bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Jeremiah 49
Jeremiah 49
Burmese MSBU
← Chapter 48
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 50 →
1
အမ္မုန်အမျိုးသားတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “အစ္စရေးလူမျိုး၌ သားမရှိသလော၊ အမွေခံမရှိသလော။ အဘယ်ကြောင့် မိလကုံဘုရားသည် ဂဒ်ပြည်ကို သိမ်းပိုက်သနည်း။ အဘယ်ကြောင့် သူ့လူမျိုးတို့သည် ဂဒ်ပြည်ရှိမြို့များတွင် နေထိုင်ကြသနည်း”ဟု မိန့်ဆိုတော်မူ၏။
2
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
3
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဟေရှဘုန်မြို့၊ ညည်းတွားငိုကြွေးလော့။ အာဣမြို့ ပျက်စီးလေပြီ။ အို ရဗ္ဗာသမီးပျို၊ အော်ဟစ်လော့။ လျှော်တေအဝတ်ကိုဝတ်လျက်၊ တံတိုင်းအတွင်း ပြေးလွှားလျက် ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား မိလကုံဘုရားသည် သူနှင့်ဆိုင်သော ယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားခြင်းခံရလေပြီ။
4
အို ဖောက်ပြန်သောသမီးပျို၊ သင်သည် ဥစ္စာဘဏ္ဍာကို ကိုးစား၍ ‘ငါ့ကို မည်သူဆန့်ကျင်ဝံ့သနည်း’ဟု ဆိုလျက် အဘယ်ကြောင့် ချိုင့်ဝှမ်းတို့၌ ဝါကြွားသနည်း။ ထိုချိုင့်ဝှမ်းတို့ ယိုယွင်းပျက်စီးလေပြီ။
5
ကြည့်ရှုလော့။ ငါသည် သင့်ဝန်းကျင်မှ ကြောက်မက်ဖွယ်အန္တရာယ်ကို သင့်ထံရောက်စေမည်။ သင်တို့အားလုံး နှင်ထုတ်ခြင်းခံရမည်။ ထွက်ပြေးကွဲလွင့်သွားသောသူတို့ကို ပြန်လည်စုစည်းမည်မဟုတ်”ဟု မိန့်တော်မူ၏။
6
ထာဝရဘုရားက “ထို့နောက်မှ ဖမ်းခေါ်သွားခြင်းခံရသောအမ္မုန်အမျိုးသားတို့ကို ပြန်လာစေမည်”ဟု မိန့်တော်မူ၏။
7
ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
8
အို ဒေဒန်မြို့သူမြို့သားတို့၊ နောက်ဆုတ်ထွက်ပြေးကြ။ ပုန်းအောင်းနေကြ။ အကြောင်းမူကား သူ့ကိုဒဏ်ခတ်သောအချိန်၌ ဧသောခံရသောဘေးဒုက္ခမျိုးကို သူ့အပေါ်သက်ရောက်စေမည်။
9
စပျစ်သီးခူးသူတို့သည် စပျစ်သီးလာခူးသောအခါ ကောက်သင်းကောက်သူအတွက် ချန်ထားတတ်၏။ သူခိုးသည်လည်း ညအချိန် လာခိုးသောအခါ လိုချင်သောအရာကိုသာ ခိုးယူသွားတတ်၏။
10
သို့သော် ငါသည် ဧသောကို ပြောင်တလင်းခါစေမည်။ သူသည် ပုန်းရှောင်၍မရအောင် သူ၏ပုန်းခိုရာကို ငါဖော်ပြမည်။ သူ၏သားမြေး၊ ညီအစ်ကို၊ အိမ်နီးချင်းတို့ပျက်စီးလိမ့်မည်။ သူလည်း ရှိတော့မည်မဟုတ်။
11
သင်၌ရှိသော မိဘမဲ့ကလေးတို့ကို ထားခဲ့လော့။ ငါကြည့်ရှုမည်။ သင်၌ရှိသောမုဆိုးမတို့သည်လည်း ငါ့ကိုယုံကြည်ကိုးစားကြစေ”ဟု မိန့်တော်မူ၏။
12
ထာဝရဘုရားက “ကြည့်ရှုလော့။ ခွက်ဖလားကိုသောက်စရာမလိုသောသူတို့ပင် သောက်ရသည်ဆိုလျှင် သင်သည်လည်း အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော။ သင်သည် အပြစ်ဒဏ်နှင့်မလွတ်။ မလွဲမသွေသောက်ရမည်”ဟု မိန့်တော်မူ၏။
13
