bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
2 Timothy 4
2 Timothy 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ငါသည် ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကိုစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းနှင့် ကိုယ်တော်၏နိုင်ငံတော်ကိုအကြောင်းပြု၍ သင့်အား အလေးအနက်တိုက်တွန်းသည်ကား
2
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။
3
အကြောင်းမူကား လူတို့သည် မှန်ကန်ပြည့်စုံသောဩဝါဒကို သည်းခံနာယူနိုင်ခြင်းမရှိသဖြင့် မိမိတို့တပ်မက်ခြင်းအတိုင်း နားခံသာသောအရာကိုဟောပြောသည့်ဆရာများကိုစုရုံးစေကာ
4
သမ္မာတရားကိုနားမထောင်ဘဲ ဒဏ္ဍာရီများဘက်သို့လှည့်သွားကြမည့်အချိန်အခါရောက်လာလိမ့်မည်။
5
သင်မူကား အရာရာ၌ သမ္မာသတိရှိလော့။ ဆင်းရဲဒုက္ခကိုခံ၍ ကောင်းမြတ်သောသတင်းဟောပြောသူပြုရမည့်အမှုကို ပြုလော့။ သင်၏အမှုတော်လုပ်ငန်းကို အပြည့်အဝဆောင်ရွက်လော့။
6
အကြောင်းမူကား ငါသည် သွန်းလောင်းပူဇော်ခြင်းကိုခံနေရပြီ။ ဤဘဝကို ငါစွန့်ခွာရမည့်အချိန်ရောက်လေပြီ။
7
ငါသည် ကောင်းသောတိုက်ပွဲကို တိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို စောင့်ထိန်းခဲ့ပြီ။
8
ယခုအခါတွင် ဖြောင့်မတ်ခြင်းသရဖူသည် ငါ့အတွက် အသင့်ရှိနေ၏။ ထိုနေ့၌ ဖြောင့်မတ်သည့်တရားစီရင်သူဖြစ်တော်မူသော သခင်ဘုရားသည် ထိုသရဖူကို ငါ့အားပေးတော်မူလိမ့်မည်။ ငါ့ကိုသာမဟုတ်ဘဲ ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းကို လိုလားတောင့်တသူအားလုံးတို့ကိုလည်း ပေးတော်မူလိမ့်မည်။
9
ငါ့ထံသို့အလျင်အမြန်လာရန် ကြိုးစားလော့။
10
အကြောင်းမူကား ဒေမသည် ယခုဘဝကိုချစ်၍ ငါ့ကိုစွန့်ပစ်ကာ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။
11
လုကာတစ်ဦးတည်းသာ ငါနှင့်အတူရှိ၏။ မာကုကို သင်နှင့်အတူခေါ်ဆောင်လာခဲ့လော့။ အကြောင်းမူကား သူသည် ငါ့အတွက် အမှုတော်လုပ်ငန်း၌ အသုံးဝင်သူဖြစ်၏။
12
တုခိတ်ကိုမူကား ဧဖက်မြို့သို့ ငါစေလွှတ်လိုက်၏။
13
သင်လာသောအခါ တရောမြို့တွင် ကာပုထံ၌ ငါထားခဲ့သည့် ဝတ်လုံနှင့်တကွ စာလိပ်များ အထူးသဖြင့် သားရေပုရပိုက်များကို ယူခဲ့လော့။
14
ကြေးပန်းတိမ်ဆရာ အလက်ဇန္ဒြားသည် ငါ့ကိုအလွန်ဒုက္ခပေးခဲ့၏။ သခင်ဘုရားသည် သူပြုသောအမှုအတိုင်း သူ့အားပေးဆပ်တော်မူလိမ့်မည်။
15
သင်သည်လည်း သူ့ကိုသတိပြုလော့။ အကြောင်းမူကား သူသည် ငါတို့၏စကားကို ပြင်းထန်စွာဆန့်ကျင်၏။
16
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။
17
သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။
18
သခင်ဘုရားသည် မကောင်းသောအမှုအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၍ အထက်ကောင်းကင်အရပ်၌ရှိသော မိမိ၏နိုင်ငံတော်ထဲသို့ လုံခြုံစွာပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
19
ပြစ်ကိလနှင့်အာကုလမှစ၍ ဩနေသိဖော်၏အိမ်သူအိမ်သားကို နှုတ်ဆက်ပေးလော့။
20
ဧရတ္တုသည် ကောရိန္သုမြို့၌ နေရစ်ခဲ့၏။ တရောဖိမ်ကိုမူကား နာမကျန်းဖြစ်နေသဖြင့် မိလက်မြို့တွင် ငါထားခဲ့၏။
21
ဆောင်းကာလမတိုင်မီလာနိုင်ရန် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနုနှင့် ကလောဒိတို့မှစ၍ ညီအစ်ကိုအပေါင်းတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။
22
သခင်ဘုရားသည် သင်၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4