ဟုလျှောက်ထား တောင်းပန်ကြ၏။-
33
သခင်ယေရှုသည်လူပရိသတ်ထဲမှထိုသူ တစ်ယောက်တည်းကို လူရှင်းရာသို့ခေါ်သွားတော် မူပြီးနောက် သူ၏နားများအတွင်းသို့လက်ညှိုး တော်ကိုထိုးထည့်တော်မူ၏။ တံတွေးထွေး၍ သူ၏လျှာကိုလည်းတို့တော်မူ၏။-
34
ထိုနောက်ကောင်းကင်သို့မျှော်ကြည့်လျက်သက် ပြင်းချကာ ``ဧဖသ'' ဟုမိန့်တော်မူ၏။ ဧဖသ အနက်ကား ``ပွင့်စေ'' ဟူသတည်း။
35
ချက်ချင်းပင်ထိုသူ၏နားတို့သည်ပွင့်၍ သူ ၏လျှာသည်သွက်လက်လာသဖြင့် သူသည် ပီသစွာစကားပြောလေသည်။-
36
ကိုယ်တော်သည်ထိုအဖြစ်အပျက်အကြောင်း ကို မည်သူအားမျှမပြောကြရန်လူတို့အား တားမြစ်တော်မူ၏။ သို့သော်လည်းကိုယ်တော် တားမြစ်တော်မူလေ၊ သူတို့သည်ထိုသတင်း ကိုကြေညာလေဖြစ်၏။-
37
ထိုအဖြစ်အပျက်အကြောင်းကိုကြားရသည့် လူအပေါင်းတို့သည်လွန်မင်းစွာအံ့သြကြ လျက် ``ကိုယ်တော်သည်ခပ်သိမ်းသောအမှုတို့ ကိုလျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသူတို့ ကိုကြားစေတော်မူပြီ။ ဆွံ့အသူတို့ကိုစကား ပြောစေတော်မူပြီ'' ဟုပြောဆိုကြ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16