ထာဝရဘုရားက “ဗောဇရပြည်သည် ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ၊ လူသူကင်းမဲ့ရာ၊ ကျိန်ဆဲစရာ ဖြစ်ရလိမ့်မည်။ ထိုပြည်ထဲရှိမြို့များသည် ပြိုပျက်ရာအစဉ်ဖြစ်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုပြီ”ဟု မိန့်တော်မူ၏။
14
ထာဝရဘုရားသည် လူမျိုးခြားတို့ထံ သံတမန်ကိုစေလွှတ်၍ “သင်တို့စုဝေးကြ၊ ချီတက်ကြ၊ ဧဒုံပြည်ကို စစ်တိုက်ကြ”ဟု ဆင့်ဆိုစေသောသတင်းစကားကို ငါကြားရပြီ။
15
ထာဝရဘုရားက “ငါသည် သင့်ကို လူမျိုးခြားတို့တွင် သေးသိမ်သောသူ၊ လူတို့တွင် အထင်သေးခံရသောသူ ဖြစ်စေမည်။
16
အို ကျောက်ဆောင်ကြားများ၌နေထိုင်သူ၊ ကုန်းမြင့်၌နေရာယူသူ၊ သင့်ကို ကြောက်ရွံ့ကြသောကြောင့် သင့်မာနသည် သင့်ကိုလှည့်စားလေပြီ။ သင်သည် လင်းယုန်ကဲ့သို့ အမြင့်၌ အသိုက်ကိုဆောက်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု မိန့်တော်မူ၏။
17
ထာဝရဘုရားက “ဧဒုံပြည်သည် ထိတ်လန့်စရာဖြစ်မည်။ ဤပြည်ခံရသောဘေးဒဏ်များကြောင့် ဤပြည်နား ဖြတ်သန်းသွားသောသူတိုင်း အံ့ဩကြလိမ့်မည်၊ ကဲ့ရဲ့ကြလိမ့်မည်။
18
သောဒုံမြို့၊ ဂေါမောရမြို့မှစ၍ အိမ်နီးချင်းမြို့တို့ဖျက်ဆီးခံရသကဲ့သို့ ပျက်စီးမည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။
19
ကြည့်ရှုလော့။ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့ ခြင်္သေ့တက်လာသောအခါ သားကောင်တို့ထွက်ပြေးရသကဲ့သို့ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
20
ထို့ကြောင့် ဧဒုံပြည်ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ တေမန်ပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် ကိုယ့်ကြောင့် ကိုယ့်စားကျက်မြေ ဖျက်ဆီးခြင်းခံရမည်။
21
သူတို့လဲကျသောအသံကြောင့် မြေကြီးတုန်ခါသွားလိမ့်မည်။ သူတို့အော်ဟစ်သောအသံကို ပင်လယ်နီတိုင်အောင် ကြားရမည်။
22
ကြည့်ရှုလော့။ ရန်သူသည် လင်းယုန်ကဲ့သို့ အတောင်ပံကိုဖြန့်၍ ပျံတက်ပြီးမှ ဗောဇရမြို့သို့ ထိုးဆင်းလာလေပြီ။ ထိုနေ့ရက်၌ ဧဒုံစစ်သူရဲတို့၏စိတ်နှလုံးသည် သားဖွားခြင်းဝေဒနာခံစားရသောမိန်းမကဲ့သို့ ကြောက်လန့်ရလိမ့်မည်။
23
ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။
24
ဒမတ်စကပ်မြို့သည် အားလျော့လေပြီ၊ လှည့်၍ထွက်ပြေးလေပြီ။ ကြောက်ရွံ့ခြင်းသည် သူ့ကိုဖမ်းစားလေပြီ။ သားဖွားဝေဒနာကဲ့သို့ ဆင်းရဲဒုက္ခနှင့် နာကျင်ခြင်းတို့ကို ခံစားရလေပြီ။
25
ငါနှစ်သက်သောမြို့၊ နာမည်ကြီးသောမြို့သည် စွန့်ပယ်ခြင်းခံရပါပြီတကား။
26
ထို့ကြောင့် လူပျိုတို့သည် မြို့လမ်းမများ၌ လဲကျကြလိမ့်မည်။ ထိုနေ့ရက်၌ စစ်သူရဲအပေါင်းတို့သည် ကျဆုံးကြလိမ့်မည်။
27
ငါသည် ဒမတ်စကပ်မြို့ရိုးကိုမီးရှို့၍ ဗင်္ဟာဒဒ်၏ခံတပ်တို့သည်လည်း လောင်ကျွမ်းသွားမည်”ဟု မိန့်တော်မူ၏။
28
