bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Timothy 2
2 Timothy 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။
2
များစွာသောသက်သေတို့ရှေ့၌ ငါ့ထံမှ ကြားနာရသောအရာတို့ကို အခြားသူတို့အားလည်း သင်ကြားပေးနိုင်စွမ်းရှိသည့် သစ္စာရှိသောသူတို့၌ ပေးအပ်လော့။
3
ခရစ်တော်ယေရှု၏စစ်သားကောင်းတစ်ဦးအဖြစ် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။
4
စစ်မှုထမ်းသောသူသည် စစ်သားအရာ၌ မိမိကိုခန့်ထားသောသူအား နှစ်သက်စေရန် စားဝတ်နေရေးကိစ္စများနှင့် ပတ်သက်ရှုပ်ထွေးခြင်းမရှိတတ်။
5
မည်သူမဆို အားကစားပြိုင်ပွဲကိုယှဉ်ပြိုင်သောအခါ စည်းမျဉ်းစည်းကမ်းနှင့်အညီ မယှဉ်ပြိုင်ပါက သရဖူကိုရမည်မဟုတ်။
6
ကြိုးစားလုပ်ဆောင်သောခြံသမားသည် အသီးအနှံများ၏အဦးဆုံးသောဝေစုကို ခံစားသင့်၏။
7
ငါပြောဆိုသောအရာကို ဆင်ခြင်လော့။ သခင်ဘုရားသည် အရာခပ်သိမ်းတို့၌ သင့်အား ဉာဏ်စွမ်းကိုပေးတော်မူလိမ့်မည်။
8
ငါဟောပြောသည့် ကောင်းမြတ်သောသတင်းအရ ဒါဝိဒ်၏အမျိုးအနွယ်မှပေါ်ထွန်းလျက် သေသောသူတို့ထဲမှ ထမြောက်တော်မူသော ယေရှုခရစ်တော်ကို သတိရလော့။
9
ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။
10
ထို့ကြောင့် ရွေးကောက်ခံရသောသူတို့သည် ခရစ်တော်ယေရှု၌ရှိသောကယ်တင်ခြင်းကို ထာဝရဘုန်းအသရေနှင့်တကွ ရရှိနိုင်မည့်အကြောင်း ငါသည် သူတို့အတွက် အရာရာကိုသည်းခံ၏။
11
အောက်ပါစကားသည် သစ္စာစကားဖြစ်၏။ ငါတို့သည် ကိုယ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူအသက်ရှင်ကြလိမ့်မည်။
12
ငါတို့သည် သည်းခံလျှင် ကိုယ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။ ကိုယ်တော်ကိုငြင်းပယ်မည်ဆိုလျှင် ကိုယ်တော်သည်လည်း ငါတို့ကိုငြင်းပယ်တော်မူလိမ့်မည်။
13
ငါတို့သည် သစ္စာမရှိလျှင်လည်း ကိုယ်တော်၏သစ္စာတော်သည် တည်မြဲတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုမငြင်းပယ်နိုင်။
14
ဤအကြောင်းအရာများကို သူတို့အား သတိပေးနှိုးဆော်လော့။ မည်သည့်အကျိုးမျှမရှိဘဲ ကြားနာသောသူတို့ကို ပျက်စီးစေသည့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းကိုမပြုကြရန် ဘုရားသခင်ရှေ့တော်၌ သူတို့ကို အလေးအနက်တိုက်တွန်းလော့။
15
သင်သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချရသူတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို မှန်ကန်စွာပိုင်းခြားတတ်သည့် ရှက်ကြောက်စရာမရှိသောလုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကိုဆက်သနိုင်ရန် ကြိုးစားလော့။
16
သို့သော် ဘုရားတရားနှင့်မဆိုင်သော အချည်းနှီးစကားများကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ၎င်းတို့သည် ဘုရားတရားမဲ့ခြင်းကို ပို၍တိုးပွားစေတတ်၏။
17
သူတို့၏စကားသည် မြစ်ပွားနာကဲ့သို့ပျံ့နှံ့သွားလိမ့်မည်။ ထိုသူတို့ထဲတွင် ဟုမေနဲနှင့်ဖိလက်တို့ပါ၏။
18
သူတို့သည် သမ္မာတရားလမ်းမှလွဲချော်၍ သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ခဲ့လေပြီဟုဆိုလျက် အချို့သောသူတို့၏ယုံကြည်ခြင်းကို ချွတ်ချော်လွဲမှားစေကြ၏။
19
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
20
ကြီးမားသောအိမ်၌ ရွှေငွေဖြင့်ပြုလုပ်ထားသော အိုးခွက်များသာမက သစ်သားနှင့်မြေကြီးတို့ဖြင့်ပြုလုပ်ထားသော အိုးခွက်များလည်းရှိ၍ အချို့တို့ကို အသရေရှိသောအရာအတွက်သုံးလျက် အချို့တို့ကို အသရေမရှိသောအရာအတွက်သုံးကြ၏။
21
သို့ဖြစ်၍ မည်သူမဆို အထက်ဖော်ပြပါ မကောင်းသောအရာများမှ မိမိကိုယ်ကိုစင်ကြယ်စေလျှင် သူသည် အသရေရှိသောအရာအတွက် သုံးရန်အိုးခွက်တည်းဟူသော သန့်ရှင်းစေခြင်းခံရ၍ သခင်အတွက် အသုံးဝင်သောအိုးခွက်၊ ကောင်းသောအမှုအားလုံးအတွက် ပြင်ဆင်ခြင်းခံရသောအိုးခွက်ဖြစ်ရလိမ့်မည်။
22
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်ခြင်းများကိုရှောင်၍ စင်ကြယ်သောစိတ်နှလုံးဖြင့် သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို လက်ကိုင်ပြုလော့။
23
မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုမူကား ခိုက်ရန်ဖြစ်ပွားစေတတ်သည်ဟု သိမှတ်လျက် ရှောင်ရှားလော့။
24
သခင်ဘုရား၏အစေအပါးသည် ခိုက်ရန်မဖြစ်ရ။ သူသည် လူအပေါင်းတို့အပေါ် ဖြည်းညင်းသောသဘောရှိ၍ သင်ကြားပေးနိုင်စွမ်းရှိသောသူ၊ မတရားသဖြင့်ခံရခြင်းကို သည်းခံတတ်သောသူဖြစ်ပြီး
25
ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
26
မာရ်နတ်က သူ့အလိုအတိုင်းပြုစေရန် သူတို့ကိုဖမ်းဆီးထားသော်လည်း သူတို့သည် မာရ်နတ်၏ကျော့ကွင်းမှ လွတ်မြောက်၍ အမြင်မှန်ရကောင်းရကြလိမ့်မည်။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4
Recommended Reading
Commentary
2 Timothy Commentaries
→
Devotional
2 Timothy Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→