bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
Nehemiah 10
Nehemiah 10
Burmese MCLZV
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
ပထမဦးစွာလက်မှတ်ရေးထိုးသူမှာ ဟာ ခလိ၏သား၊ ဘုရင်ခံနေဟမိဖြစ်၏။ ထို နောက်ဇိဒကိယလက်မှတ်ရေးထိုးလေ သည်။
2
လက်မှတ်ရေးထိုးကြသည့်ယဇ်ပုရောဟိတ် များမှာ အောက်ပါစာရင်းအတိုင်းဖြစ်သည်။ စရာယ၊အာဇရိ၊ယေရမိ၊ ပါရှုရ၊အာမရိ၊မာလခိယ၊ ဟတ္ထုတ်၊ရှေဗနိ၊မလ္လုတ် ဟာရိမ်၊မေရမုတ်၊သြဗဒိ၊ ဒံယေလ၊ဂိန္နေသုန်၊ဗာရုတ်၊ မေရှုလံ၊အဘိယ၊မိယာမိန် မာဇိ၊ဗိလဂဲ၊ရှေမာယ၊
3
လက်မှတ်ရေးထိုးသူလေဝိအနွယ်ဝင် များမှာ အောက်ပါစာရင်းအတိုင်းဖြစ်သည်။ အာဇနိ၏သားယောရှု၊ ဟေနဒဒ်သားချင်းစုခေါင်းဆောင်ဗိနွိ၊ ကပ်မျေလ၊ရှေဗနိ၊ဟောဒိယ၊ ကေလိတ၊ပေလာယ၊ဟာနန်၊ မိက္ခာ၊ရေဟုပ်၊ဟာရှဘိ၊ ဇက္ကုရ၊ရှေရဘိ၊ရှေဗနိ၊ ဟောဒိယ၊ဗာနိ၊ဗေနိနု။
4
လက်မှတ်ရေးထိုးသူပြည်သူခေါင်းဆောင် များမှာ အောက်ပါစာရင်းအတိုင်းဖြစ်သည်။ ပါရုတ်၊ပါဟတ်မောဘ၊ ဧလံ၊ဇဿု၊ဗာနိ၊ ဗုန္နိ၊အာဇဂဒ်၊ဗေဗဲ၊ အဒေါနိယ၊ဗိဂဝဲ၊အာဒိန်၊ အာတာ၊ဟိဇကိယ၊အဇ္ဇုရ၊ ဟောဒိယ၊ဟရှုံ၊ဗေဇဲ၊ဟာရိပ်၊ အာနသုတ်၊နေဗဲ၊မာဂပျာရှ၊ မေရှုလံ၊ဟေဇိရ၊မေရှဇဗေလ၊ ဇာဒုတ်၊ယာဒွါ၊ပေလတိ၊ဟာနန်၊ အနာယ၊ဟောရှေ၊ဟာနနိ၊ဟာရှုပ်၊ ဟာလောဟက်၊ပိလဟ၊ရှောဗက်၊ရေဟုံ၊ ဟာရှဗန၊မာသေယ၊အဟိယ၊ဟာနန်၊ အာနန်၊မလ္လုတ်၊ဟာရိမ်၊ဗာနာ။
5
ငါတို့သည်ဤပြည်တွင်နေထိုင်သူလူမျိုး ခြားနှင့်ထိမ်းမြားစုံဖက်မှုကိုပြုမည်မ ဟုတ်ပါ။-
6
ထိုသူတို့သည်ဥပုသ်နေ့၌ဖြစ်စေ၊ အခြား နေ့ထူးနေ့မြတ်၌ဖြစ်စေ၊ ဂျုံစပါးသို့မဟုတ် အခြားအရာတစ်စုံတစ်ခုကိုရောင်းချရန် ယူဆောင်လာပါကငါတို့သည်သူတို့ထံ မှဝယ်ယူမည်မဟုတ်ပါ။ သတ္တမမြောက်နှစ်ရောက်သည့်အခါတိုင်းငါ တို့သည်လယ်လုပ်မည်မဟုတ်ပါ။ ကြွေးမြီ ရှိသမျှကိုလည်းလျော်ပစ်ပါမည်။-
7
ငါတို့သည်နှစ်စဉ်နှစ်တိုင်းတစ်ဦးလျှင်ငွေ တစ်အောင်စ၏ရှစ်ပုံတစ်ပုံကို ဗိမာန်တော် အသုံးစရိတ်အတွက်ပေးလှူပါမည်။-
8