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချေမှုန်းနိုင်ခဲ့သောကေဒါအမျိုးနှင့်ပတ်သက်၍၊ ဟာဇော်နိုင်ငံတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “ထကြ။ ကေဒါအမျိုးကို တိုက်ခိုက်ကြ။ အရှေ့ပြည်သားများကို ဖျက်ဆီးကြ။
29
သူတို့၏တဲများ၊ သိုးအုပ်များ သိမ်းယူသွားခြင်းခံရမည်။ သူတို့၏ရွက်ထည်များမှစ၍ အသုံးအဆောင်ရှိသမျှနှင့် ကုလားအုတ်များသည်လည်း ဆောင်ယူသွားခြင်းခံရမည်။ သူတို့အား ‘ကြောက်လန့်စရာများ ပတ်လည်ဝိုင်းနေပြီ’ဟူ၍ ဟစ်အော်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
30
ထာဝရဘုရားက “အို ဟာဇော်မြို့သူမြို့သားတို့၊ ပြေးကြ။ အဝေးသို့ ပြေးကြ။ ပုန်းအောင်းနေကြ။ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သင်တို့ကိုဦးတည်၍ လျှို့ဝှက်ကြံစည်လေပြီ။ စစ်ပြင်လေပြီ”ဟု မိန့်တော်မူ၏။
31
ထာဝရဘုရားက “ထကြ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချပြီး စိုးရိမ်ကြောင့်ကြမှုမရှိသောလူမျိုး၊ မြို့တံခါးမရှိ၊ ကန့်လန့်ကျင်မရှိ၊ တသီးတခြားနေထိုင်သောလူမျိုးထံ စစ်ချီကြ”ဟု မိန့်တော်မူ၏။
32
ထာဝရဘုရားက “သူတို့၏ကုလားအုတ်များကို လုယူ၍ တိရစ္ဆာန်အလုံးအရင်းကို သိမ်းယူသွားမည်။ နားသယ်မွေးရိတ်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ လေးဘက်လေးတန်မှဘေးဒုက္ခကို သူတို့ထံ ငါရောက်စေမည်။
33
ဟာဇော်မြို့သည် ခွေးအတို့ခိုအောင်းရာ၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်မည်။ မည်သူမျှ ထိုမြို့၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
34
ယုဒဘုရင်ဇေဒကိမင်းကြီး နန်းတက်စ၌ ဧလံပြည်နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံ ရောက်လာ၍
35
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဧလံပြည်၏ခွန်အားအရင်းအမြစ်ဖြစ်သောသူတို့၏လေးကို ချိုးဖျက်မည်။
36
ကောင်းကင်အရပ်လေးမျက်နှာမှ လေလေးမျိုးကို ဧလံပြည်သို့ဆောင်ခဲ့၍ ဧလံပြည်သားတို့ကို ထိုလေတို့နှင့်အတူ ကွဲလွင့်ပါသွားစေမည်။ နှင်ထုတ်ခံရသောဧလံပြည်သားများ မရောက်သည့်တိုင်းနိုင်ငံဟူ၍ ရှိမည်မဟုတ်’ဟု မိန့်တော်မူ၏။
37
ထာဝရဘုရားက ‘ငါသည် ဧလံပြည်သားတို့ကို သူတို့၏ရန်သူ၊ သူတို့၏အသက်ကိုရန်ရှာသူတို့ရှေ့၌ ပြိုလဲစေမည်။ ငါသည် ပြင်းစွာအမျက်ထွက်၍ သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်။ သူတို့လုံးဝပျက်စီးသွားသည့်တိုင်အောင် ဓားဘေးသင့်စေမည်’ဟု မိန့်တော်မူ၏။
38
ထာဝရဘုရားက ‘ဧလံဘုရင်နှင့် မှူးမတ်တို့ကို သုတ်သင်ဖျက်ဆီးပြီး ထိုနေရာတွင် ငါ့ပလ္လင်ကို ငါတည်မည်’ဟု မိန့်တော်မူ၏။
39
ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောဧလံပြည်သားတို့ကို နောင်ကာလတွင် ငါပြန်လာစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
← Chapter 48
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 50 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52