bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Jeremiah 36
Jeremiah 36
Burmese MSBU
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 37 →
1
ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနန်းစံလေးနှစ်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
2
“သင်သည် စာလိပ်တစ်လိပ်ကို ယူပြီးလျှင် ယောရှိမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပါအဝင်လူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ သင့်အား ငါမိန့်မှာခဲ့သောစကားအလုံးစုံတို့ကို ရေးမှတ်လော့။
3
ယုဒအမျိုးသားတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ၏အကြံအစည်ကို သူတို့ကြားလျှင် သူတို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကောင်းပြန်လာကြလိမ့်မည်။ သို့ပြုလျှင် သူတို့၏အပြစ်ဒုစရိုက်များကို ငါခွင့်လွှတ်မည်”ဟု မိန့်ဆို၏။
4
ထိုအခါ ယေရမိသည် နေရိ၏သား ဗာရုတ်ကိုခေါ်ပြီး ထာဝရဘုရားမိန့်တော်မူသောစကားအလုံးစုံတို့ကို နှုတ်မှခေါ်ပေး၍ ဗာရုတ်သည် စာလိပ်တစ်လိပ်ပေါ်တွင် ရေးမှတ်လေ၏။
5
ထို့နောက် ယေရမိက ဗာရုတ်အား “ငါအချုပ်ခံနေရသဖြင့် ထာဝရဘုရား၏အိမ်တော်သို့ မသွားနိုင်။
6
ထို့ကြောင့် ငါ့နှုတ်မှခေါ်ပေး၍ စာလိပ်ထဲ၌သင်ရေးထားခဲ့သည့် ထာဝရဘုရား၏စကားတော်များကို အစာရှောင်မည့်နေ့တွင် သင်သွား၍ ထာဝရဘုရား၏အိမ်တော်ရှိလူတို့ကြားသိစေရန် ဖတ်ပြရမည်။ ထို့ပြင် ကိုယ့်မြို့အသီးသီးမှရောက်လာကြသော ယုဒလူမျိုးအားလုံးတို့ ကြားသိစေရန် ဖတ်ပြရမည်။
7
သူတို့အသီးသီး ဆိုးညစ်သောလမ်းမှပြန်လှည့်လာ၍ ထာဝရဘုရားရှေ့တော်၌ ပျပ်ဝပ်လျက် အသနားခံကောင်းခံကြလိမ့်မည်။ အကြောင်းမူကား ဤလူမျိုးတို့ကို ထာဝရဘုရား ပြင်းစွာအမျက်ဒေါသထွက်တော်မူလေပြီ”ဟု ဆို၏။
8
နေရိ၏သားဗာရုတ်သည် ပရောဖက်ယေရမိမှာထားသည့်အတိုင်း စာလိပ်ထဲ၌ရေးမှတ်ထားသော ထာဝရဘုရား၏စကားတော်များကို ထာဝရဘုရား၏အိမ်တော်၌ ဖတ်ပြလေ၏။
9
ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံငါးနှစ်၊ နဝမလတွင် ဂျေရုဆလင်မြို့သူမြို့သားအပေါင်းနှင့် ယုဒမြို့ရွာတို့မှ ဂျေရုဆလင်မြို့သို့ရောက်လာသောသူအပေါင်းတို့အား ထာဝရဘုရားရှေ့တော်၌ အစာရှောင်ကြရန် ကြေညာ၏။
10
ထိုအခါ ဗာရုတ်သည် စာလိပ်ပါယေရမိဆင့်ဆိုသောစကားများကို လူအားလုံးကြားသိစေရန် ထာဝရဘုရား၏အိမ်တော်ရှိ ဂေမရိ၏သား စာရေးတော်ကြီးရှာဖန်၏အခန်းမှနေ၍ ဖတ်ပြလေ၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အထက်ဝင်းတံခါးသစ်အဝင်ဝနားတွင်ရှိ၏။
