bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joel 1
Joel 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
ပေသွေလ၏သားယောလထံသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
2
သက်ကြီးဝါကြီးတို့၊ နားထောင်ကြလော့။ ပြည်သူပြည်သားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သင်တို့ခေတ်တွင် ဤသို့ဖြစ်ပျက်ဖူးသလော။ သင်တို့ဘိုးဘေးတို့ခေတ်တွင် ဤသို့ဖြစ်ပျက်ဖူးသလော။
3
ထိုအဖြစ်အပျက်ကို သင်တို့သားသမီးတို့အား ပြောကြားလော့။ သင်တို့သားသမီးတို့သည် သူတို့၏သားသမီးတို့အား ဆက်လက်ပြောကြားစေ။ သူတို့၏သားသမီးတို့သည်လည်း နောက်မျိုးဆက်ကို ဆက်လက်ပြောကြားကြစေ။
4
ဂါဇံကျိုင်းတို့အကျန်ကို အရာဘကျိုင်းတို့ စားလေပြီ။ အရာဘကျိုင်းတို့အကျန်ကို ယာလက်ကျိုင်းတို့ စားလေပြီ။ ယာလက်ကျိုင်းတို့အကျန်ကို ခါသိလကျိုင်းတို့ စားလေပြီ။
5
သေသောက်ကြူးသူတို့၊ ထ၍ငိုကြွေးကြလော့။ စပျစ်ဝိုင်သောက်သူတို့၊ စပျစ်ဝိုင်သစ်ကြောင့် ညည်းတွားကြလော့။ အကြောင်းမူကား သင်တို့နှုတ်သည် စပျစ်ဝိုင်သစ်ကို တို့ထိခွင့်ရတော့မည်မဟုတ်။
6
အင်အားကြီးပြီး မရေမတွက်နိုင်သည့် လူမျိုးတစ်မျိုးသည် ငါ့ပြည်သို့ စစ်ချီလာပြီ။ ထိုလူမျိုး၏သွားသည် ခြင်္သေ့ပျို၏သွားနှင့်တူ၏။ အစွယ်သည်လည်း ခြင်္သေ့မ၏အစွယ်နှင့်တူ၏။
7
ငါ့စပျစ်ပင်ကို ချိုးဖဲ့ပြီး ငါ့သဖန်းပင်တို့ကို ဖျက်ဆီးပစ်လေပြီ။ ပြောင်တလင်းခါအောင်ခွာပြီး လွှင့်ပစ်လေပြီ။ အခက်များလည်း ဖြူခါပြာခါကျလေပြီ။
8
လျှော်တေအဝတ်ကိုဝတ်ပြီး ခင်ပွန်းလောင်းအတွက် ငိုကြွေးမြည်တမ်းနေသောအပျိုကညာကဲ့သို့ ငိုကြွေးမြည်တမ်းလော့။
9
ထာဝရဘုရား၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ပြတ်လေပြီ။ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်သောယဇ်ပုရောဟိတ်တို့လည်း ငိုကြွေးမြည်တမ်းကြလေပြီ။
10
လယ်ယာ ဖျက်ဆီးခံရပြီ။ ကောက်ပဲသီးနှံ ဖျက်ဆီးခံရသောကြောင့် မြေသည် ငိုကြွေးမြည်တမ်းလေပြီ။ စပျစ်ဝိုင်အသစ် ခန်းလေပြီ။ ဆီလည်း လျော့လေပြီ။
11
အို လယ်လုပ်သားတို့၊ ရှက်ကြလော့။ အို စပျစ်ခြံလုပ်သားတို့၊ ညည်းတွားကြလော့။ အကြောင်းမူကား လယ်မြေတွင် ရိတ်သိမ်းစရာ ဂျုံစပါး၊ မုယောစပါးတို့ ပျက်စီးလေပြီ။
12
စပျစ်ပင်ခြောက်သွေ့ပြီ။ သဖန်းပင် ညှိုးနွမ်းပြီ။ သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်အစရှိသောကွင်းပြင်ရှိ အပင်အားလုံးတို့သည်လည်း ခြောက်သွေ့လေပြီ။ စင်စစ် လူသားတို့အဖို့ ပျော်ရွှင်ခြင်းသည် ပျောက်လွင့်သွားလေပြီ။
13
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
14
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
15
အလို၊ ထာဝရဘုရား၏နေ့ရက်ပါတကား။ ထိုနေ့ရက် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံတော်မှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
16
ငါတို့၏မျက်စိရှေ့တွင်ပင် အစားအစာပြတ်လပ်လေပြီ မဟုတ်လော။ ငါတို့ဘုရားသခင်၏အိမ်တော်တွင်လည်း ဝမ်းမြောက်ရွှင်လန်းခြင်း ဆိတ်သုဉ်းလေပြီ မဟုတ်လော။
17
မျိုးစေ့တို့သည် မြေစိုင်မြေခဲများအောက်တွင် ရှုံ့တွလေပြီ။ ကောက်နှံပင်တို့ ခြောက်သွေ့ကုန်သဖြင့် သိုလှောင်ရုံများလည်း ပြိုပျက်ကုန်ပြီ။ စပါးကျီများလည်း ပျက်စီးကုန်ပြီ။
18
တိရစ္ဆာန်များလည်း ညည်းတွားရလေပြီ။ စားကျက်မြေ မရှိတော့သဖြင့် တိရစ္ဆာန်အုပ်များ တဝဲလည်လည်ဖြစ်ရလေပြီ။ သိုးအုပ်များလည်း ဒုက္ခရောက်လေပြီ။
19
အို ထာဝရဘုရား၊ ကိုယ်တော့်ကို အကျွန်ုပ်ဟစ်ခေါ်ပါ၏။ အကြောင်းမူကား မီးသည် တောကန္တာရရှိစားကျက်မြေများကို ဝါးမျို၍ မီးလျှံတို့သည် တောရှိသစ်ပင်တို့ကို လောင်ကျွမ်းလေပြီ။
20
တောတိရစ္ဆာန်များလည်း ကိုယ်တော်ကိုတောင့်တကြပါ၏။ ချောင်းရေများ ခန်းခြောက်ပြီ။ မီးသည် တောကန္တာရရှိစားကျက်မြေတို့ကို ဝါးမျိုလေပြီ။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3
Recommended Reading
Commentary
Joel Commentaries
→
Devotional
Joel Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→