bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Joel 3
Joel 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသောယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို ငါပြန်လာစေသော ထိုကာလ၊ ထိုအချိန်တွင်
2
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။
3
သူတို့သည် ငါ့လူမျိုးတော်တို့ကိုမဲချခွဲဝေယူကြ၏။ ပြည့်တန်ဆာကိုရရန် လုလင်ငယ်ဖြင့် အလဲအလှယ်ပြု၍ စပျစ်ဝိုင်သောက်ရန် လုံမငယ်ကို ရောင်းကြ၏။
4
အို တိုင်ရာမြို့၊ ဆီဒုန်မြို့နှင့် ဖိလိတ္တိပြည်သားအပေါင်းတို့၊ အဘယ်ကြောင့် ငါ့ကိုဆန့်ကျင်ကြသနည်း။ တစ်စုံတစ်ရာကြောင့် ငါ့ကိုတုံ့ပြန်ကြသလော။ သင်တို့ ငါ့ကိုတုံ့ပြန်လျှင် ငါသည်လည်း မနှေးအမြန် သင်တို့ပြုသောအမှုကို သင်တို့ခေါင်းပေါ် ပြန်ရောက်စေမည်။
5
သင်တို့သည် ငါ့ရွှေငွေတို့ကို သိမ်းယူပြီး အဖိုးတန်ရတနာတို့ကိုလည်း သင်တို့၏ဗိမာန်များထဲသို့ သွင်းကြပြီ။
6
ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့ကို သူတို့၏နေရင်းပြည်နှင့်ဝေးရာ ဂရိအမျိုးသားတို့ထံသို့ ရောင်းစားပစ်၏။
7
သင်တို့ရောင်းစားရာအရပ်မှ သူတို့ကို လွတ်မြောက်စေမည်။ သင်တို့ပြုသောအမှုကို သင်တို့ခေါင်းပေါ် ပြန်ရောက်စေမည်။
8
သင်တို့၏သားသမီးများကို ယုဒအမျိုးသားတို့လက်သို့ ငါရောင်းပစ်မည်။ ယုဒအမျိုးသားတို့ကလည်း သူတို့ကို ရပ်ဝေးရှိ ရှေဘလူမျိုးတို့ထံသို့ ရောင်းပစ်လိမ့်မည်။ စင်စစ် ထာဝရဘုရား မိန့်တော်မူပြီ။”
9
လူမျိုးတကာတို့ထံ ဤသို့ကြေညာလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြ။ စစ်သူရဲတို့ကို နှိုးဆော်ကြ။ စစ်သည်အပေါင်းတို့ချီတက်တိုက်ခိုက်ကြ။
10
ထယ်များကို ဓားအဖြစ်၊ တံစဉ်များကို လှံအဖြစ် ပြောင်းလဲထုလုပ်ကြ။ အားနည်းသူကလည်း “ငါသည် ခွန်အားကြီးသူဖြစ်၏”ဟု ဆိုစေ။
11
အရပ်ရပ်မှလူမျိုးတကာတို့၊ အလျင်အမြန်လာကြ။ ဤအရပ်၌ လာရောက်စုဝေးကြ။ အို ထာဝရဘုရား၊ ကိုယ်တော်၏စစ်သူရဲတို့ကို ကြွလာစေတော်မူပါ။
12
“လူမျိုးတကာတို့သည် ထ၍ ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ လာကြပါစေ။ ငါသည် ထိုနေရာတွင် ထိုင်၍ အရပ်ရပ်မှလူမျိုးတကာတို့ကို စီရင်မည်။
13
ရိတ်သိမ်းစရာသီးနှံမှည့်ဝင်းပြီဖြစ်၍ တံစဉ်ကိုဆန့်တန်းကြလော့။ စပျစ်သီးနယ်ရာကျင်း ပြည့်နေသည်ဖြစ်၍ လာ၍နင်းချေကြလော့။ စည်များ လျှံနေသကဲ့သို့ ထိုသူတို့၏ဆိုးညစ်မှုများသည် များပြားလျက်ရှိ၏။”
14
တရားစီရင်ဆုံးဖြတ်ရာချိုင့်ဝှမ်းလွင်ပြင်၌ လူအမြောက်အမြား ပြည့်နှက်နေပါတကား။ စင်စစ် ဆုံးဖြတ်ရာချိုင့်ဝှမ်းလွင်ပြင်တွင် ထာဝရဘုရား၏နေ့ရက် ရောက်လုနီးပြီ။
15
နေနှင့်လလည်း အမှောင်ကျလိမ့်မည်။ ကြယ်များသည်လည်း မိမိတို့အလင်းကို ထွန်းလင်းကြမည်မဟုတ်။
16
ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ ကောင်းကင်နှင့်မြေကြီး တုန်ခါလိမ့်မည်။ သို့သော် ထာဝရဘုရားသည် လူမျိုးတော်အဖို့ခိုလှုံရာ၊ အစ္စရေးအမျိုးသားတို့အဖို့ ရဲတိုက်ဖြစ်တော်မူ၏။
17
“ဤသို့ဖြင့် ငါသည် သန့်ရှင်းရာတောင်တော် ဇိအုန်တွင် ကိန်းဝပ်သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်။ ဂျေရုဆလင်မြို့သည် သန့်ရှင်းသောမြို့ ဖြစ်လိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် ထိုမြို့ကို ဘယ်သောအခါမှ ကျော်နင်းခွင့်ရကြတော့မည်မဟုတ်။
18
ထိုနေ့ရက်ကာလတွင် တောင်များပေါ်မှ စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းများမှ နို့ရည်စီးကျလိမ့်မည်။ ယုဒမြစ်ချောင်းရှိသမျှတို့သည် ရေများစီးဆင်းနေလိမ့်မည်။ စမ်းရေသည်လည်း ထာဝရဘုရားအိမ်တော်မှ စီးထွက်၍ ရှိတ္တိမ်လွင်ပြင်ကို ရေဝစေလိမ့်မည်။
19
ယုဒလူမျိုးတို့ကို ညှဉ်းပန်းနှိပ်စက်၍ သူတို့၏ပြည်တွင် အပြစ်မဲ့သောသူတို့ကို သတ်ဖြတ်ကြသောကြောင့် အီဂျစ်ပြည်သည် လူသူကင်းမဲ့ရာဖြစ်လိမ့်မည်။ ဧဒုံပြည်သည် လူသူကင်းမဲ့သောတောကန္တာရဖြစ်လိမ့်မည်။
20
ယုဒပြည်တွင် အစဉ်လူနေထိုင်ကြလိမ့်မည်။ ဂျေရုဆလင်မြို့တွင် မျိုးဆက်အဆက်ဆက် လူနေထိုင်ကြလိမ့်မည်။
21
အပြစ်ဒဏ်မခံရသေးသောလူသတ်သမားတို့ကို ငါအပြစ်ဒဏ်ပေးမည်။ စင်စစ် ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်တွင် ကိန်းဝပ်တော်မူ၏။”
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3
Recommended Reading
Commentary
Joel Commentaries
→
Devotional
Joel Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→