11
ရှာဖန်၏မြေး၊ ဂေမရိ၏သားမိက္ခာယသည် စာလိပ်ပါထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ကြားသောအခါ
12
စာရေးတော်ကြီးဧလိရှမာ၊ ရှေမာယ၏သားဒေလာယ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သားဂေမရိ၊ ဟာနနိယ၏သားဇေဒကိ စသော အကြီးအကဲအပေါင်းတို့ထိုင်နေသော ဘုရင့်နန်းတော်ဝင်းအတွင်းရှိ စာရေးတော်ကြီးအခန်းသို့ ဆင်းသွား၏။
13
မိက္ခာယသည် လူအားလုံးကြားသိစေရန် ဗာရုတ်ဖတ်ပြခဲ့သော စာလိပ်ပါအကြောင်းအရာများကို မိမိကြားခဲ့သည့်အတိုင်း သူတို့အား ပြောပြလေ၏။
14
ထိုအခါ အကြီးအကဲတို့က ကုရှိ၏မြစ်၊ ရှေလမိ၏မြေး၊ နေသနိ၏သား ယေဟုဒိကို ဗာရုတ်ထံသို့စေလွှတ်၍ “လူတို့ကြားသိစေရန် သင်ဖတ်ပြခဲ့သောစာလိပ်ကို သင်ကိုယ်တိုင်ယူလာလော့”ဟု ဆိုစေသဖြင့် နေရိသားဗာရုတ်လည်း ထိုစာလိပ်ကို ကိုယ်တိုင်ယူ၍ လာခဲ့၏။
15
သူတို့ကလည်း ဗာရုတ်အား “ထိုင်၍ ငါတို့အား ဖတ်ပြလော့”ဟု ဆိုသဖြင့် ဗာရုတ်လည်း သူတို့ကြားသိစေရန် ဖတ်ပြလေ၏။
16
သူတို့သည် စကားတော်အလုံးစုံကို ကြားရသောအခါ အသီးသီးကြောက်ရွံ့တုန်လှုပ်ကြ၏။ ဗာရုတ်အားလည်း “ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်ထံ မဖြစ်မနေတင်ပြရမည်”ဟု ဆိုပြီး
17
ဗာရုတ်အား “ငါတို့ကို ပြောပြလော့။ ယေရမိနှုတ်မှပြောသော ဤစကားအလုံးစုံတို့ကို သင်မည်ကဲ့သို့ ရေးမှတ်ခဲ့သနည်း”ဟု ပြောဆိုမေးမြန်းကြ၏။
18
ဗာရုတ်ကလည်း “ဤစကားအလုံးစုံတို့ကို သူ့နှုတ်မှခေါ်ပေး၍ အကျွန်ုပ်က မင်ဖြင့် စာလိပ်ပေါ်တွင် ရေးမှတ်ပါသည်”ဟု ပြန်ဖြေ၏။
19
အကြီးအကဲတို့က ဗာရုတ်အား “သင်နှင့်ယေရမိ သွား၍ပုန်းရှောင်နေလော့။ သင်တို့ရှိသည့်နေရာကို မည်သူမျှမသိစေနှင့်”ဟု ဆိုကြ၏။
20
သူတို့သည် စာလိပ်ကို စာရေးတော်ကြီးဧလိရှမာအခန်းတွင် ထားခဲ့ပြီး နန်းတော်ဝင်းရှိ ရှင်ဘုရင်ထံသို့သွား၍ ထိုအကြောင်းအရာအလုံးစုံတို့ကို ရှင်ဘုရင်ကြားသိစေရန် လျှောက်ထားလေ၏။
21
ထိုအခါ ရှင်ဘုရင်သည် ယေဟုဒိကိုစေလွှတ်၍ စာလိပ်ကိုယူစေ၏။ ယေဟုဒိသည် စာရေးတော်ကြီးဧလိရှမာအခန်းရှိစာလိပ်ကို ယူလာပြီးလျှင် ရှင်ဘုရင်နှင့်တကွ ရှင်ဘုရင်၏ထံပါးတွင်ခစားသော အကြီးအကဲအားလုံးတို့ကြားသိစေရန် ဖတ်ပြလေ၏။
22
ထိုအချိန်သည် နဝမလဖြစ်၍ ရှင်ဘုရင်သည် ဆောင်းရာသီစံနန်းဆောင်တွင် စံမြန်းနေ၏။ သူ့ရှေ့၌ မီးတောက်နေသော မီးလင်းဖိုရှိ၏။
23
စာသုံးလေးပိုင်းမျှ ဖတ်အပြီးတွင် ရှင်ဘုရင်သည် စာရေးတော်ကြီး၏ဓားဖြင့် စာလိပ်ကိုဖြတ်၍ မီးတောက်နေသောမီးလင်းဖိုထဲသို့ပစ်ချရာ စာလိပ်တစ်ခုလုံး မီးလင်းဖိုထဲတွင် လောင်ကျွမ်းကုန်၏။
