bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Corinthians 8
2 Corinthians 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
1
ညီအစ်ကိုတို့၊ မာကေဒေါနိပြည်ရှိအသင်းတော်များအား ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်အကြောင်းကို သင်တို့အား ငါတို့ပြောပြလိုပါ၏။
2
သူတို့သည် ဆင်းရဲဒုက္ခကြောင့် ပြင်းထန်သောစမ်းသပ်ခြင်းကိုခံခဲ့ရသော်လည်း သူတို့၏ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် အလွန်ဆင်းရဲတွင်းနက်ခြင်းတို့သည် သူတို့၏ရက်ရောစွာပေးကမ်းခြင်းတည်းဟူသော စည်းစိမ်အဖြစ်သို့ ရောက်လေ၏။
3
ငါသက်သေခံသည်ကား သူတို့သည် မိမိတို့စိတ်ဆန္ဒအလျောက် တတ်နိုင်သည့်အတိုင်းသာမက တတ်နိုင်သည်ထက် ပို၍ပေးကမ်းလျက်
4
သန့်ရှင်းသူတို့အား ဝေမျှခြင်းအမှု၌ ပါဝင်ရသောကျေးဇူးတော်ကိုခံစားရရန် ငါတို့ကို အနူးအညွတ်မေတ္တာရပ်ခံ၍ တောင်းပန်ကြ၏။
5
သူတို့သည် ငါတို့မျှော်လင့်ထားသည့်အတိုင်းထက်မကပြုလျက် ဘုရားသခင်၏အလိုတော်နှင့်အညီ မိမိတို့ကိုယ်ကို သခင်ဘုရားထံတော်သို့ ဦးစွာဆက်ကပ်ပြီးနောက် ငါတို့ထံသို့လည်း ဆက်ကပ်ကြ၏။
6
ထို့ကြောင့် တိတုသည် ထိုကျေးဇူးပြုခြင်းအမှုကို သင်တို့တွင်အစပြုခဲ့သကဲ့သို့ ပြီးပြည့်စုံသည့်တိုင်အောင်ပြုမည့်အကြောင်း သူ့ကို ငါတို့တိုက်တွန်းကြ၏။
7
သင်တို့သည် ယုံကြည်ခြင်း၌ဖြစ်စေ၊ ဟောပြောခြင်း၌ဖြစ်စေ၊ အသိပညာ၌ဖြစ်စေ၊ လုံ့လဝီရိယရှိသမျှ၌ဖြစ်စေ၊ ငါတို့အပေါ်ထားရှိသော သင်တို့၏ချစ်ခြင်းမေတ္တာ၌ဖြစ်စေ အရာရာ၌ ကြွယ်ဝပြည့်စုံကြသည့်နည်းတူ ဤကျေးဇူးပြုခြင်းအမှု၌လည်း ကြွယ်ဝပြည့်စုံကြပါစေ။
8
ထိုသို့ဆိုသော် ပညတ်ချက်အနေဖြင့် ငါဆိုသည်မဟုတ်။ အခြားသူတို့၏စိတ်အားထက်သန်မှုအားဖြင့် သင်တို့ချစ်ခြင်းမေတ္တာ၏စစ်မှန်မှုကို စစ်ဆေးနေခြင်းသာဖြစ်၏။
9
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။
10
ဤကျေးဇူးပြုခြင်းအမှုနှင့်ပတ်သက်၍ အကြံတစ်ခုကို ငါပေးမည်။ ဤအကြံကား လွန်ခဲ့သောနှစ်ကတည်းက ဤအမှုကို အစပြုခဲ့သည်သာမက ပြုလုပ်ရန်လည်း ဆန္ဒရှိကြသောသင်တို့အတွက် အကျိုးရှိ၏။
11
သင်တို့သည် ဆောင်ရွက်လိုသည့်စေတနာစိတ်ရှိသည့်အတိုင်း ရှိသည့်အရာဖြင့် ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် ယခု ထိုအမှုကိုပြီးစီးအောင် ဆောင်ရွက်ကြလော့။
12
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။
13