ငါတို့သည်ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှု အတွက်ရှေ့တော်မုန့်၊ နေ့စဉ်ဘောဇဉ်ပူဇော် သကာ၊ နေ့စဉ်မီးရှို့ပူဇော်ရန်ယဇ်ကောင် များ၊ ဥပုသ်နေ့၊ လဆန်းပွဲနေ့နှင့်အခြားပွဲ နေ့များအတွက်ပူဇော်သကာများ၊ အခြား သန့်ရှင်းမြင့်မြတ်သောပူဇော်သကာများ၊ ဣသရေလအမျိုးသားတို့အတွက်အပြစ် ဖြေရာယဇ်နှင့်ဗိမာန်တော်အတွက် အခြား လိုအပ်ရာတို့ကိုပေးလှူကြပါမည်။
9
ပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်များဖြစ်ကြသောငါတို့သည် ပညတ်ကျမ်းအရငါတို့ဘုရားသခင် ထာဝရဘုရားအားယဇ်များကိုမီးရှို့ ပူဇော်ရန်အတွက် လိုအပ်သည့်ထင်းများကို အဘယ်သားချင်းစုတို့ကဆောင်ခဲ့ရကြ မည်ကိုနှစ်စဉ်နှစ်တိုင်းမဲချဆုံးဖြတ်ကြ ပါမည်။
10
ငါတို့သည်နှစ်စဉ်နှစ်တိုင်းမိမိတို့ရိတ်သိမ်း ရရှိသည့်အသီးအနှံဦးများကိုလည်းကောင်း၊ ငါတို့သစ်သီးပင်များတွင်အဦးမှည့်သည့် အသီးများကိုလည်းကောင်းဗိမာန်တော် သို့ယူဆောင်ခဲ့ပါမည်။-
11
ပညတ်ကျမ်းတွင်ပြဋ္ဌာန်းဖော်ပြထားသည့် အတိုင်း ငါတို့သည်ဘုရားသခင်အားဆက် ကပ်ရန်အတွက် မိမိတို့၏သားဦးကိုလည်း ကောင်း၊ မိမိတို့နွား၊ သိုး၊ ဆိတ်တို့မှမွေးဖွား သည့်သားဦးကိုလည်းကောင်းဗိမာန်တော် ရှိယဇ်ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ပါ မည်။-
12
ငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။-
13
ဤဆယ်ဖို့တစ်ဖို့အလှူကိုကောက်ခံချိန် ၌အာရုန်မှဆင်းသက်သည့်ယဇ်ပုရော ဟိတ်များသည် လေဝိအနွယ်ဝင်တို့နှင့် အတူရှိရမည်။ ထိုနောက်လေဝိအနွယ်ဝင် တို့ကမိမိတို့ကောက်ခံရရှိသည့်အသီး အနှံများအနက် ဆယ်ပုံတစ်ပုံကိုဗိမာန် တော်တွင်အသုံးပြုရန်ဗိမာန်တော်ပစ္စည်း သိုလှောင်ခန်းသို့ယူဆောင်သွားပါ မည်။-
14
ဣသရေလအမျိုးသားများနှင့်လေဝိ အနွယ်ဝင်တို့သည်အသီးအနှံ၊ စပျစ်ရည် နှင့်သံလွင်ဆီအလှူကိုဗိမာန်တော်အသုံး အဆောင်များထားရှိသောတာဝန်ကျသည့် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့် တပ်သားများနှင့် ဗိမာန်တော်ဂီတပညာသည် များနေထိုင်သောအခန်းများသို့ယူဆောင် သွားပါမည်။ ငါတို့သည်ငါတို့ဘုရားသခင်၏အိမ် တော်ကိုစွန့်ပစ်၍ထားမည်မဟုတ်ပါ။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13