bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese JBZV
/
Joshua 2
Joshua 2
Burmese JBZV
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
1
နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကိုသွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက်သည်အတိုင်း၊ သူတို့သည်သွားပြီးလျှင် ရာခပ်အမည်ရှိသော ပြည့်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။
2
ပြည်သားအချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်းခြင်းငှာ ဣသရေလအမျိုးသား အချို့တို့သည် ယနေ့ညမှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော်၊
3
ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တစ်ပြည်လုံးကိုစူးစမ်းခြင်းငှာ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။
4
ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားနှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည်မှန်ပါ၏။ သို့ရာတွင် အဘယ်အရပ်ကလာသည်ကို မသိပါ။
5
မိုးချုပ်၍ တံခါးပိတ်ချိန်ရှိသောအခါ၊ သူတို့သည် ထွက်သွားကြပါ၏။ အဘယ်အရပ်သို့ ထွက်သွားသည်ကို မသိပါ။ အလျင်အမြန် လိုက်ကြလော့။ မီကောင်း မီပါလိမ့်မည်ဟု ပြန်ပြော၏။
6
သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ၍၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ။
7
မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။
8
သူလျှိုတို့သည် မအိပ်မီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့တက်၍၊
9
ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေးတော်မူကြောင်းကိုလည်းကောင်း၊ သင်တို့ကို ငါတို့ကြောက်လန့်အားကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကိုလည်းကောင်း ကျွန်မသိပါ၏။
10
သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူကြောင်းကိုလည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင်ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကိုလည်းကောင်း၊ အကျွန်ုပ်တို့ကြားရကြပြီ။
11
ထိုသတင်းကိုကြားသောအခါ၊ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစ်စုံတစ်ယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ၌လည်းကောင်း၊ အောက်အရပ် မြေကြီး၌လည်းကောင်း၊ အစိုးရသော ဘုရားသခင်ဖြစ်တော်မူ၏။
12
သို့ဖြစ်၍ သင်တို့၌ ကျွန်မသည်ကျေးဇူးပြုသောကြောင့် သင်တို့သည် ကျွန်မပေါက်ဖော်တို့၌ ကျေးဇူးပြု၍၊
13
ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့နှင့်ဆိုင်သမျှသော သူတို့ကိုမသတ်ဘဲ အသက်ချမ်းသာပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆိုလျှင်၊
14
ထိုသူတို့က၊ သင်သည် ငါတို့အမှုကိုမဖော်မပြလျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရား ပေးတော်မူသောအခါ၊ သင်၌သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။
15
ထိုမိန်းမနေရာအိမ်သည် မြို့ရိုးနားမှာရှိသောကြောင့်၊ ထိုသူတို့ကို ပြူတင်းပေါက်ကကြိုးနှင့် လျှော့ချလျက်၊
16
သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ်မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှသွားကြပါဟုဆိုလျှင်၊
17
ထိုသူတို့က၊ သင်သည် ကျိန်ဆိုစေသောအကျိန်ကြောင့်၊ ငါတို့၌ အပြစ်မရောက်ပါစေနှင့်။
18
ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခုလျှော့ချသော ပြူတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဖော်များအပေါင်းတို့ကို သင့်အိမ်၌ခေါ်ထားရမည်။
19
ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသောသူ မည်သည်ကား၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ။ သင့်အိမ်၌ ရှိသောသူမည်သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည်ခံစေ။
20
ငါတို့အမှုကိုလည်း သင်သည်ဖော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေဟုဆိုလျှင်၊
21
မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါစေတော့ဟုဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ၏။ မိန်းမသည်လည်း ထိုကြိုးနီကို ပြူတင်းပေါက်၌ ချည်ထားလေ၏။
22
ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင်သွား၍ လိုက်ရှာသောသူတို့ မပြန်မီတိုင်အောင် သုံးရက်နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတစ်လျှောက်လုံး ရှာ၍မတွေ့ကြ။
23
ထိုလူနှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ်ကဆင်းပြီးမှ မြစ်ကိုကူးသဖြင့်၊ နုန်၏သားယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊
24
အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တစ်လျှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်လျက်ရှိကြပါ၏ဟု ယောရှုအားလျှောက်ဆို၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24