ဤအမှုအရာအားဖြင့် အခြားသူတို့ကိုသက်သာစေ၍ သင်တို့ကိုဒုက္ခရောက်စေရန်မဟုတ်။ ညီတူညီမျှဖြစ်စေရန်သာဖြစ်၏။
14
ယခုအချိန်တွင် သင်တို့၏ကြွယ်ဝမှုသည် သူတို့၏လိုအပ်မှုကို ဖြည့်ဆည်းပေးလျှင် သူတို့၏ကြွယ်ဝမှုသည်လည်း သင်တို့၏လိုအပ်မှုကို ဖြည့်ဆည်းပေးကြလိမ့်မည်။
15
ထိုအခါ “များများရသောသူလည်းမပို နည်းနည်းရသောသူလည်းမလို” ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ညီတူညီမျှဖြစ်လိမ့်မည်။
16
သင်တို့အပေါ် ငါထားရှိသော စိတ်အားထက်သန်မှုမျိုးကို တိတု၏စိတ်နှလုံးထဲ၌ ထည့်သွင်းပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။
17
တိတုသည် ငါတို့၏တိုက်တွန်းမှုကိုလက်ခံသည်သာမက အလွန်ထက်သန်သောစိတ်ရှိ၍ မိမိစိတ်ဆန္ဒအလျောက် သင်တို့ထံသို့လာ၏။
18
တိတုနှင့်အတူ ညီအစ်ကိုတစ်ဦးကို ငါတို့စေလွှတ်လိုက်ပါ၏။ သူသည် ကောင်းမြတ်သောသတင်းကိုဟောပြောရာတွင် အသင်းတော်တိုင်း၌ ချီးမွမ်းခြင်းခံရသူဖြစ်သည်သာမက
19
သခင်ဘုရားကိုယ်တော်တိုင်၏ဘုန်းတော်နှင့် ငါတို့၏စေတနာစိတ်တို့ကိုထင်ရှားစေရန် ငါတို့ပြုစုနေသော ဤကျေးဇူးပြုခြင်းအမှု၌ ငါတို့နှင့်အတူလိုက်ပါရန် အသင်းတော်များထံမှ ခန့်ထားခြင်းခံရသူလည်းဖြစ်၏။
20
ငါတို့ပြုစုနေသည့် ဤရက်ရောစွာပေးလှူခြင်းအမှုနှင့်ပတ်သက်၍ မည်သူမျှ ငါတို့ကို ပြစ်တင်ဝေဖန်ခြင်းမပြုနိုင်ရန် ငါတို့သတိပြုကြ၏။
21
အကြောင်းမူကား ငါတို့သည် သခင်ဘုရားရှေ့တော်၌သာမက လူတို့ရှေ့၌လည်း တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြ၏။
22
ထိုသူတို့နှင့်အတူ ငါတို့၏အခြားညီအစ်ကိုတစ်ဦးကိုလည်း စေလွှတ်လိုက်ပါ၏။ ငါတို့သည် သူ့ကို အကြိမ်ကြိမ်စစ်ဆေးပြီး သူသည် အကြောင်းကိစ္စများစွာတို့၌ စိတ်အားထက်သန်သူဖြစ်ကြောင်း တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသောကြောင့် ယခု ပို၍ပင်စိတ်အားထက်သန်လျက်ရှိ၏။
23
တိတုနှင့်ပတ်သက်၍ပြောရလျှင် သူသည် ငါ၏အပေါင်းအဖော်ဖြစ်ပြီး သင်တို့အတွက် ငါနှင့်အတူလုပ်ဆောင်သောသူဖြစ်၏။ ငါတို့၏အခြားညီအစ်ကိုတို့နှင့်ပတ်သက်၍ပြောရလျှင် သူတို့သည် ခရစ်တော်၏ဘုန်းအသရေတည်းဟူသော အသင်းတော်များ၏စေတမန်ဖြစ်ကြ၏။
24
ထို့ကြောင့် သင်တို့၏ချစ်ခြင်းမေတ္တာနှင့် သင်တို့အကြောင်း ငါတို့ဝါကြွားထားသောအရာတို့ကို အသင်းတော်များရှေ့မှောက်၌ သူတို့အားသက်သေပြကြလော့။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13