24
ထိုစကားအလုံးစုံတို့ကိုကြားရသော ရှင်ဘုရင်နှင့် သူ၏အစေအပါးအားလုံးတို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြ၊ အဝတ်ကိုမဆုတ်ကြ။
25
ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့က စာလိပ်ကိုမီးမရှို့ရန် ရှင်ဘုရင်အား တောင်းပန်ကြသော်လည်း ရှင်ဘုရင်သည် သူတို့၏စကားကိုနားမထောင်။
26
ရှင်ဘုရင်သည် သားတော်ယေရမေလ၊ အာဇရေလ၏သားစရာယနှင့် အာဗဒေလ၏သားရှေလမိတို့အား စာရေးတော်ကြီးဗာရုတ်နှင့်ပရောဖက်ယေရမိတို့ကို ဖမ်းဆီးရန် အမိန့်ပေး၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို ဝှက်ထားတော်မူ၏။
27
ယေရမိနှုတ်မှခေါ်ပေး၍ ဗာရုတ်ရေးမှတ်ထားသောစကားတော်ပါ စာလိပ်ကို ရှင်ဘုရင်မီးရှို့ပြီးနောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
28
“စာလိပ်နောက်တစ်လိပ်ကိုယူပြီး ယုဒဘုရင်ယောယကိမ် မီးရှို့လိုက်သော ပထမစာလိပ်၌ပါသည့်စကားအတိုင်း နောက်စာလိပ်ပေါ်၌ ရေးမှတ်လော့။
29
သင်သည် ယုဒဘုရင်ယောယကိမ်အား ‘သင်က ထိုစာလိပ်ပေါ်တွင် ဘေဘီလုံဘုရင်အမှန်လာ၍ ဤပြည်ကိုဖျက်ဆီးမည်။ ဤပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖယ်ရှားပစ်မည်ဟူ၍ အဘယ်ကြောင့် ရေးမှတ်သနည်းဟု ဆိုလျက် စာလိပ်ကို သင်မီးရှို့လေပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုရမည်။
30
ထို့ကြောင့် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “သူ၏အမျိုးအနွယ်သည် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စံမြန်းခွင့်ရမည်မဟုတ်။ သူ၏အလောင်းကို နေ့အချိန်တွင် နေပူထဲ၌၊ ညအချိန်တွင် နှင်းတောထဲ၌ ပစ်ထားကြလိမ့်မည်။
31
သူနှင့် သူ၏သားစဉ်မြေးဆက်၊ သူ၏အစေအပါးတို့ပြုသောဒုစရိုက်ကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ သူတို့နှင့်တကွ ဂျေရုဆလင်မြို့သား၊ ယုဒအမျိုးသားတို့အပေါ် ငါမိန့်ဆိုထားသည့်ဘေးအန္တရာယ်အလုံးစုံကို ကျရောက်စေမည်ဖြစ်သော်လည်း သူတို့ဂရုမစိုက်ကြ”ဟု မိန့်တော်မူ၏။
32
ထို့နောက် ယေရမိသည် စာလိပ်နောက်တစ်လိပ်ကိုယူ၍ နေရိ၏သား စာရေးတော်ကြီးဗာရုတ်အား ပေးလေ၏။ ယုဒဘုရင်ယောယကိမ်မင်းကြီး မီးရှို့ပစ်သောစာလိပ်၌ပါသည့်စကားအတိုင်း ယေရမိသည် နှုတ်မှခေါ်ပေး၍ ဗာရုတ်ရေးမှတ်လေ၏။ ထိုသို့သော နှုတ်ထွက်စကားများစွာကိုလည်း ထပ်၍ဖြည့်စွက်ခေါ်ပေးသေး၏။
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 37 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52