bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Corinthians 10
2 Corinthians 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။
2
ငါတို့ကို သွေးသားဇာတိအလိုသို့လိုက်၍ အသက်ရှင်လျှောက်လှမ်းနေကြသူကဲ့သို့ သတ်မှတ်သောသူအချို့တို့အပေါ် ရဲဝံ့စွာပြုမူရမည်ဟု ငါယုံကြည်ခံယူထားသည့်အတိုင်း ငါရောက်လာသောအခါ ထိုသို့ရဲဝံ့ပြတ်သားစွာမပြုမူရစေရန် ငါတောင်းပန်၏။
3
အဘယ်ကြောင့်ဆိုသော် ငါတို့သည် သွေးသားဇာတိ၌ အသက်ရှင်လျှောက်လှမ်းကြသည်မှန်သော်လည်း သွေးသားဇာတိအလိုသို့လိုက်၍ တိုက်ပွဲဝင်ကြသည်မဟုတ်။
4
အကြောင်းမူကား တိုက်ပွဲ၌ ငါတို့သုံးသောလက်နက်များသည် သွေးသားဇာတိနှင့်ဆိုင်သောလက်နက်များမဟုတ်ဘဲ ဘုရားသခင်အားဖြင့် အစွမ်းထက်သောလက်နက်များဖြစ်ကြပြီး ခံတပ်များကိုပင် ဖြိုဖျက်နိုင်သည်သာမက
5
ဘုရားသခင်ကိုသိသောဉာဏ်ကို ဆန့်ကျင်တားဆီးသည့် စဉ်းစားဆင်ခြင်မှုနှင့်မာန်မာနရှိသမျှတို့ကိုဖြိုဖျက်၍ ခပ်သိမ်းသောတွေးတောကြံစည်မှုများကို ဖမ်းဆီးချုပ်နှောင်ကာ ခရစ်တော်အား နာခံစေကြ၏။
6
သင်တို့သည် နာခံမှုနှင့်ပြည့်စုံသောအခါ မနာခံမှုရှိသမျှတို့ကို တရားသဖြင့်စီရင်ရန် ငါတို့အသင့်ရှိကြ၏။
7
သင်တို့သည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်နေကြ၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သည်ဟု ယုံမှတ်လျှင် သူသည် ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သကဲ့သို့ ငါတို့သည်လည်း ခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း သူကိုယ်တိုင် ပြန်လည်ဆင်ခြင်သိမှတ်ပါစေ။
8
အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။
9
ငါသည် သင်တို့ကို စာများဖြင့်ခြောက်လှန့်နေသည်ဟု မထင်မှတ်စေလိုပေ။
10
အကြောင်းမူကား “ပေါလု၏စာများသည် လေးနက်၍ ဩဇာပါသော်လည်း လူကိုယ်တိုင်တွေ့ရသောအခါ သူသည် အားနည်း၍ သူ၏အဟောအပြောသည်လည်း အထင်ကြီးဖွယ်မရှိ”ဟု ဆိုသောသူရှိ၏။
11
ငါတို့သည် အဝေး၌ရှိနေစဉ် စာ၌ရေးလိုက်သည့်စကားအတိုင်း ကိုယ်တိုင်ရောက်လာသောအခါ၌လည်း ပြုမည်ဖြစ်ကြောင်း ထိုသူသိမှတ်ပါစေ။
12
အကြောင်းမူကား ငါတို့သည် မိမိကိုယ်ကိုထောက်ခံချီးကျူးတတ်သောသူတို့နှင့် မိမိတို့ကိုယ်ကို တစ်တန်းတည်းဖြစ်စေခြင်း၊ သို့မဟုတ် နှိုင်းယှဉ်ခြင်း စသည်တို့ကိုမပြုဝံ့ချေ။ သူတို့သည် အချင်းချင်းကြား၌ အချင်းချင်းတိုင်းတာလျက် အချင်းချင်းနှိုင်းယှဉ်လျက်နေ၍ တတ်သိနားလည်မှုမရှိကြ။
13
သို့သော် ငါတို့သည် မိမိတို့အတိုင်းအတာကိုကျော်လွန်၍ ဝါကြွားမည်မဟုတ်။ ငါတို့အား ဘုရားသခင်သတ်မှတ်ပေးတော်မူသော နယ်ပယ်၏အတိုင်းအတာတည်းဟူသော သင်တို့ထံသို့တိုင်အောင်ပင် ရောက်ရှိလာသည့်အတိုင်းအတာနှင့်အညီ ဝါကြွားမည်။
14
ငါတို့သည် သင်တို့ထံသို့မရောက်နိုင်သကဲ့သို့ မိမိတို့ကိုယ်ကို အတင်းဆန့်တန်းနေကြသည်မဟုတ်။ အမှန်စင်စစ် ငါတို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းကိုယူဆောင်၍ သင်တို့ထံသို့ရောက်လာခဲ့ကြ၏။
15
ငါတို့သည် မိမိတို့အတိုင်းအတာကိုကျော်လွန်၍ သူတစ်ပါးတို့၏ကြိုးပမ်းအားထုတ်မှု၌ ဝါကြွားခြင်းမပြု။ သို့သော် သင်တို့၏ယုံကြည်ခြင်းတိုးပွားလာသည်နှင့်အမျှ ငါတို့၏နယ်ပယ်သည် သင်တို့ထဲ၌ ပိုမိုကျယ်ပြန့်လာ၍
16
သင်တို့ကိုကျော်လွန်သောအရပ်ဒေသများသို့ ကောင်းမြတ်သောသတင်းကိုဟောပြောနိုင်ရန် ငါတို့မျှော်လင့်ထား၏။ အခြားသူ၏နယ်ပယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သောအရာ၌ ငါတို့ဝါကြွားခြင်းမပြုပေ။
17
ဝါကြွားသောသူသည် သခင်ဘုရား၌သာ ဝါကြွားစေ။
18
အကြောင်းမူကား ယုံကြည်စိတ်ချရသူသည် မိမိကိုယ်ကို ထောက်ခံချီးကျူးသောသူမဟုတ်ဘဲ သခင်ဘုရားက ထောက်ခံချီးကျူးသောသူဖြစ်ရမည်။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13